မိတ္တဝိန္ဒကဇာတ်
(၃)ဇာတ် ရှိပါသည်။ ဧကကနိပါတ် - ၉။ အပါယိမှဝဂ် -၈၂-မိတ္တဝိန္ဒကဇာတ် နတ်စည်းစိမ်ကို မရောင့်ရဲ မတင်းတိမ် နိုင်သဖြင့် သင်ဓုန်းစက်ငရဲသို့ ကြရောက်ရသော မိတ္တဝိန္ဒက အကြောင်း။ ပစ္စပ္ပုန်ဝတ္ထုဆုံးမခက်လှ ဝိန္ဒကနတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် အဆုံးမခက်သော ရဟန်းတပါးရှိလေ၏၊ [ဤဝတ္ထုကား ကဿပဘုရားလက်ထက်တွင် ဖြစ်သည်၊ အကျယ်ကား ဒသကနိပါတ် စတုဒွါရဇာတ် မဟာမိတ္တဝိန္ဒကတွင် ထင်ရှားလတံ့။] ထိုအခါ ဘုရားအလောင်းနတ်မင်းသည်– “အချင်း မိတ္တဝိန္ဒက... သင်ကား ဖလ်ပြာသာဒ်, ရွှေပြာသာဒ်, ပတ္တမြား ပြာသာဒ်တို့ကို ကျော်လွန်ကာ သင်ဓုန်းစက် ငရဲသို့ ရောက်ခဲ့ပြီ၊ မကောင်းမှု မကုန်မချင်း မသေဘဲ ခံရတော့မည်၊ သင်ဓုန်းစက် ငရဲမှလွတ်မည်မဟုတ်– ဟု ပြောဆိုကာ မိမိနေရာ နတ်ရွာသို့ သွားလေ၏၊ မိတ္တဝိန္ဒကလည်း သင်ဓုန်းစက်ကို ခေါင်းဖြင့်ရွက်ကာ ကြီးစွာသော ဆင်းရဲကိုခံလျက် မကောင်းမှုပြုကုန်သည်ရှိသော် ကံအားလျော်စွာဖြစ်လေ၏။ ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်, ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက်– ရဟန်းတို့...
ဟုဇာတ်ကိုပေါင်းတော်မူသတည်း။ မိတ္တဝိန္ဒကဇာတ်ပြီး၏။ ဧကကနိပါတ် - ၁၁။ ပရောသတဝဂ် -၁၀၄-မိတ္တဝိန္ဒကဇာတ် နတ်စည်းစိမ်တို့ထက် လွန်ကာ .. အလိုရမ္မက်ကြီး သဖြင့် သင်ဓုန်းစက်ငရဲခံရသော မိတ္တဝိန္ဒကအကြောင်း။ ဆုံးမသွန်သင် နားမဝင်နတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် အဆုံးမ ခက်သော ရဟန်းတပါးရှိလေ၏။ [ပစ္စုပ္ပန်ဝတ္ထု, အတိတ်ဝတ္ထုတို့သည် ပြဆိုခဲ့ပြီးသော ဇာတ်နံပါတ် ၈၂-မိတ္တဝိန္ဒကဇာတ်နှင့်အကုန်တူ၏။ အထူးသဖြင့် ဤမိတ္တဝိန္ဒကဇာတ်ကား ဤဘဒ္ဒကမ္ဘာ ကဿပမြတ်စွာဘုရား လက်ထက်တော်၌ ဖြစ်၏။ အလိုကြီးလှ ဘေးဒဏ်ရထိုအခါ သင်ဓုန်းစက်ကို ခေါင်းပေါ် တွင် ရွက်၍ခံရသော ငရဲသားသတ္တဝါ တယောက်သည် မိမိထံ ရောက်လာသော ဘုရားအလောင်းနတ်သားအား “အရှင်...အကျွန်ုပ်သည် အဘယ်မကောင်းမှုကို ပြုခဲ့ဘူးသနည်း”ဟု မေးလေ၏၊ ထိုအခါ ဘုရားအလောင်းနတ်သားသည်- “အမောင်.....သင်ကား ဗိမာန်တခုနေ နတ် ပြိတ္တာမ လေးယောက်တို့ကို၎င်း, ဗိမာန်တခုနေ နတ်ပြိတ္တာမ ရှစ်ယောက်တို့ကို၎င်း, ဗိမာန်တခုနေ နတ်ပြိတ္တာမ တဆယ့်ခြောက်ယောက်တို့ကို၎င်း, ဗိမာန်တခုနေ နတ်ပြိတ္တာမ သုံးဆယ့်နှစ်ယောက်တို့ကို၎င်း အဆင့်ဆင့်ရခဲ့ပြီ၊ ၎င်းတို့နှင့် မရောင့်ရဲနိုင်ဘဲ အလွန်အလိုကြီးသော သင့်အား ခေါင်းပေါ်တွင် မရပ်မနား ခုတ်နေသော သင်ဓုန်းစက် ကိုရခဲ့ပြီ”- ဟုပြောဆို၍ မိမိနတ်ပြည်သို့ ပြန်သွားလေ၏။ ဇာတ်ပေါင်းဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်, ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေဆက်စပ်တော်မူလျက်– ရဟန်းတို့...
ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။ ဆောင်ပုဒ်(၁) နတ်ပြိတ္တာမ၊ ဆင့်ဆင့်ရ၊ စိတ်ကမရောင့်ရဲ။ (၂) အလိုဆိုးဖျက်၊ သင်ဓုန်းစက်၊ ခေါင်းထက်ရသည်နဲ။ မိတ္တဝိန္ဒကဇာတ် ပြီး၏။ ပဉ္စကနိပါတ် - ၂။ ဝဏ္ဏာရောဟဝဂ် -(၃၆၉ ) - မိတ္တဝိန္ဒကဇာတ် နတ်သမီးတို့နှင့် ချမ်းသာစွာ ခံစားရပါလျက် အလိုကြီး၍ မရောင့်ရဲနိုင်သဖြင့် သင်တုန်းစက်ငရဲတွင် ဒုက္ခကြီးစွာ ခံစားရသော မိတ္တဝိန္ဒက အကြောင်း။ ပစ္စုပ္ပန်ဝတ္ထုရဟန်းပေါ့ပျက် ဆုံးမခက်နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် အဆုံးမခက်သော ရဟန်းတစ်ပါးကို အကြောင်းပြု၍ အောက်ပါ အတိတ်ဇတ်ကို ဆောင်တော်မူသည်း။ ။ [မဟာမိတ္တဝိန္ဒကဇာတ်၌ ထင်စွာဖြစ်လတ္တံ့။ ] အတိတ်ဝတ္ထုအလိုကြီးလှ ငရဲကျဤမိတ္တဝိန္ဒကဇာတ်၌ ကား မိတ္တဝိန္ဒကသည် သမုဒ္ဒရာ၌ ပစ်ချအပ်သည်ရှိသော် အလွန်အလိုကြီးသည်ဖြစ်၍ ငရဲသူသတ္တဝါတို့ဖြစ်ရာ ဥဿဒရက်ငရဲကို မြို့တစ်မြို့ဟူသော အမှတ်သညာဖြင့် ဝ၍ သွားလျှင် သင်တုန်းစက်ငရဲသို့ ရောက်လေ၏။ ထိုအခါ ဘုရားအလောင်းသည် နတ်သားဖြစ်၍ ဥဿဒရက် ငရဲကို ကြည့်ရှုရန် လှည့်လည်၏။ မိတ္တဝိန္ဒသည် နတ်သားကိုမြင်လျှင် - “အရှင်နတ်သား … အကျွန်ုပ်သည် နတ်တို့အား အဘယ်အမှုကို ပြုမိသနည်း၊ သင်တုန်းစက်သည် အကျွန်ုပ်၏ ဦးခေါင်းထက်၌ နှိပ်၍ လည်ဘိ၏၊ အကျွန်ုပ်သည် အဘယ်မည်သော မကောင်းမှုကို ပြုမိသနည်း” ဟု နတ်သားအး မေးလေ၏။ တဏှာလိုလိုက် ဆင်းရဲဆိုက်နတ်သားသည် မိတ္တဝိန္ဒက စကားကို ကြားလျှင် - “မိတ္တဝိန္ဒက … သင်သည် ဖန်ဖြင့်ပြီးသော ပြာသာဒ်၊ ငွေဖြင့်ပြီးသော ပြာသာဒ်၊ ပတ္တမြားဖြင့် ပြီးသော ပြာသာဒ်၊ ရွှေဖြင့်ပြီးသော ပြာသာဒ်တို့ကို ကျော်လွန်၍ အဘယ်ကြောင့် ဤငရဲသို့လာသနည်း” ဟု မိတ္တဝိန္ဒကအား တစ်ဖန် ပြန်၍ မေးလေ၏။ ထိုအခါ မိတ္တဝိန္ဒကသည် - “အရှင်နတ်သား … ဤပြာသာဒ် လေးခုတို့၌ စည်းစိမ်ချမ်းသာထက် ထိုအရပ်၌ အလွန်များသော စည်းစိမ်ချမ်းသာတို့သည် ရှိပေလိမ့်မည် ဟူသော အမှတ်သညာဖြင့် လာမိ၍ ပျက်စီးခြင်းသို့ ရောက်ရသော အကျွန်ုပ်ကို ရှုကြည့်ပါလော” – ဟု နတ်သားအား ပြောဆိုပြန်၏။ နတ်သားလည်း နောက်တစ်ဖန် - “မိတ္တဝိန္ဒက … သင်ကား နတ်သမီး လေးယောက်၊ တစ်ဖန် ရှစ်ယောက်၊ တစ်ဖန် ဆယ့်ခြောက်ယောက်၊ တစ်ဖန် သုံးဆယ့်နှစ်ယောက်တို့ကို ရခဲ့၏၊ အလိုကြီးသည့်အတွက် သင်တုန်းစက်သို့ ရောက်ရ၏၊ အလို ရမ္မ နှိပ်စက်သော သင်၏ထိပ်ထက်၌ သင်တုန်းစက်သည် လည်ဘိ၏” – “မိတ္တဝိန္ဒက … တဏှာကား အထက်၌ ကျယ်သဖြင့် ပြည့်နိုင်ခဲ၏၊ ပြန့်ပြူး၏၊ တဏှာဖြင့် အဖန်တလဲလဲ တပ်စွန်း၍ ယူမိသော သူတို့သည် သင်တုန်းစက်ကို ဆောင်ရွက်ရကုန်၏” – ဟု မိတ္တဝိန္ဒကအား ပြောဆိုနေစဉ် လျှင် ထိုသင်တုန်းစက်သည် လည်လျက် လှည့်ဘိ၏။ တစ်ဖန်ပြန်၍ ပြောဆိုခြင်းငှာ မတတ်နိုင်လေ၏။ နတ်သားလည်း မိမိနေရာသို့ သွားလေ၏။ ဇာတ်ပေါင်းဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် - ရဟန်းတို့ - ထိုအခါ မိတ္တဝိန္ဒကသည် - ယခုအခါ အဆုံးမခက်သော ရဟန်း။ နတ်သားသည် - ငါဘုရား ဖြစ်လာပြီ - ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။ ဆောင်ပုဒ်(၁) အထက်ကျယ်စွာ၊ ပြန်ပြောစွာ၊ တဏှာပြည့်နိုင်ခဲ။ (၂) ရမ္မကြီးလှ၊ ဝိန္ဒက၊ ရောက်ရ ရံငရဲ။ (၃) ဦးခေါင်းအထက်၊ သင်တုန်းစက်၊ လည်လျက်ခံရမြဲ။ မိတ္တဝိန္ဒကဇာတ် ပြီး၏။ ကိုးကား |
Portal di Ensiklopedia Dunia