မောင်မောင်တင့်
ဦးမောင်မောင်တင့် သည် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၃) ၏ ပြည်ထောင်စုဝန်ကြီး ဖြစ်သည်။ယင်းမတိုင်မီက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၃) ၏ ပြည်ထောင်စုဝန်ကြီး နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့သည်။[၁] ဝန်ထမ်းဘဝသူသည် နိုင်ငံဝန်ထမ်းဘဝ တွင် နှစ်ပေါင်း ၃၅နှစ်ကျော် နီးပါးတာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ဝန်ထမ်းဘဝတွင် အမြင့်ဆုံးတာဝန်ထမ်းဆောင်ခဲ့သည့် ရာထူးမှာ အမျိုးသားစီမံကိန်းနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန တို့ရှိ စီမံကိန်းစိစစ်ရေးနှင့်တိုးတက်မှုအစီရင်ခံရေးဦးစီးဌာန[၂] နှင့် စီမံကိန်းရေးဆွဲရေးဦးစီးဌာန[၃] တို့၏ ညွန်ကြားရေးမှူးချုပ်တာဝန်များဖြစ်သည်။စီမံကိန်းရေးဆွဲရေးဦးစီးဌာန ညွန်ကြားရေးမှူးချုပ် တာဝန်ကို ၂၀၁၃ ခုနှစ် စက်တင်ဘာ ၅ရက်တွင် အစမ်းခန့်ခံရပြီး ၂၀၁၄ ခုနှစ် ဇူလိုင် ၃ရက်နေ့တွင် အတည်ပြုခန့်အပ်ခံရသည်။[၄] ထိုတာဝန်များကို ၂၀၁၉ ခုနှစ် နှောင်းပိုင်းအထိ တာဝန်ထမ်းဆောင်သည်။ [၅] ၂၀၂၁ နောက်ပိုင်းအခြေအနေ၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းပြီးနောက် သူ့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင်အဖြစ် ခန့်အပ်တာဝန်ပေးသည်။ထိုတာဝန်ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့အထိ တာဝန်ထမ်းဆောင်သည်။ပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥ က္ကဋ္ဌရုံးဝန်ကြီးဌာန (၃) ၏ ပြည်ထောင်စုဝန်ကြီး အဖြစ် ခန့်အပ်ခံရသည်။[၆] ၂၀၂၅ ခုနှစ် ဇူလိုင် ၃၁ ရက် တွင် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၃) ၏ ပြည်ထောင်စုဝန်ကြီး အဖြစ် တာဝန်ပေးခံခဲ့ရသည်။[၇] ကိုးကား
|
Portal di Ensiklopedia Dunia