မနောသဉ္စေတနာဟာရ
စေတနာဟူသော အာဟာရကို မနောသဉ္စေတနာဟာရဟု ခေါ်သည်။ ဖားအောက်တောရဆရာတော်၏ မနောသေဉ္စတနာဟာရပိုင်းဖတ်ပါ မိမိဆိုင်ရာ အကျိုးများကို အခြားသော အကြောင်းတရားတို့ထက် လွန်လွန်ကဲကဲ ဆောင်တတ် ဖြစ်စေတတ်သော အာဟာရ တရား ၄-ပါးတို့တွင် စေတနာသည် မနောသဉ္စေတနာဟာရဟူသော အမည်ဖြင့် ပါဝင်သည် [၁]။ [၂] စေတနာက ဘဝသုံးပါးကို ဖြစ်စေမနောသဉ္စေတနာဟာရခေါ် ယင်း စေတနာသည် ကာမပဋိသန္ဓေ ဝိညာဉ်ဟူသော ကာမဘဝ, ရူပပဋိသန္ဓေ ဝိညာဉ်ဟူသော ရူပဘဝ, အရူပပဋိသန္ဓေ ဝိညာဉ်ဟူသော အရူပဘဝအားဖြင့် ဘဝ ၃-ပါးတို့ကို ဖြစ်စေသည် [၃]။ [၂] စေတနာ ကြောင့် ဝဋ်ဒုက္ခရမနောသဉ္စေတနာဟာရ၌ ကြောက်မက်ဖွယ်ရာ ဘေးကြီးတစ်ခုရှိသည်။ ယင်းကား အမျိုးမျိုးသော သံသရာ ဝဋ်ဒုက္ခကို ရရှိခံစားရမည့် ဘဝ ၃-ပါးကို ဖြစ်စေနိုင်သော ကုသိုလ်, အကုသိုလ်ကံကို ပြုလုပ် အားထုတ်မိခြင်းပင် ဖြစ်သည်၊ ယင်းသို့ ပြုလုပ်အားထုတ်မိခြင်းကြောင့် ဘဝ ၃-ပါးကို ရရှိကာ အမျိုးမျိုးသော သံသရာ ဝဋ်ဒုက္ခကို ရရှိ ခံစားကြရပေသည် [၄]။ [၂] မီးကျီးတွင်းနှင့် တူသော စေတနာမနောသဉ္စေတနာဟာရကို မီးကျီးတွင်း ဥပမာဖြင့် နှိုင်းယှဉ် မှတ်သားသင့်သည်၊ အလျှံ, အခိုးမရှိ ရဲရဲညိသော မီးကျီးခဲတို့ဖြင့် ပြည့်နေသော မီးကျီးတွင်းသို့ အသက်ရှည်ကြာ အနာမဲ့လျက် ချမ်းသာစွာ နေလိုသော ယောက်ျားတစ်ယောက်ကို ခွန်အားဗလ ကြီး မားလှသည့် ယောက်ျား ၂-ယောက်တို့က ဆွဲငင် တွန်းချသကဲ့သို့ မနောသဉ္စေတနာဟာရခေါ် ကုသိုလ်, အကုသိုလ်စေတနာသည် ပြုလုပ်အားထုတ်သူ ဗာလပုထုဇဉ်တို့ကို ဘဝ ၃-ပါးသို့သာ ဆွဲငင် တွန်းချပေသည်၊ ဤ ဥပမာ၌ မီးကျီးတွင်းနှင့် ဘဝ ၃-ပါး, ချမ်းသာစွာနေလိုသော ယောက်ျားနှင့် ဝဋ်တရားကို လိုလားတောင့်တသူ ဗာလပုထုဇဉ် ဆွဲငင် တွန်းချသူ ယောက်ျား ၂-ယောက်နှင့် ကုသိုလ် အကုသိုလ်စေတနာ ဆွဲငင်ရာအခါ နှင့် ကုသိုလ်အကုသိုလ်စေတနာကို ပြုလုပ် အားထုတ်ရာအခါတို့ တူညီကြသည် [၅]၊ [၂] မနောသဉ္စေတနာဟာရ တရားအားလုံးဤ၌ ထူးခြားသော အကြောင်းတရား ဖြစ်သည့် ဘဝ ၃-ပါးကို ဖြစ်စေနိုင်သော လောကီကုသိုလ် အကုသိုလ်စေတနာ ၂၉-ခုကိုသာ “မနောသဉ္စေတနာဟာရ”ဟု ဆိုရသော်လည်း သာမညအားဖြင့် ယှဉ်ဖက်စိတ် စေတသိက်နာမ်တရားနှင့် စိတ္တ, ပဋိသန္ဓေ ကမ္မဇရုပ်တရားတို့ကို ဖြစ်စေနိုင်သော ကုသိုလ်, အကုသိုလ်, ဝိပါက်, ကိရိယာစေတနာ အားလုံးကိုလည်း မနောသဉ္စေတနာဟာရဟုပင် ခေါ်ဆိုထိုက်သည် [၆]။ [၂] အာဟာရပစ္စည်းမနောသဉ္စေတနာဟာရသည် ဘဝ ၃-ပါးကို ဖြစ်စေ၏ဟု ဆိုရာ၌ သုတ္တန်နည်းအားဖြင့်သာ ဆိုခြင်းဖြစ်သည်၊ အဘိဓမ္မာ ပဋ္ဌာန်းပါဠိတော်၌ကား တပြိုင်နက် အတူတကွဖြစ်ကြသည့် စိတ်, စေတသိက်နာမ်တရား နှင့် စိတ္တဇ ပဋိသန္ဓေကမ္မဇရုပ်တရားတို့ကို ဖြစ်စေနိုင်သည့် သဟဇာတ စေတနာသည်သာ “အာဟာရပစ္စည်း” အဖြစ်ဖြင့်လာရှိ၍ အတူတကွမဖြစ်ပဲ နောင်မှဖြစ်ပေါ်လာမည့် အကျိုး တရားတို့ကို ဖြစ်စေနိုင်သည့် နာနာက္ခဏိက စေတနာသည် “အာဟာရပစ္စည်း” အဖြစ်ဖြင့် မလာရှိပေ [၇]။ [၂] ကိုးကား
|
Portal di Ensiklopedia Dunia