ပြည်တက္ကသိုလ်

ပြည်တက္ကသိုလ်
အမျိုးအစားအများဆိုင်
တည်ထောင်၁၉၇၇ (၁၉၇၇)
တည်နေရာပြည်မြို့, ပဲခူးတိုင်းဒေသကြီး, မြန်မာနိုင်ငံ
ဝဘ်ဆိုဒ်asup.moe-st.gov.mm

ပြည်တက္ကသိုလ် သည် မြန်မာနိုင်ငံပဲခူးတိုင်းဒေသကြီးပြည်မြို့တွင် တည်ရှိသော ဝိဇ္ဇာသိပ္ပံတက္ကသိုလ်တစ်ခု ဖြစ်သည်။ နယ်မြေအကျယ်အဝန်းမှာ ၄၉.၈၁ ဧက ဖြစ်သည်။[] ပြည်တက္ကသိုလ်တွင် ဝိဇ္ဇာဘွဲ့ (BA) နှင့် သိပ္ပံဘွဲ့ (BSc) များ၊ မဟာဝိဇ္ဇာဘွဲ့ (MA) နှင့် မဟာသိပ္ပံဘွဲ့ (MSc) သင်တန်းများကို တက်ရောက်နိုင်သည်။

သမိုင်းကြောင်း

ပဲခူးတိုင်းဒေသကောလိပ် (ရွှေတောင်) ကို ၁၉၇၇ ခုနှစ် မေလ ၂၇ ရက်နေ့တွင် ရွှေတောင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၁၉၇၉ ခုနှစ် ဧပြီ ၁၀ ရက်နေ့တွင် ရွှေတောင်မြို့မှ ပြည်မြို့သို့ ပြောင်းရွှေ့ပြီး အခြေခံပညာ အထက်တန်းကျောင်း အမှတ်(၂)ကို ပဲခူးတိုင်းဒေသကောလိပ် (ပြည်) အဖြစ်လည်းကောင်း၊ ၁၉၈၁ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ပြည်ကောလိပ်အဖြစ် လည်းကောင်း၊ ၁၉၉၆ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့တွင် ပြည်ဒီဂရီကောလိပ်အဖြစ် လည်းကောင်း၊ ၁၉၉၉ ခုနှစ် နိုဝင်ဘာလ ၁၁ရက်နေ့တွင် ပြည်တက္ကသိုလ်အဖြစ်လည်းကောင်း အဆင့်ဆင့် တိုးမြှင့်ဖွင့်လှစ်ခဲ့သည်။[]

ကိုးကား

  1. ၁.၀ ၁.၁ Background History of Pyay University။ 16 February 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၅ ဇန်နဝါရီ ၂၀၁၈ တွင် ပြန်စစ်ပြီး။


Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya