မစ္ဆဝိညာပနသိက္ခာပုဒ်

ဒဓိဝိညာပနစသောသိက္ခာပုဒ် ၇-ပါး

ဆဗ္ဗဂ္ဂီယမည်သော ဘိက္ခုနီတို့သည်ပင်-[]

(ခ) နို့ဓမ်းနို့ ချဉ်ကို တောင်း၍စားမှုကြောင့် ဒဓိဝိညာပနသိက္ခာပုဒ်

(ဂ) ဆီကိုတောင်း၍စားမှုကြောင့် တေလဝိညာပနသိက္ခာပုဒ်

(ဃ) ပျားရည်ကိုတောင်း၍ စားမှုကြောင့် မဓုဝိညာပနသိက္ခာပုဒ်

(င) တင်လဲ (ကြံရည်, ကြံသကာ, ထန်းရည်, ဓနိရည်, သကာရည်, သကာခဲ, ထန်းလျက်) ကိုတောင်း၍ စားမှုကြောင့် ဖာဏိတဝိညာပနသိက္ခာပုဒ်

(စ) ငါးဟင်းကိုတောင်း၍ စားမှုကြောင့် မစ္ဆဝိညာပနသိက္ခာပုဒ်

(ဆ) နွားသားစသော အသားဟင်းကို တောင်း၍ စားမှုကြောင့် မံသဝိညာပနသိက္ခာပုဒ်

(ဇ) နွားနို့စသော နို့ရည်ကို တောင်း၍သောက်မှုကြောင့် ခီရဝိညာပနသိက္ခာပုဒ်။ ဤသိက္ခာပုဒ်များကို ထိုထိုအစာမစားမသောက်ရလျှင် မကျန်းမာမည့် ဂိလာနတို့အတွက် ခြွင်းချက်ပြု၍ ပါဋိဒေသနီယသိက္ခာပုဒ်ဟု ပညတ်တော် မူရလေသည်။

သပ္ပိဝိညာပနသိက္ခာပုဒ်မှာ ကြည့်ပါ။

ပါဋိဒေသနီယအခန်းပြီး၏။

အမှာ

ဤမှနောက်၌ သေခိယခန်းရှိ၏။ ထိုသေခိယအခန်းလာ သိက္ခာပုဒ် များကား အားလုံးပင် ဘိက္ခုသိက္ခာပုဒ်များနှင့်တူပြီး အားလုံးပေါင်းလျှင် ဘိက္ခုနီ များအတွက် အာပတ်တပ်၍ ပညတ်အပ်သော ဘိက္ခုနီပါတိမောက်၌ လာသော သိက္ခာပုဒ်ပေါင်း-

ပါရာဇိက ၈-ပါး, သံဃာဒိသေသ် ၁၇-ပါး, နိဿဂ္ဂိယပါစိတ် ၃၀, သုဒ္ဓပါစိတ် ၁၆၆-ပါး, ပါဋိဒေသနီယ ၈-ပါး, သေခိယ ၇၂-ပါးအားဖြင့် ၂၉၃-ပါးရှိသတည်း၊ ထို့ပြင်-မဟာဝဂ္ဂ စူဠဝဂ္ဂခန္ဓကတို့၌သိက္ခာပုဒ် ငယ်များများစွာရှိသေး၏။ ထိုသိက္ခာပုဒ်များကိုကား မပြသေးဘဲသင့် လျော်သောအခါကျမှ သီးခြားပြပါမည်။

ကိုးကား

  1. အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya