အမျိုးသားစာပေတစ်သက်တာဆု

အမျိုးသားစာပေ တစ်သက်တာဆု (အင်္ဂလိပ်: National Literary Award for Lifetime) သည် မြန်မာနိုင်ငံတွင် နိုင်ငံတော်က ချီးမြှင့်သည့် စာပေ နှင့် ပတ်သတ်သော အမြင့်ဆုံးဆုဖြစ်သည်။၂ဝဝ၁ ခုနှစ် အတွက် အမျိုးသားစာပေဆုစာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲ တွင် အမျိုးသားစာပေ တစ်သက်တာဆု အား ပထမဆုံးအကြိမ် အဖြစ် ထည့်သွင်းပေးအပ်ခဲ့သည်။ပထမဦးဆုံး ဆုရရှိသူမှာ ဆရာကြီးပါရဂူ (ဦးလှကြိုင်) ဖြစ်သည်။

သမိုင်းကြောင်း

အမျိုးသားစာပေ တစ်သက်တာဆု ဖြစ်ပေါ်လာပုံမှာ ထိုင်းနိုင်ငံ၌ နှစ်စဉ်ကျင်းပလေ့ရှိသည့် မြန်မာအပါအဝင် အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ စာပေပညာရှင်များအား ပေးအပ်သော အရှေ့တောင်အာရှ စာပေဆု အပြင် ပြန်ကြားရေးဝန်ကြီး ဗိုလ်ချုပ် ကြည်အောင် တို့နှင့် ဆက်နွယ်နေသည်။[]ဖြစ်စဉ်အကျဉ်း မှာ ၂ဝဝ၂ ခုနှစ်အတွက် အရှေ့တောင်အာရှ စာပေဆု လက်ခံရယူရန် မြန်မာနိုင်ငံ ကိုယ်စား ဆရာကြီးပါရဂူ (ဦးလှကြိုင်) အား ရွေးချယ်ခံခြင်းမှ စသည်။ထိုနှစ်မှာပင် နအဖစစ်အစိုးရ က မြန်မာနိုင်ငံမှ စာပေပညာရှင်များအား နှစ်စဉ်ဆုလက်ခံခွင့်ပေးနေခြင်းအစား မူပြောင်းပြီး ငြင်းပယ်ခဲ့သည်။ ပြန်ကြားရေးဝန်ကြီး ဖြစ်သူ ဗိုလ်ချုပ် ကြည်အောင် က အရှေ့တောင်အာရှ စာပေဆု အား ဆရာပါရဂူ သွားရောက်မယူဖြစ်ခဲ့မှုအပေါ် စိတ်မကောင်းဖြစ်ပြီး အလားတူ စာပေဆုမျိုး မြန်မာနိုင်ငံတွင် တီထွင်၍ပေးရန် ဆွေးနွေးကြရင်း စာပေပညာရှင်အချို့ နှင့် ဆွေးနွေးခဲ့ကြသည်။အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီ အဖွဲ့ဝင် အချို့ဖြစ်သော ဆရာဦးသော်ကောင်း (စည်သူဒေါက်တာသော်ကောင်း)၊ ဆရာကြီး ဒေါက်တာကျော်စိန် (ပညာရေးဝန်ကြီးဟောင်း)၊ ဦးတင်ခ (တက္ကသိုလ်တင်ခ) ၊ဆရာမောင်ဆုရှင် အပါအဝင် ပညာရှင်များက အမျိုးသား စာပေတစ်သက်တာဆု ဆိုသည့် အမည်အား ပေးအပ်ရန် ရွေးချယ် ဆုံးဖြတ်ခဲ့ကြသည်။ဆုအား အတည်ပြုခါနီးချိန် ၂ဝဝ၂ ခုနှစ် စက်တင်ဘာ ၁၃ ရက်တွင် ပြန်ကြားရေးဝန်ကြီး အပြောင်းအလဲ ဖြစ်ပေါ်လာသည်။ ပြန်ကြားရေး ဝန်ကြီးအသစ် ဗိုလ်မှူးချုပ် ကျော်ဆန်း က အမျိုးသား စာပေဆုကိစ္စနှင့် အသစ်ထွင်ထားသော အမျိုးသား စာပေ တစ်သက်တာဆု အားလက်ခံဆောင်ရွက်ပေးခဲ့သည်။၂ဝဝ၂ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက် တွင် ရန်ကုန်မြို့ ၌ ကျင်းပသည့် ၂ဝဝ၁ ခုနှစ် အတွက် စာပေဆုများတွင် အမျိုးသားစာပေ တစ်သက်တာဆု အား ပထမဆုံးအကြိမ် အဖြစ် ထည့်သွင်းပေးအပ်ခဲ့သည်။

ဆုရွေးချယ်မှုပုံစံ

စတင်ပေးအပ်စဉ် က တစ်ဦးတည်းဖြစ်ခဲ့သော်လည်း နောင်နှစ်များတွင် နှစ်ဦး၊ သုံးဦး အထိ ရွေးခဲ့သည့် နှစ်များလည်း ရှိသည်။ ၂ဝဝ၂ ခုနှစ် အတွက် မှစ၍ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီဝင်များက မိမိတို့ နှစ်သက်ရာ အမည်စာရင်း (သုံးဦးကို)ရွေး၍ တင်နိုင်ပြီး ရရှိသည့် ဆန္ဒမဲပေါ် မူတည်၍ ရွေးခဲ့ကြသည်။ နောင်အခါ အတွင်းရေးမှူးအဖွဲ့က သက်ရှိထင်ရှား ရှိနေသည့် စာရေးဆရာများ၊ စာပေပညာရှင်များ စာရင်းပြုစု၍ လျှို့ဝှက်ဆန္ဒမဲများပေးကာ ရွေးချယ်ခဲ့ကြသည်။၂ဝ၁၇ ခုနှစ်မှစ၍ စာရေးဆရာ တစ်ဦးနှင့် ပညာရှင်တစ်ဦးစီ ရွေးချယ်ချီးမြှင့်ခဲ့သည်။

သတ်မှတ်ချက်များ

  • ဘဝတစ်သက်တာပတ်လုံး စာပေတွင် မြှုပ်နှံခဲ့ခြင်း
  • ကိုယ်ကျိုးစီးပွား အလေးမထားဘဲ စာပေနှင့် မွေ့လျော်ခဲ့သူဖြစ်ခြင်း
  • စာပေနှင့်သာ အသက်မွေးဝမ်းကျောင်းပြုခဲ့သူဖြစ်ခြင်း
  • နိုင်ငံ နှင့် လူမျိုးတို့၏ အကျိုးစီးပွားအား စာပေစွမ်းပကားဖြင့် တစိုက်မတ်မတ် သယ်ပိုးထမ်းရွက်ခဲ့သူဖြစ်ခြင်း။

ဆုရရှိခဲ့ကြသူများ

စဉ် ခုနှစ် ရရှိသူ မှတ်ချက်
၂၀၀၁ ပါရဂူ
၂၀၀၂ ဦးထင်ဖတ် (မောင်ထင်)
၂၀၀၃ ဦးဌေးမောင် (ဌေးမောင်)
၂၀၀၄ ဦးလေးမြိုင် (လေးမြိုင်)
၂၀၀၅ စောမုံညင်း
၂၀၀၆ မကြန်
၂၀၀၇ ဆင်ဖြူကျွန်း အောင်သိန်း
၂၀၀၈ ဒေါက်တာ ကျော်စိန်
၂၀၀၉ ဒေါက်တာ ခင်မောင်ညွန့်
၁၀ ၂၀၁၀ ဒေါက်တာ ဦးသော်ကောင်း
၁၁ ၂၀၁၁ မင်းယုဝေ
၁၂ ၂၀၁၂ ခင်ဆွေဦး
အောင်သင်း
သိပ္ပံမှူးတင်
၁၃ ၂၀၁၃ ဒေါက်တာဦးခင်အေး (မောင်ခင်မင်-ဓနုဖြူ)
စည်သူဦးတင်လှိုင် (လယ်တွင်းသား စောချစ်)
ဦးမြင့်ကြည် (တက္ကသိုလ် မြတ်စိုး)
၁၄ ၂၀၁၄ ဦးဝင်းဖေ (မြဇင်)
ဦးခင်မောင်စိုး (မောင်ပေါ်ထွန်း)
ဦးကိုလေး (ကိုလေး-အင်းဝဂုဏ်ရည်)
၁၅ ၂၀၁၅ ဦးဝင်းမွန် (တက္ကသိုလ်ဝင်းမွန်)
ဦးတင်ခ (တက္ကသိုလ်တင်ခ)
၁၆ ၂၀၁၆ ဦးကျောက်ဆောက်သာနိုး (မောင်သာနိုး)
ဦးသန်းထွန်း (သိန်းသန်းထွန်း)
ဦးကျော်ဝင်း (ညိုဝင်း)
၁၇ ၂၀၁၇ ဦးမြင့်လွင် (ဖိုးကျော့)
ဦးထွန်းရီ (ထွန်းရီ-ရှေးဟောင်းသုတေသီ)
၁၈ ၂၀၁၈ ဦးတင်မောင်မြင့် (တင်မောင်မြင့်)
ဦးထွန်းအောင်ချိန် (ထွန်းအောင်ချိန်)
၁၉ ၂၀၁၉ ဦးအံ့မောင် (အံ့မောင်)
ဦးညွန့်မောင် (မောင်မောင်ညွန့် - မန်းတက္ကသိုလ်)
၂၀ ၂၀၂၀ ဦးမောင်မောင်လတ် (နောင်)
ဦးစိန်လှိုင် (သူရဇော်)
ဒေါ်ချိုချိုတင် (မစန္ဒာ) (၂ဝ၂ဝ)
၂၁ ၂၀၂၁ [] ဦးကျော်ဇင်ညွန့် (တက္ကသိုလ်မြတ်သူ)
ဦးအုန်းမောင်(မြင်းမူမောင်နိုင်မိုး)
ဒေါက်တာ မျိုးသန့်တင်
ဒေါက်တာဒေါ်တင်ဝင်း (ဒေါက်တာမတင်ဝင်း- ပညာရေးတက္ကသိုလ်)
၂၂ ၂၀၂၂ [] ဒေါက်တာ သန်းဦး (ပြည်စိုးမင်း)
ဒေါ်ခင်သန်းဝင်း (ကြူကြူသင်း)
ဦးချစ်စံ (ချစ်စံဝင်း)
ဒေါက်တာ ထွန်းတင့် (ဒေါက်တာ ထွန်းတင့်-မြန်မာစာ)
၂၃ ၂၀၂၃ [] ဒေါက်တာမင်းတင်မွန် (ပါရဂူမင်းနန္ဒာ)
ဒေါက်တာ တိုးလှ
ဦးညွန့်ဆွေ (မောင်ဆွေသက်)
ဦးသန်းဆွေ (မောင်သန်းဆွေ-ထားဝယ်)
ဒေါက်တာကျော်ဝင်း (သမိုင်း)
ဦးညွန့်တင်(မောင်ငြိမ်းသူ-ကြို့ပင်ကောက်)

အခြားကြည့်ရန်

ကိုးကား

  1. အမျိုးသားစာပေ တစ်သက်တာဆု၏ အတိတ်ခြေရာMyanmar Digital News (၂၃ ဩဂုတ် ၂၀၂၂)။ ၂၃ ဩဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  2. ၂၀၂၁ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုနှင်းသဘင်အခမ်းအနားကျင်းပ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ပေးအပ်MWD Webportal (၂၃ နိုဝင်ဘာ ၂၀၂၂)။ ၂၃ ဩဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  3. ၂၀၂၂ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုများ ထုတ်ပြန်ကြေညာMyanmar Digital News (၁၈ နိုဝင်ဘာ ၂၀၂၃)။ ၂၃ ဩဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  4. 2023 National Literary Awards, Lifetime Achievement Awards announcedGlobal New Light of Myanmar (22 Nov 2024)။ 4 Dec 2024 တွင် ပြန်စစ်ပြီး။
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya