သာလွန်မင်းလက်ထက် အမိန့်ပြန်တမ်းများသာလွန်မင်းသည် ညောင်ရမ်းခေတ်တွင် အလွန်ထင်ရှားသည့် ဘုရင်တစ်ပါးဖြစ်ပေသည်။ သတိုးဓမ္မရာဇာဘွဲ့ဖြင့် နန်းတက်သည်တိုင် သာလွန်မင်း(၁၆၃၂-၁၆၄၈)ဟုခေါ်ကြခြင်းမှာ “တိုင်းကားပြည်ရွာ အသာလွန်သောကြောင့်လည်းကောင်း၊ ရွှေနန်းတော်ထက်တွင် သာယာစွာ လွန်ရသောကြောင့်လည်းကောင်း သာလွန်မင်း ဟုခေါ်ခြင်းဖြစ်သည်”ဟု ဆိုသည်။ နန်းရလျှင်ရချင်း နန်းတက်ဘိသိက်မခံသေးဘဲ ၄နှစ်တိတိ တိုင်းပြည်စည်းရုံးရေး၊ တည်ငြိမ်ရေး လုပ်ငန်းစဉ်များနှင့်သာ အချိန်ကုန်ခဲ့သည်။ နောင်တော် အနောက်ဘက်လွန်မင်းနန်းစိုက်ခဲ့ရာ ဟံသာဝတီမှ အင်းဝသို့ ပြန်လည်နန်းစံခဲ့သည်။ ပြန်လည်ထူထောင်ရေးသာလွန်မင်းလက်ထက် ၁၆၃၇တွင် ပထမဆုံးသော သမိုင်းဝင် လူဦးရေ နှင့် မြေယာစစ်တမ်းများကို စတင်ကောက်ယူခဲ့သည်။ ထို့ပြင် အမှုထမ်းအရာထမ်းများ၏ လုပ်ပိုင်ခွင့်နှင့် တာဝန်ဝတ္တရားများကို အမိန့်ပြန်တမ်းများဖြင့် တိကျစွာ ထုတ်ပြန်ကြေညာပေးခဲ့သည်။ ထို့ပြင်စစ်တမ်းသည်စုဆောင်းရေးနှင့် ပတ်သက်၍လည်း တိကျသည့် အချိုးအစားနှင့် လက်နက်အမျိုးအစားတို့ကို သတ်မှတ်ပြဋ္ဌာန်းပေးသည်။ ထင်ရှားသည့် ပြန်တမ်းပါ အမိန့်များမှာ
အင်း၀ကို ရိက္ခာထောက်ပံ့ပေးနိုင်သည်ဟု ယူဆသော ကျောက်ဆည်ဒေသတွင် လယ်ယာလုပ်ငန်းများ ပြန်လည်ထူထောင်နိုင်ရန် အားထုတ်ဆောင်ရွက်ပေးသည်။ အထက်တွင် ဆိုခဲ့သည့်အတိုင်း စစ်တမ်းများကောက်ယူပြီး ကျောက်ဆည်နယ်ကို ဗဟိုပြုကာ လုပ်ကိုင်စားသောက်ရန် နေရာချထားပေးသည်။ ထိုမျှမက ေဝးလံသည့် ဒေသများမှ လူအများကို အင်းဝနှင့် ကျောက်ဆည်ဒေသတစ်ဝိုက်တွင် အတည်တကျနေထိုင်စေသည်။ အုပ်ချုပ်ရေးသာလွန်မင်းသည် အုပ်ချုပ်ရေးကို ပြုပြင်ဆောင်ရွက်ရန် ကြိုးပမ်းခဲ့သည်။ စစ်ရေးအတွက် စစ်သည်စုစည်းရေးတွင် သေနတ် ၁၀၀,၀၀၀၊ အမြောက် ၁၀,၀၀၀၊ လေး၅၀၀၀၀၊ ရဲလှေ ၁၀၀၀၊ ကင်းလောင်း ၅၀၀၀၀၊ လွှား ၅၀၀၀၀ တို့ကို ရအောင်စုဆောင်းစေရန် မိန့်သည်ကို ထောက်၍ ထိုခေတ်စစ်သည်အင်အားမှာ ၄၀၀၀၀၀ ခန့်ရှိပေမည်။ အရာထမ်းအမှုထမ်းများ၊ စစ်သည်ရဲမက်များ၊ ရွာမြေအကြီးအကဲများ ဆောင်ရွက်ရန် တာဝန်ဝတ္တရားများနှင့် လုပ်ပိုင်ခွင့်များအပြင် ပြည်သူလူထု ဆင်းရဲသားများအပေါ် ထားရှိရမည့် သဘောထားများကို အမိန့်ပြန်တမ်းများတွင် ပြည့်စုံစွာ ထည့်သွင်းထုတ်ပြန်ခဲ့သည်။ဥမပာအားဖြင့်
ဤဥပမာအားဖြင့် သာလွန်မင်းသည် သူလူများနစ်နာမည်ကို များစွာ စိုးရိမ်တော်သည်ကို နားလည်နိုင်ပေသည်။ သာလွန်မင်း လက်ထက် ၁၆၃၅တွင် မီးဘေးအန္တရာယ်ကြီးကျယ်စွာ တွေ့ကြုံရသည်။ ထိုကဲ့သို့ နောင်တွင် မကြုံတွေ့ရစေရန် အမိန့်တော်ပြန်ခဲ့သည်။
ခိုးသေးမှုခင်းများ ထိန်းသိမ်းရန်လည်း အမိန့်ထုတ်ပြန်ခဲ့သေးသည်။ ထိုအမိန့်မှာ
ထိုနောက် စိတ်ဝင်စားဖွယ်ကောင်းသော အမိန့်တစ်ခုကို ခရစ်နှစ် ၁၆၄၃တွင် ထုတ်ပြန်ခဲ့သေးသည်။ အုပ်ချုပ်ရေး အခြေတကျရှိစေရန် အစုအမှုထမ်းများနှင့် ပတ်သတ်၍ ထုတ်ပြန်ခြင်းဖြစ်သည်။ အကျဉ်းအားဖြင့် ပါဝင်သည့် အချက်များမှာ-
ထို့ပြင် ဒေသ၏ လူအဝင်အထွက်ကို ကြည့်ရှုစေရန် `မြို့တွင် မြို့လက်ကျေးရွာတွင် အိမ်ခြေတွင်းစိုက်နေသရွှေ့ကို တစ်ယောက်မကြွင်းတို့တွင် အသည်အလာမည်သို့ မည်သည့်လူမျိုးနေသည် ဟူ၍နေသမျှကို မြို့သူကြီး၊ ရွာသူကြီး မြို့ကွပ်မြို့ကိုင်တို့သည် စာရင်းမှတ်သား၍ သိမြင်စေ။ တစ်ရွာက သည်တစ်ရွာ မထွက်မသွားစေနှင့်။ ထွက်သွားခင်းရှိ၍ ထွက်သွားလျှင် မည်သည့်ရွာမှာ နေလိမ့်မည်ဟူ၍ သိစေ။ ရွာထွက်ပေးမှ အခွင့်ရှိလျှင် ထွက်စေ။ အိမ်ခြေတွင် စိုက်မနေဘဲ အရောက်အပေါက် တည်းလာသူကိုလည်း မည်သည့်လူမျိုးဟူ၍ သိစေ။ အရုပ်အရည်ကိုမှတ်။ သည်အမိန့်တော်အတိုင်း မတည်သော် ပြည်သူကြီး၊ ရွာသူကြီး၊ မြို့ကွပ် မြို့ကိုင်တို့ကို ကြီးစွာသောအကွပ်တော်တို့ကို ကွပ်မည်။´ အစရှိသည့် တင်းကျပ်သည့် အမိန့်များပါဝင်သည့် အမိန့်တော်ကိုလည်း ထုတ်ပြန်ခဲ့သည်။ မင်းမှုထမ်းတို့က ပြည်သူလူထုပေါ်တွင် မတရားငွေညှစ်တောင်းခံခြင်း မပြုစေရန်`ကောက်စိုးဟူသမျှ အစဉ်လက်စွဲစာ ရွှေပြည်စိုးတွင် ရှိသည့်စာရင်းအတိုင်းသာ ကောက်စေ။ လက်စွဲစာရင်းအစဉ်ကို လွန်၍ လက်စားကြီးလျှင် မည်သူဟူသရွှေ့ မဆိုနှင့်။ အေပါင်အလက် ဖျက်၍ပစ်´ ဟုပင်မိန့်ခဲ့သည်။ စစ်ကိုင်းကောင်းမှုတော် ကျောက်စာခရစ်နှစ် ၁၆၃၆တွင် ရေးထိုးခဲ့သော စစ်ကိုင်းကောင်းမှုတော် ကျောက်စာတွင် မင်းတို့ပြည့်စုံအပ်သည့် အရည်အချင်းများကို ပြည့်စုံစွာဖော်ပြခဲ့သည်။
တရားစီရင်ရေးခရစ်နှစ် ၁၆၂၉တွင် သာလွန်မင်း၏ အမိန့်ဖြင့် တောင်ဘီလာပုဂ္ဂိုလ်ကျော်သည် တရားမကျင့်ထုံးကို ရေးသားစီရင်သည်။ ကိုင်းစားရွာစား မနုရာဇာကလည်း တစ်ချိန်တည်းလိုပင် မဟာရာဇသတ် ဖြတ်ထုံးကို တင်လျှောက်သည်။ ထိုစီရင်ထုံးများကို သာလွန်မင်းလက်ထက် တရားစီရင်ရေးတွင် ခုံသူမတ် တို့က စံအဖြစ် အသုံးပြုကြသည်။ တရားစရိတ်သတ်မှတ်ပုံမှာလည်း အမှုတန်ဖိုးထက်မပိုရဟု သတ်မှတ်သည်။ တရားသူကြီးများအနေဖြင့်လည်း အမှုလက်ခံရာတွင် အပြစ်ပေးလိုခြင်းထက် တရားလို၊ တရားခံ နှစ်ဖက်ပြေလည်မှုရရန်သာ ရည်ရွယ်၍ လက်ခံရန် သတ်မှတ်သည်။ စိတ်ဝင်စားဖွယ်ကောင်းသည်မှာ ရှေ့နေများ၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ သတ်မှတ်ပေးထားခြင်းဖြစ်သည်။ အကယ်၍ တရားရင်ဆိုင်သူတို့သည် မိမိတို့ အဖြစ်အပျက်ကို ရေလည်အောင် ရှင်းပြနိုင်စွမ်းမရှိလျှင် ရှေ့နေ(သို့) ခေါင်ရပ်တို့ကို ငှားရမ်းနိုင်သည်။ ရှေ့နေခကိုလည်း အလွန်နည်းပါးသော တန်ဖိုးဖြင့် သတ်မှတ်ပေးထားသည်။ ရှေ့နေများအနေဖြင့် တရားလမ်းကျသာ စကားပြေဆိုခွင့်၊လျှောက်ထားခွင့်ရှိပြီး တရားနည်းလမ်းမကျဟု တရားသူကြီးက ယူဆလျှင် တားမြစ်ခွင့်ရှိသည်။ မဟုတ်မမှန် လျှောက်ထားပါက သျှောင်မှဆွဲကာ ရုံးတော်မှနှင်ချနိုင်ကြောင်း အမိန့်ထုတ်ထားခဲ့သည်။ ရှေ့နေများသည် ခေါင်းပေါင်းအချွန်ပေါင်းကာ လွယ်အိတ်လွယ်ကြရသည်။ မြေခွက်နှင့် အရိုးတပ်ယပ်တောင်ကို ကိုင်စွဲကြရသည်။ စကားအရာတွင် တတ်မြောက်ကျွမ်းကျင်လွန်းလှသဖြင့် လူအများကို လှည့်စားနိုင်သူများအဖြစ် သတ်မှတ်သည်။ ထိုခေတ်ကတည်းကပင် ရှေ့နေတို့ကို လူတို့က အားကိုးသကဲ့သို့ ကြောက်လည်းကြောက်ကြသည်ဟုဆိုသည်။ ထိုသူတို့၏ နေအိမ်များကိုပင် သီးသန့်ထားလေ့ရှိသည် ဟုလည်းဆိုသည်။ အမှုစစ်ဆေးသော် အမှုသည်တို့ကိုသာမက သက်သေခံများကိုလည်း ခေါ်ယူစစ်ဆေးသည်။ အမှုသည်၊သက်သေ တို့ကို တရားသူကြီးက ချိန်းဆိုသည့် ရက်ချိန်းတွင် မလာရောက်ခဲ့ပါက“နာကျင်လှအောင်ကွပ်”ဟု အမိန့်ထုတ်ခဲ့သည်။ အမှုအခင်းခွဲခြားပုံအနေဖြင့် နှစ်မျိုးရှိသည်။ မင်းအာဏာနှင့် ပတ်သက်သည့်အမှုများကို ရာဇဝတ်မှု၊ ပြည်သူများအကြားအချင်းချင်း ဖြစ်ပွားသောအမှုကို တရားမမှု ဟူ၍သတ်မှတ်သည်။ ကုန်သွယ်ရေးသာလွန်မင်းလက်ထက်တွင် နိုင်ငံခြားမှ ကုန်သည်များနှင့် ကူးသန်းရောင်းဝယ်မှုများ ယခင်ကာလများထက်ပို၍ တိုးတက်လာခဲ့သည်ဟု ယူဆကြသည်။ ၁၆ရာစုကတည်းကပင် အာရှမှ ဟိန္ဒူနှင့် အာရဗ်ကုန်သည်များ လာရောက်ဖောက်ကားခဲ့သည့် သာဓကများ တွေ့ရသည်။ ၁၇ရာစုအရောက်တွင် ဥရောပမှ ဒတ်ခ်ျ၊အင်္ဂလိပ်တို့ အပါအဝင် နိုင်ငံခြားသားကုန်သည်များ ဆက်လက်ဝင်ရောက်လာခဲ့သည်။ ၁၆၃၅တွင် သာလွန်မင်းကြီးသည် အင်းဝသို့ ဒတ်ခ်ျကုန်သည်နှစ်ဦးကို ခေါ်ယူတွေ့ဆုံကြောင်း၊ ရင်းနှီးလာသည့်နောက် ဒတ်ခ်ျအကျဉ်းသားများကိုပါ လွတ်ပေးခဲ့ကြောင်း၊ သန်လျင်ရှိ ကုန်တိုက်ကို ဆက်လက်ဖွင့်လှစ်ခွင့်ပေးခဲ့ကြောင်း မှတ်တမ်းများတွေ့ရှိရသည်။ သန်လျင်ရှိ ဒတ်ခ်ျကုန်တိုက်မှာ စီးပွားဖြစ်ထွန်းလှခြင်းမရှိသော်လည်း ၁၆၇၉ခုနှစ်အထိ ဖွင့်လှစ်သွားခဲ့သည်။ နိုင်ငံခြားကူးသန်းရောင်းဝယ်ရေးနှင့် ပတ်သက်၍ အချို့မှာ ဘုရင့်ခွင့်ပြုချက်ဖြင့်သာ ရောင်းဝယ်ခွင့်ရှိသည်။ ဥပမာအားဖြင့်- ချိပ်အကောင်းစားနှင့် လောဟာသတ္တုတို့ဖြစ်သည်။ အမြတ်အများဆုံးရရှိသည့် ရွှေ၊ဆင်စွယ်၊သံဖြူနှင့် ပတ္တမြားတို့ကိုလည်း ရောင်းဝယ်ခွင့်ပေးသည်။ ကျွန်းသစ်ကို ဝယ်ယူခွင့်မပေးဟု ဆိုသော်လည်း ဝယ်ယူနိုင်သည့် နည်းလမ်းများရှိသည်ဟု ဆိုသည်။ ဆန်ကိုမူသင်္ဘောသားများ စာလောက်ရုံသာ ရောင်းချပေးသည်။ သာသနာရေးသာလွန်မင်း နန်းတက်စက ရဟန်းပြုခွင့်မပေးဆိုသည့် အမိန့်ကို ထုတ်ပြန်ခဲ့ဘူးသည်။ အကြောင်းမှာ ၎င်းမတိုင်မှီက ဆက်တိုက်ဆိုသကဲ့သို့ စစ်မက်များ ဖြစ်ပွားနေသဖြင့် မြို့ရွာများတွင် လူသူအင်အားနည်းပါးနေပြီး ကူးသန်းရောင်းဝယ်ရေးမှာလည်း ဆုတ်ယုတ်လျက် ရှိပေသည်။ သာလွန်းမင်းလက်ထက် လေးနှစ်နောက်ပိုင်းမှ စကာစစ်မက်ဖြစ်ပွားခြင်းမရှိတော့ဘဲ ထူထောင်ရေးလုပ်ငန်းများကို အားကြိုးမာန်တက်လုပ်ကိုင်လာခဲ့ရာ လူဦးရေတိုးပွားလာရေးကိုလည်း အထူးသတိထားဆောင်ရွက်ခဲ့လေသည်။ အသွားအလာခက်ခဲသည့် ဒေသများမှ လူများကို မြေနေရာပေးခြင်းဖြင့် မြို့ရွာများတွင် နေရာချပေးပြီး လာရောက်နေထိုင်စေသည်။ အပျိုကြီး ၊ လူပျိုကြီးများ မရှိစေရန်အတွက် အိမ်ထောင်ပြုပေးသည်။ သာလွန်မင်းလက်ထက်တွင် အခြားသော ညောင်ရမ်းမင်းဆက်မှ မင်းများကဲ့သို့ပင် သာသနာမြေကို မင်းမြေအဖြစ် သိမ်းယူသတ်မှတ်ခြင်းမရှိခဲ့ပေ။ သို့သော် သာသနာမြေ၊မင်းမြေနှင့်အရပ်သားပိုင်မြေများကို စနစ်တကျစစ်ဆေး၍ ပိုင်းခြားသတ်မှတ်ပေးသည်။ သာလွန်မင်းက-
“သဒ္ဒါ၊သီလ ဖြင့် မဂ်ဖိုလ်နိဗ္ဗာန် ဟူသောအကျိုးကိုလိုလား၍ ရဟန်းပြုခြင်းမျိုးကိုသာ လိုလားသည်”ဟု အမိန့်တော်တွင် ထည့်သွင်းဖော်ပြခဲ့သည်။ ရည်ညွှန်းကိုးကား
|
Portal di Ensiklopedia Dunia