မင်းရဲကျော်ထင်

နောင်တော် နရာဝရလွန်လျှင် ညီတော် ဝရဇေယ (ခေါ်) မင်းရဲကျော်ထင်(ဝမ်းဘဲအင်းစံမင်း)က သီရိပရဝ မဟာဓမ္မရာဇာဘွဲ့ဖြင့် အင်းဝ တွင် နန်းတက်လေသည်။ ထိုမင်းလက်ထက်တွင် လူတို့ ယဉ်ကျေးမှုနှင့် မညီပျက်ပြားကြသဖြင့် တင်းကျပ်သော အမိန့်တို့ကို ထုတ်ပြန်ရလေသည်။ ထို့ပြင် အခွန်အတုတ်တို့ ကြီးလေးကြောင်းလူတို့ ငြီးငြူလေသောကြောင့် အခွန်စည်းကျပ်ပုံကို ပြင်ဆင်ခဲ့ရသည်။ အင်းဝနန်းတော်ကိုလည်း နှစ်ကြိမ်တိုင်တိုင် အသစ်တည်သည်ဟု မှတ်တမ်းများအရ သိရှိရသည်။

ထူးခြားချက်အနေဖြင့် ၎င်းလက်ထက်တွင် ပေကို သရိုး၊သစ်စေးကိုင်ပြီး ဆေးဒန်းနှင့် အက္ခရာရေးကာ ရွှေချသည့် ရွှေစာရေးနည်းစတင် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ နန်းသက် ၂၆နှစ်တွင် နတ်ရွာစံရာ သားတော် စနေမင်း နန်းတက်သည်။

ရည်ညွှန်းကိုးကား

Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya