မောင်ခင်မင် (ဓနုဖြူ)
မောင်ခင်မင် ( ဓနုဖြူ ) (၂ ဇန်နဝါရီ ၁၉၄၂-၂၇ ဇန်နဝါရီ ၂၀၂၅) သည် ထင်ရှားသည့် မြန်မာနိုင်ငံသား စာရေးဆရာ၊ မြန်မာစာပေပညာရှိ နှင့် အငြိမ်းစားတက္ကသိုလ် မြန်မာစာ ပါမောက္ခ ဖြစ်သည်။ ငယ်ဘဝ၁၉၄၂ - ခုနှစ်၊ ဇန်နဝါရီလ(၂)ရက်နေ့တွင် ဓနုဖြူမြို့နယ်၊ ကျုံတစ်နီးရွာ၌ အဖ-ဦးရာမနှင့် အမိ ဒေါ်စောတင်တို့ က ဖွားမြင်သည်။ အမည်ရင်းမှာ ဦးခင်အေးဖြစ်သည်။ ပညာရေး၁၉၅၄ ခုနှစ်တွင် ရန်ကုန်မြို့ မြူနီစီပယ် ပညာရေးအဖွဲ့ကစစ်ဆေးသော စတုတ္ထတန်းစာမေးပွဲကို ပထမအဆင့်မှ အောင်မြင်သည်။၁၉၅၇ခုနှစ်တွင် သတ္တမတန်းနှင့်အလယ်တန်းပညာသင်ဆု (စကောလားရှစ်)စာမေးပွဲတွင် အမှတ်အများဆုံးဖြင့် အောင်သဖြင့် အလယ်တန်းပညာသင်ဆု(စကောလားရှစ်)ဆုရရှိသည်။၁၉၅၇ခုနှစ် အလယ်တန်းကျောင်းသာဘဝကတည်းက စာနယ်ဇင်းများတွင် ဆောင်းပါးများစရေးသည်။၁၉၅၉ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မြန်မာစာ၊ သင်္ချာဂုဏ်ထူးဖြင့် အောင်မြင်ပြီး တစ်ပြည်လုံး၌ မြန်မာစာအမှတ်အများဆုံးရရှိသည်။ငွေတာရီရွှေတံဆိပ်ဆုနှင့် လှသမိန်ရွှေတံဆိပ်ဆု တို့ကိုပါ ချီးမြှင့်ခြင်းခံရသည့်အပြင် တက္ကသိုလ် ပညာသင်ဆုကိုပါ ရရှိခဲ့သည်။ ၁၉၆၃ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာအထွေထွေဂုဏ်ထူးဘွဲ့ ကို ပထမတန်းဖြင့် အောင်မြင်သည်။၁၉၆၉ ခုနှစ်တွင် မဟာဝိဇ္ဇာဘွဲ့(ဂုဏ်ထူး)ရရှိသည်။ ၂၀၀၂ ခုနှစ် အောက်တိုဘာလ(၁၉)ရက်နေ့တွင် ကျင်းပသော ရန်ကုန်တက္ကသိုလ်(၁၀၅)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားတွင်ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့ ကိုချီးမြှင့်အပ်နှင်းခြင်း ခံရသည်။ ထမ်းဆောင်ခဲ့သောတာဝန်များ၁၉၆၃ - ပုသိမ်ကောလိပ် မြန်မာစာဌာန၌ နည်းပြအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့သည်။ဆက်လက်၍ လက်ထောက်ကထိက၊ ကထိက၊ တွဲဖက်ပါမောက္ခ၊ ပါမောက္ခအဆင့်များဖြင့် ပုသိမ် ကောလိပ်၊ ရန်ကုန် ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ ပြည်ဒီဂရီကောလိပ်၊ ရန်ကုန်တက္ကသိုလ်တို့တွင် တာဝန်ထမ်းဆောင်ပြီးနောက် နိုင်ငံတော်အစိုးရပညာရေးဝန်ကြီးဌာန၏ တာဝန်ပေးချက်အရ ဂျပန်နိုင်ငံ အိုဆာကာနိုင်ငံခြားဘာသာသင်တက္ကသိုလ်တွင် မြန်မာစာဧည့်ပါမောက္ခ(၁၉၉၇ - ၉၉) အထိ (၂)နှစ် တာဝန်ထမ်းဆောင်သည်။၂၀၀၆ ခုနှစ်တွင်ရန်ကုန်တက္ကသိုလ်၊မြန်မာစာဌာန ပါမောက္ခ (ဌာနမှူး)အဖြစ်မှ အငြိမ်းစားယူသည်။ [၁] အငြိမ်းစားဘဝယခုအခါ-ရန်ကုန်တက္ကသိုလ်မြန်မာစာဌာနပါမောက္ခအဖြစ်မှ အငြိမ်းစားယူပြီး ဇနီးဒေါ်စုစုနွယ်(တွဲဖက်ပါမောက္ခ-မြန်မာစာဌာန၊ ရန်ကုန်တက္ကသိုလ်) သမီး-သူသူနွယ်အေးတို့နှင့်အတူ နေထိုင်လျက်ရှိသည်။ အငြိမ်းစားယူပြီး ရေးသားသော မြန်မာ စာလုံးပေါင်းသတ်ပုံ ဆိုင်ရာ လူထုပညာပေးဆောင်းပါး များမှာ အထူး လူကြိုက်များသည်။[၂]ဆရာမောင်ခင်မင်(ဓနုဖြူ)သည် ဘာသာစာပေဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲများ၊ စာပေဗ္ဗိမာန်စာတမ်း ဖတ်ပွဲများတွင် ဘာသာစကားဆိုင်ရာ၊ မြန်မာစကားပြေဆိုင်ရာ စာတမ်းငယ်ဆိုင်ရာ စာတမ်းများကို ရေးသားပြုစု ဖတ်ကြားခဲ့သည်။ ဆရာကြီးသည် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)၊ ပိဋကတ်ဆိုင်ရာမြန်မာစာပေဌာန တွင် တွဲဖက်ပါမောက္ခ (ပြင်ပပညာရှင်) အဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့အပြင် အမျိုးသားသင်ရိုးညွှန်တမ်းကော်မတီ(အဖွဲ့ဝင်)၊ ရန်ကုန်တက္ကသိုလ်၊ မြန်မာစာဌာန ပါရဂူသင်တန်းဦးစီးကော်မတီ(အဖွဲ့ဝင်)၊ မြန်မာနိုင်ငံတိုင်းရင်းသားဘာသာစကားဦးစီးဌာန၊ မြန်မာစာအဖွဲ့ (အချိန်ပြည့်အဖွဲ့ဝင်) အဖြစ် ကွယ်လွန်သည့်အချိန်အထိတာဝန်ထမ်းဆောင်ခဲ့သည်။ ဘဝနိဂုံးမောင်ခင်မင် (ဓနုဖြူ)သည် ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၇ ရက် ည ၁၂ နာရီခွဲတွင် ရန်ကုန်မြို့၌ ရုတ်တရက် ကွယ်လွန်သည်။[၃] ကွယ်လွန်ချိန်တွင် ဆရာကြီးသည် အသက်(၈၅)နှစ်အရွယ်ရှိပြီဖြစ်သည်။ ဆရာကြီး၏ စာပေ နှင့် သုတေသန မှတ်တိုင်များ၁၉၇၉ - စကားပြေသဘောတရား၊ စကားပြေအတတ်ပညာ စာအုပ်ထွက်ရှိ။ ၁၉၈ဝ - စကားပြေအဖွဲ့ပုံစံများနှင့် ဘာသာပြန်လေ့လာချက်။ ရုံးသုံးမြန်မာစာ၊ ပြည်သူ့အတွက် မြန်မာ စကားပြေ စသောစာအုပ်များထွက်။ ၁၉၈၅ - မြန်မာစာပေသမိုင်း(အခြေခံပညာအထက်တန်း စိတ်ကြိုက်မြန်မာစာ) (ဦးစောထွန်းနှင့်ပူးတွဲ) ပြုစု။ ၁၉၈၇ - စာပေဗိမာန် စာမူဆုပြိုင်ပွဲတွင် မြန်မာစကား၊ မြန်မာစာရုပ်ပုံလွှာ စာမူဖြင့် သုတပဒေသာ(ဝိဇ္ဇာ)ပညာရပ်တွင် ပထမဆုရရှိခဲ့။ ၁၉၉ဝ - မြန်မာစကား၊ မြန်မာစာရုပ်ပုံလွှာစာအုပ်ထွက်ရှိ။ ၁၉၉၂ - မြန်မာဘာသာစကား ပညာရှင်များနှင့် ဘာသာစကားအမြင် စာအုပ်ထွက်။ စာစီစာကုံးသင်ကြား ရေး၊ လမ်းမပျောက်ပါ စသောစာအုပ်များဆက်ထွက်။ ၁၉၉၃ - စန္ဒာမုနိသွန်းစက်တော်၏ ရာပြည့်ခရီးစာအုပ်ထွက်။ ၁၉၉၄ - အခြေခံအထက်တန်းအဆင့် စကားပြေသင်ကြားရေး စာအုပ်ထွက်။ ၁၉၉၅ - ကဗျာသဘောတရားနှင့် ကဗျာလေ့လာနည်း စာအုပ်ထွက်။ ၁၉၉၆ - နှင်းဆီဝတ်မှုန် စာစီစာကုံး သဘောတရားနှင့်လက်တွေ့အရေးအသား( ဦးသန်းထွဋ်နှင့်ပူးတွဲ) ပြုစု။ ၁၉၉၇ - မေတ္တာနှလုံးသား ပုံရိပ်များ၊ စာပေသမုဒ္ဒရာ၌ လက်ပစ်ကူးခြင်း၊ စကားသမုဒ္ဒရာ-စာသမုဒ္ဒရာ စသော စာအုပ်များထွက်။ ၂၀၀ဝ - တစ်သံ နှစ်သံ သုံးလေးသံ စာအုပ်ထွက်။ ၂၀၀၁ - သုတေသနလက်စွဲစာအုပ်ထွက်။ ၂၀၀၂ - နှစ်လေးဆယ်ဘဝမှတ်တိုင်များစာအုပ်ထွက်။ (ယင်းစာအုပ်ဖြင့် အမျိုးသားစာပေဆု(စာပဒေသာဆု)ရရှိ။ ၂၀၀၃ - ထိုင်းနိုင်ငံ ချူလာလောင်ကွန်တက္ကသိုလ် နိုင်ငံတကာ ရသစာပေဆွေးနွေးပွဲတွင် MyanMa Post-colonial Literature စာတမ်းကို ဖတ်ကြားခဲ့။ စာဆိုဘဝ၊ စာဆိုတော်-စာဆိုလက်ရာ စာအုပ်ထွက်။ ၂၀၀၄ - ထိုင်းနိုင်ငံ၊ ဇင်းမယ်မြို့၌ AUNကကျင်းပသော ဘာသာစကားသင်ကြားရေး ဆွေးနွေးပွဲတွင် Some Phonological Problem in Teacher Myanma or a Foreign Language in Foreigners စာတမ်းဖတ်ကြားခဲ့။ အတ္ထဗေဒနိဒါန်း၊ တပည့်နှင့်ဆရာ-ဆရာနှင့်တပည့်၊ စာပေမှတ်တိုင်များကို ဖြတ်သန်းခြင်း စသောစာအုပ်များ ထွက်။ ၂၀၀၅ - သက်တံရောင်စုံဘာသာစကား၊ မောင်ရုပ်ဆိုးနှင့်မယ်မဒ္ဒီ ရသစာတမ်းများ စသောစာအုပ်များထွက်။ ဆုများ၁၉၈၇ - စာပေဗိမာန် စာမူဆုပြိုင်ပွဲတွင် မြန်မာစကား၊ မြန်မာစာရုပ်ပုံလွှာ စာမူဖြင့် သုတပဒေသာ(ဝိဇ္ဇာ)ပညာရပ်တွင် ပထမဆုရရှိသည်။၂၀၀၂ - အောက်တိုဘာလ (၁၉) ရက်နေ့တွင် ကျင်းပသော ရန်ကုန်တက္ကသိုလ်(၁၀၅)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားတွင်ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့ ကိုချီးမြှင့်အပ်နှင်းခြင်း ခံရသည်။၂၀ ၀၂ - နှစ်လေးဆယ်ဘဝမှတ်တိုင်များစာအုပ်ဖြင့် အမျိုးသားစာပေဆု(စာပဒေသာဆု)ရရှိသည်။ ၂၀၀၇ ခုနှစ် ဝိဇ္ဇာပညာ ထူးချွန်တံဆိပ် (ဒုတိယဆင့်)၊ ၂၀၂၀ ပြည့်နှစ်တွင် ဝိဇ္ဇာပညာထူးချွန် တံဆိပ် (ပထမဆင့်)တို့ကို နိုင်ငံတော်က ချီးမြှင့်ခြင်း ခံခဲ့ရသည်။၂၀၁၃ ခုနှစ်တွင် အမျိုးသားစာပေတစ်သက်တာဆု ကို ချီးမြှင့်ခံရသည်။ ၂၀၂၄ ခုနှစ်တွင် အလင်္ကာကျော်စွာဘွဲ့ ကို ချီးမြှင့်ခြင်းခံခဲ့ရသည်။ ရေးသား ထုတ်ဝေခဲ့သော စာအုပ်များ၁။ စကားပြေ သဘောတရား စကားပြေ အတတ်ပညာ (စတုတ္ထအကြိမ်) ၁၉၇၉/ ၂၀၀၄ ၂။ စကားပြေ အဖွဲ့ ပုံစံများနှင့် ဘာသာပြန် လေ့လာချက် ၁၉၈၀ ၃။ ရုံးသုံး မြန်မာစာ ၁၉၈၀ ၄။ ပြည်သူ့အတွက် မြန်မာ စကားပြေ ၁၉၈၀ ၅။ မြန်မာစကား မြန်မာစာ ရုပ်ပုံလွှာ ၁၉၉၀ ၆။ မြန်မာဘာသာစကား ပညာရှင်များနှင့် ဘာသာစကား အမြင် (ပြန်ရိုက်) ၁၉၉၂/၂၀၀၅ ၇။ စာစီစာကုံး သင်ကြားရေး ၁၉၉၂ ၈။ လမ်းမပျောက်ပါ ၁၉၉၂ ၉။ စန္ဒာမုနိသွန်းစက်တော်၏ ရာပြည့်ခရီး ၁၉၉၃ ၁၀။ အခြေခံ အထက်တန်း အဆင့် စကားပြေ သင်ကြားရေး ၁၉၉၄ ၁၁။ ကဗျာ သဘောတရားနှင့် ကဗျာ လေ့လာနည်း ၁၉၉၅ ၁၂။ မေတ္တာ နှလုံးသား ပုံရိပ်များ ၁၉၉၇ ၁၃။ စာပေ သမုဒ္ဒရာ၌ လက်ပစ်ကူးခြင်း (ပြန်ရိုက်) ၁၉၉၇/၂၀၀၅ ၁၄။ စကားသုမုဒ္ဒရာ စာသမုဒ္ဒရာ ၁၉၉၇ ၁၅။ တသံ နှစ်သံ သုံးလေးသံ ၂၀၀၀ ၁၆။ နှစ်လေးဆယ် ဘဝမှတ်တိုင်များ ၂၀၀၂ ၁၇။ သုတေသန လက်စွဲ ၂၀၀၁ ၁၈။ စာဆိုဘဝ စာဆိုတော်၊ စာဆိုလက်ရာ ၂၀၀၃ ၁၉။ အတ္ထဗေဒနိဒါန်း ၂၀၀၄ ၂၀။ တပည့်နှင့်ဆရာ ဆရာနှင့်တပည့် ၂၀၀၄ ၂၁။ စာပေမှတ်တိုင်များကို ဖြတ်သန်းခြင်း ၂၀၀၄ ၂၂။ သက်တံရောင်စုံ ဘာသာစကား ၂၀၀၅ ၂၃။ မောင်ရုပ်ဆိုးနှင့် မယ်မဒ္ဒီရသစာတမ်းများ ၂၀၀၅ ၂၄။ လူငယ်အကြောင်း ပညာအကြောင်း ဆရာအကြောင်း တစေ့တစောင်း ၂၀၁၉ ပူးတွဲ ပြုစုခဲ့သော စာအုပ်များ၁။ မြန်မာစာပေသမိုင်း (အခြေခံပညာ အထက်တန်း စိတ်ကြိုက်မြန်မာစာ) (ဦးစောထွန်းနှင့်ပူးတွဲ) ၁၉၈၅ ၂။ နှင်းဆီဝတ်မှုန် စာစီစာကုံး သဘောတရားနှင့် လက်တွေ့ အရေးအသား (ဦးသန်းထွတ်နှင့် ပူးတွဲ) ၁၉၉၆ ၃။ မြန်မာစကား၊ မြန်မာစာ (ဦးတင်ရွှေနှင့် ပူးတွဲ) ထင်ရှားသော စာအုပ်အချို့၁။ စကားပြေသဘောတရား၊ စကားပြေအတတ်ပညာ ၂။ မြန်မာစကား၊ မြန်မာစာရုပ်ပုံလွှာ ၃။ မြန်မာဘာသာစကားပညာရှင်များနှင့် ဘာသာစကားအမြင် ၄။ မေတ္တာနှလုံးသားပုံရိပ်များ ၅။ စာပေသမုဒ္ဒရာ၌လက်ပစ်ကူးခြင်း ၆။ စကားသမုဒ္ဒရာ-စာသမုဒ္ဒရာ ၇။ နှစ်လေးဆယ်ဘဝမှတ်တိုင်များ ၈။ စာပေမှတ်တိုင်များကို ဖြတ်သန်းခြင်း ၉။ မောင်ရုပ်ဆိုးနှင့်မယ်မဒ္ဒီရသစာတမ်းများ ၁၀။ နှစ်ဆယ်ရာစု စကားပြေဆရာများ။ [၄] ကိုးကား
|
Portal di Ensiklopedia Dunia