မဟာကဏှဇာတ်![]()
ဒွါဒသကနိပါတ် - ၄၆၉။ မဟာကဏှဇာတ် သာသနာ မှေးမှိန်ပျက်စီးချိန်တွင် မိမိကား မုဆိုးကြီးအဟန် မာတလိနတ်သားအား ဆင်ပမာဏရှိသော ခွေးနက်ကြီးအဟန် ဖန်ဆင်းစေ၍ လူအများထိတ်လန့်စေကာ ကုသိုလ်တရား ပွားများလျက် နတ်ရွာလားအောင် ဟောကြားဆုံးမသော သိကြားမင်းအကြောင်း။ ပစ္စုပ္ပန်ဝတ္ထုမဂ်ဖိုလ်ချမ်းသာ ပေးစွမ်းရာနတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် ရဟန်းတို့သည် တရားသဘင်၌ “ငါ့ရှင်တို့ မြတ်စွာဘုရားသည် သတ္တဝါတို့ အကျိုးစီးပွားအလို့ငှါ ကျင့်တော်မူ၏၊ သတ္တဝါတို့အား မဂ်ဖိုလ်နိဗ္ဗာန်ကို ပေးတော်မူ၏၊ အယုတ်ဆုံး သရဏဂုံ သီလ၌ တည်စေတော်မူ၏” စသည်ဖြင့် မြတ်စွာဘုရား၏ ဂုဏ်ကျေးဇူးတို့ကို ချီးကျူး၍နေခိုက် မြတ်စွာဘုရား ကြွလာတော်မူ၍ ထိုအကြောင်းကို သိတော်မူလျှင်– “ရဟန်းတို့...ယခုအခါ ငါဘုရားသည် မြတ်သော သဗ္ဗညုအဖြစ်သို့ ရောက်တော်မူ၍ သတ္တဝါတို့ အကျိုးစီးပွားအလို့ငှါ ကျင့်တော်မူခြင်းကား အံ့ဩဘွယ်မရှိသေး၊ ရှေးအခါ ရာဂနှင့်တကွ ဖြစ်တော်မူလျက် သတ္တဝါတို့ အကျိုးစီးပွားအလို့ငှါ ကျင့်တော်မူသည်သာတည်း”ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။ အတိတ်ဝတ္ထုသာသနာမှေးမှိန် ပျက်စီးချိန်လွန်လေပြီးသောအခါ ကဿပမြတ်စွာဘုရား လက်ထက်တော်၌ ဗာရာဏသီပြည်ဝယ် ဥသိနကမင်း မင်းပြုတော်မူ၏။ ကဿပမြတ်စွာဘုရား ပရိနိဗ္ဗာန်ပြု၍ ကာလကြာမြင့်လတ်သော် သာသနာတော်သည် ဆုတ်ယုတ်လေ၏။ ရဟန်းတို့သည် တစ်ဆယ့်နှစ်ပါးသော အနေသနတို့ဖြင့် အသက်မွေးကြကုန်၏။ လူတို့နှင့်၎င်း၊ ရဟန်းမိန်းမတို့နှင့်၎င်း ရောယှက်ကြကုန်၏။ အိမ်ထောင်ခြင်း၊ သားမွေးခြင်းကို ပြုကြကုန်၏။ ရဟန်းရှင်လူအပေါင်းတို့သည် မိမိတို့ ကျင့်ဝတ်ကို စွန့်လွှတ်ကြကုန်၏။ အကုသိုလ်တရားကို ပြုကျင့်ကြလျက် သေလွန်သောအခါ အပါယ်သို့ လားကြကုန်၏။ နတ်ပြည်တို့သည် ဆိတ်သုဉ်းကုန်၏။ သိကြားဆင်းလာ ပရိယာယ်ရှာထိုအခါ သိကြားမင်းသည် နတ်ပြည်၌ နတ်သား၊ နတ်သမီးသစ်တို့ကို မမြင်သဖြင့် လူ့ပြည်သို့ ကြည့်လတ်သော် မြတ်စွာဘုရား၏ သာသနာတော် ဆုတ်ယုတ်ပျက်စီးနေသည်ကို မြင်လေ၏။ ထိုအခါ သိကြားမင်းသည် လူတို့ကိုခြိမ်းချောက်၍ နောက်မှ နှစ်သိမ့်စေပြီးလျှင် သာသနာတော်ကို နှစ်ပေါင်း တစ်ထောင်တည်အောင် ချီးမြှောက်မည်ဟု ကြံစည်ကာ မာတလိနတ်သားကို ငှက်ပျောဖူးပမာ အစွယ်ရှိ၍ မည်းနက်ညိုမှောင်လျက် ကိုယ်ဝန်ဆောင် မိန်းမတို့မြင်လျှင် လန့်ဖျပ်ကာ ကိုယ်ဝန်ကျလောက်အောင် ကြောက်မက်ဖွယ်ရှိ၍ အာဇာနည်ဆင်ပမာဏရှိသော ခွေးနက်ကြီးအဟန် ဖန်ဆင်းစေ၍ ငါးဌာနတို့၌ ကြိုးတို့ဖြင့် ဘွဲ့ချည်ကာ လည်ပင်းတွင် နီရဲသောပန်းကို ဆင်မြန်းစေလျက် မိမိကိုယ်တိုင်ကား ကြိုးစွန်းကိုကိုင်လျက် ဖန်ရည်စွန်းသောအဝတ်ကို ဝတ်၍ နီမြန်းသောပန်းကို ဆင်မြန်းလျက် လေးကိုကိုင်ကာ မူဆိုးကြီးအသွင် ဖန်ဆင်းပြီးလျှင် ခွေးနက်ကြီးကို ကိုင်ဆွဲ၍ မြို့တော်၏အနီး တစ်ယူဇနာမျှ ဝေးသောအရပ်တွင်နေလျက် (လောကသည် ပျက်လတံ့-လောကသည် ပျက်လတံ့) ဟု သုံးကြိမ်တိုင်တိုင် ကြွေးကြော်ကာ လူအပေါင်းကို ထိတ်လန့်စေ၏။ မြို့အနီးသို့ရောက်လျှင်လည်း တစ်ဖန် ကြွေးကြော်ပြန်၏။ မူဆိုးနှင့်ခွေးမြင်ရ ကြောက်လန့်ကြလူတို့သည် မူဆိုးနှင့် ခွေးနက်ကြီးကို မြင်လျှင် ထိတ်လန့်တကြား ပြေးလွှား မြို့တွင်းသို့ဝင်ကုန်လျက် မင်းကြီးအား လျှောက်ထားကြကုန်၏။ မင်းကြီးလည်း လျင်မြန်စွာ မြို့တံခါးတို့ကို ပိတ်စေ၏။ သိကြားမင်းလည်း ဆယ့်ရှစ်တောင်မြင့်သော မြို့တံခါးကို ခုန်လွှား၍ ခွေးနက်ကြီးနှင့်တကွ မြို့တွင်းသို့ဝင်လေ၏။ ခွေးနက်ကြီးလည်း မြင်တိုင်းမြင်တိုင်းသောသူတို့ကို လိုက်၍ ထိတ်လန့်စေ၏။ လူတို့လည်း တစ်လကြမ်းပြေးလွှားကာ အိမ်တွင်း၌ ပုန်းအောင်းကြကုန်၏။ မူဆိုးနှင့် ခွေးနက်ကြီးတို့သည် တစ်ဖန် မင်းကြီးနန်းတော်သို့ သွားကုန်၏။ မင်းကြီးလည်း တံခါးတို့ကို ပိတ်စေပြီးလျှင် မောင်းမတို့ကို နန်းပြာသာဒ်ပေါ်သို့ တက်စေ၏။ ခွေးနက်ကြီးလည်း လက်နှစ်ဘက်တို့ကို လေသွန်တံခါး၌ထားကာ ပြင်းထန်စွာဟောင်လေ၏။ ထိုခွေးနက်ကြီး၏ အသံသည် အထက်၌ ဘဝဂ် အောက်၌ အဝီစိတိုင်အောင်ရောက်၍ စကြဝဠာတစ်တိုက်လုံး ပဲ့တင်ထပ်၏။ [မှတ်ချက်-ဝိဓူရဇာတ်၌ ပုဏ္ဏကဘီလူးအသံ၊ ကုသဇာတ်၌ ကုသမင်းကြီးအသံ၊ ဘူရိဒတ်ဇာတ်၌ သုဒဿနနဂါးမင်း အသံ၊ ဤမဟာကဏှဇာတ်၌ ခွေးနက်ကြီးအသံ၊ အသံကြီး လေးမျိုးတို့သည် ဇမ္ဗူဒိပ်တစ်ကျွန်းလုံးကြားသော အသံကြီးတို့ဖြစ်ကုန်၏။ ခွေးဟောင်သည့်ရေး မင်းကြီးမေးလူတို့သည် အလွန် ကြောက်လန့်ကုန်သည်ဖြစ်၍ တစ်စုံတစ်ယောက်သောသူမျှ သိကြားမင်းနှင့် စကားမပြောဝံ့ကုန်။ ထိုအခါ မင်းကြီးသည် သတိကိုဖြစ်စေ၍ လေသွန်တံခါးကို မှီလျက် “အို-မူဆိုးကြီး... သင့်ခွေးနက်ကြီးသည် အဘယ်ကြောင့်ဟောင်သနည်း”ဟု မေး၏။ “မြတ်သောမင်းကြီး... ဆာမွတ်သောကြောင့် ဟောင်သည်”ဟု ပြော၏။ “မင်းကြီးသည် ဆာမွတ်လျှင် ထမင်းကျွေးမည်”ဟု နန်းတော်တွင်းရှိ အလုံးစုံသော ထမင်းတို့ကို ပေးစေ၏။ ခွေးနက်ကြီးသည် တစ်လုပ်ထည်းကဲ့သို့ဟပ်၍စားပြီးလျှင် ဟောင်ပြန်၏။ တစ်ဖန် ဆင်စာ မြင်းစာ ထမင်းတို့ကို ပေးစေ၏။ ၎င်းတို့ကိုလည်း တစ်လုပ်ထည်းကဲ့သို့ ဟပ်၍စားပြီးလျှင် ဟောင်ပြန်၏။ တစ်ဖန် တစ်ပြည်လုံး စုရုံး၍ ရသမျှထမင်းကို ပေးစေ၊ စားပြီးလျှင် ဟောင်ပြန်၏။ ကိုယ်ကျင့်ပျက်ပြား ရန်သူများ
ထိုအခါ မင်းကြီးသည် “ဤခွေးသည် ခွေးစင်စစ်မဟုတ်၊ ဤသူလည်း မုချဘီလူးဖြစ်မည်”ဟု ကြံစည်လျက်— ဟု မင်းကြီးအား ပြောကြားလေ၏။ သာသနာဖျက်များ ခွေးကစားမင်းကြီးသည် တစ်ဖန် “အို-မုဆိုးကြီး... သင့်ခွေးနက်ကြီးသည် အလုံးစုံသောသူတို့ကို စားမည်လား၊ သို့တည်းမဟုတ် ရန်သူသာစားမည်လား”ဟု မေးပြန်၏။ သိကြားမင်းသည် “မြတ်သောမင်းကြီး အလုံးစုံသောသူတို့ကို မစားပါ၊ ရန်သူကိုသာ စားလိမ့်မည်”ဟု ပြော၏။ “အဘယ်သူသည် ရန်သူဖြစ်သနည်း”ဟု မေးပြန်၏။ ထိုအခါ သိကြားမင်းသည်— သာသနာဆုတ်ယုတ်ချိန် လူတို့အား မာတလိခွေးနက်ကြီးကိုပြ၍ ထိတ်လန့်စေကာ သိကြားမင်းမူဆိုးသာသနာပြုနေပုံ“မြတ်သောမင်းကြီး... ရဟန်းယုတ်တို့သည် သပိတ်လက်စွဲကာ ဦးပြည်းတုံးလျက် ကိုယ်ဝတ်ဒုကုဋ်တို့ကို ဝတ်ရုံ၍ ထွန်တို့ဖြင့် လယ်ယာတို့ကို ထွန်ကြလိမ့်မည်၊ ထိုအခါ ဤခွေးနက်ကြီးသည် ငါ့လက်မှ လွတ်လိမ့်မည်”။ “ရဟန်းယုတ်တို့သည် သပိတ်လက်စွဲကာ ပြည်းတုံးလျက် ကိုယ်ဝတ်ဒုကုဋ်တို့ကို ဝတ်ရုံကုန်၍ သာသနာတော်၌ အထီးကျန်ကာ ကာမဂုဏ်တို့ကို ခံစားကြလိမ့်မည်၊ ထိုအခါ ဤခွေးနက်ကြီးသည် ငါ့လက်မှ လွတ်လိမ့်မည်”။ “ရဟန်းယုတ်တို့သည် ရှည်သောအရပ်၌ တည်ကာ သွားချေးများကုန်လျက် ဦးခေါင်း၌ မြူမှုန်အလိမ်းအလိမ်း ကပ်ကာ ဆံကျစ်ရှိကြ၍ ကြွေးမြီချေးငှားတောင်းရမ်းကြလိမ့်မည်၊ ထိုအခါ ဤခွေးနက်ကြီးသည် ငါ့လက်မှ လွတ်လိမ့်မည်”။ မိဘကျေးဇူးမူ ပျက်စီးသူ“ပုဏ္ဏားတို့သည် ဗေဒင်ကျမ်း၊ သာဝတ္ထိကျမ်း၊ ယဇ်ပူဇော်သော ကျမ်းတို့ကို အဘိုးအခယူ၍ သင်ကြားကြလိမ့်မည်၊ ယဇ်ကို ပူဇော်ကြလိမ့်မည်၊ ထိုအခါ ဤခွေးနက်ကြီးသည် ငါ့လက်မှ လွတ်လိမ့်မည်”။ “လူတို့သည် ကိုယ်အား ပစ္စည်းအားဖြင့် စွမ်းနိုင်ကြပါလျက် အရွယ်ကြီး၍ အိုမင်းပြီးသော အမိအဘတို့ကို မမွေးမြူဘဲထားကြလိမ့်မည်၊ ထိုအခါ ဤခွေးနက်ကြီးသည် ငါ့လက်မှ လွတ်လိမ့်မည်”။ “အရွယ်ကြီး၍ အိုမင်းပြီးသော အမိအဘတို့ကို “သင်တို့သည် အလွန်မိုက်မဲကုန်၏၊ ဘာတစ်ခုမျှမသိကြကုန်”–ဟု ပြောဆိုကြလိမ့်မည်၊ ထိုအခါ၌ ခွေးနက်ကြီးသည် ငါ့လက်မှ လွတ်လိမ့်မည်”။ “ဆရာ့မယား၊ အဆွေခင်ပွန်းမယား၊ ဦးရီးမယား၊ ဘထွေးမယားတို့ကို လောက၌ ပြစ်မှားလွန်ကျူးကြလိမ့်မည်၊ ထိုအခါ ဤခွေးနက်ကြီးသည် ငါ့လက်မှ လွတ်လိမ့်မည်။ ခိုးသူလိမ်ညာ ပျက်စီးရာ“ပုဏ္ဏားတို့သည် သန်လျက်ကာကို ကိုင်ဆောင်ကုန်လျက် လမ်းခရီးတို့၌ လုယက်ဖျက်ဆီးကြလိမ့်မည်၊ ထိုအခါ ခွေးနက်ကြီးသည် ငါ့လက်မှ လွတ်လိမ့်မည်”။ “ဖြူစင်သော အရေအဆင်း ကြီးမားသော ကိုယ်လက်ရုံးရှိကုန်လျက် ဥစ္စာကိုမရှာ မိန်းမကျူးသူတို့သည် အချစ်ပျက်ခြင်းကို ပြုကြလိမ့်မည်၊ ထိုအခါ ဤခွေးနက်ကြီးသည် ငါ့လက်မှ လွတ်လိမ့်မည်”။ “လောက၌ မျက်မှောက်ထင်ထင် လှည့်ပတ်ခြင်း၊ အတုပြု၍ လှည့်ပတ်ခြင်း၊ မကောင်းသောအကြံအစည်ကို ကြံစည်ခြင်းတို့ကို ပြုကြလိမ့်မည်၊ ထိုအခါ ဤခွေးနက်ကြီးသည် ငါ့လက်မှ လွတ်လိမ့်မည်”— သိကြားအသွင်ပြ ဆိုဆုံးမလူတို့ထိတ်လန့်သောအခါ ခွေးနက်ကြီးကို ကြိုးဖြင့် ဆွဲငင်သကဲ့သို့ ပြုပြီးလျှင် မူဆိုးအသွင်ကို စွန့်၍ သိကြားမင်းအသွင်ကို ယူကာ ကောင်းကင်၌ ရပ်လျက် “မြတ်သောမင်းကြီး ငါသည် မူဆိုးမဟုတ်၊ သိကြားမင်းတည်း၊ ဤလူအပေါင်းသည် ပျက်စီးဘိ၏၊ ထို့ကြောင့် ငါလာခဲ့သည်၊ လူတို့သည် တရားစောင့်ကြကုန်လော့၊ ဤနေ့မှစ၍ ငါသည် တရားမစောင့်သောသူတို့ကို စားစေမည်”ဟု ခြိမ်းချောက်ပြီးလျှင် သတာရဟ လေးဂါထာတို့ဖြင့် တရားဟော၍ ဆုတ်ယုတ်နေသော သာသနာတော်ကို နောက်ထပ်တစ်ဖန် အနှစ်တစ်ထောင် တည်ရစ်အောင် ချီးမြှောက်ခဲ့၍ မာတလိနတ်သားနှင့်တကွ မိမိနေရာတာဝတိံသာနတ်ပြည်သို့ သွားလေ၏။ မင်းကြီးနှင့်တကွ လူတို့လည်း သိကြားမင်း၏ အဆုံးအမ၌ တည်၍ ကုသိုလ်ကောင်းမှုတို့ကို ပြုလုပ်ကြလျက် သေလွန်သောအခါ နတ်ပြည်သို့ လားကြကုန်၏။ --- ဇာတ်ပေါင်းဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေဆက်စပ်တော်မူလျက်— ရဟန်းတို့...
ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။ --- ဆောင်ပုဒ်(၁) သတ္တဝါများ၊ ကျိုးစီးပွား၊ မမှားပြုအပ်စွာ။ ကိုးကား
|
Portal di Ensiklopedia Dunia