သမ္မတရုံး ဝန်ကြီးဌာန
သမ္မတရုံး ဝန်ကြီးဌာန (တနည်းအားဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး၊ အင်္ဂလိပ်: Office of the President of the Republic of the Union of Myanmar) သည် မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနများတွင် နိုင်ငံတော် သမ္မတ တာဝန်ထမ်းဆောင်သည့်ရုံး ဖြစ်သည်။ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ဦးလွင်ကိုလတ်အား ပြည်ထောင်စုဝန်ကြီးတာဝန်များကို ထမ်းဆောင်ရန် ခေတ္တပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ထားသည်။[၂] သမိုင်းကြောင်းစစ်အစိုးရအုပ်ချုပ်ရေးမှ ဒီမိုကရေစီအုပ်ချုပ်ရေးသို့ကူးပြောင်းရာ ၂၀၁၁ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်။နိုင်ငံတော်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရန်၊ ၂၀၁၃ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို လက်ခံကျင်းပရန်နှင့် ၂၀၁၄အာဆီယံထိပ်သီးအစည်းအဝေးကို လက်ခံကျင်းပရန်အတွက် ၂၀၁၂ခုနှစ် စက်တင်ဘာလ၄ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာနကို ဝန်ကြီးဌာန၆ခုအထိတိုးချဲ့ခဲ့သည်။ [၃]၂၀၁၃ခုနှစ် ဇန်နဝါရီလ၉ရက်နေ့တွင် သမ္မတဦးသိန်းစိန်က ထိုစဉ်က ပြန်ကြားရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးရဲထွဋ်ကို နိုင်ငံတော်သမ္မတရုံး၏ ပထမဆုံးသော ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်အဖြစ် ခန့်အပ်ခဲ့သည်။[၄]ထို့နောက်တွင် သမ္မတရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဆက်လက်ဆောင်ရွက်ခဲ့သည်။သမ္မတဦးထင်ကျော်လက်ထက်တွင် ဝန်ကြီးဌာနတစ်ခုတည်းအဖြစ်လျှော့ချခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က ဝန်ကြီးအဖြစ်ဆောင်ရွက်ခဲ့သည်။ ဖွဲ့စည်းပုံ
ဌာနချုပ်နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများရုံးထိုင်သည့် နိုင်ငံတော်သမ္မတရုံးကို နိုင်ငံတော်သမ္မတအိမ်တော်တွင် ထားရှိထားသည်။ထိုရုံးကို တာဝန်ခံသည့် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာနအား နေပြည်တော်ရှိ ရုံးအမှတ် (၁၈)တွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနနှင့် တွဲ၍ ဖွင့်လှစ်ထားသည်။[၁]၂၀၂၀ပြည့်နှစ်တွင် ပြည်ထောင်စုတရားလွှတ်တော်အနီးတွင် ဝန်ကြီးရုံးအသစ် တည်ဆောက်လျက်ရှိသည်။[၆]ရုံးအမှတ် (၁၈)သည် ယခင် နအဖအစိုးရလက်ထက်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီရုံးနှင့် ဝန်ကြီးချုပ်ရုံးဝန်ကြီးဌာနတို့ ဖွင့်လှစ်ခဲ့သည့် ရုံးအဆောက်အဦးဖြစ်သည်။ ဝန်ကြီးများစာရင်း
သမ္မတအကြံပေးပုဂ္ဂိုလ်များ (၂၀၁၁-၂၀၁၆)သမ္မတဦးသိန်းစိန်လက်ထက်တွင် စီးပွားရေး၊ သာသနာရေး၊ဥပဒေ၊ ပညာရေးဆိုင်ရာသမ္မတအကြံပေးပုဂ္ဂိုလ်များ ခန့်အပ်ခဲ့သည်။ သမ္မတအကြံပေးအဖွဲ့ဝင်၉ဦး[၇]ကို ၂၀၁၁ခုနှစ် ဧပြီ၁၉ရက်နေ့တွင် ခန့်အပ်ခဲ့သည်။[၈]၂၀၁၄ခုနှစ် ဇွန်လ၁၈ရက်နေ့တွင် ဦးမြင့်မောင်နှင့် ဦးစိန်ဝင်းအောင်ကို သာသနာရေးဆိုင်ရာ အကြံပေးအဖြစ် ထပ်မံခန့်အပ်ခဲ့သည်။[၉][၁၀][၁၁] ၂၀၁၄ခုနှစ်အထိ သမ္မတအကြံပေးအချို့မှာ အောက်ပါအတိုင်းဖြစ်သည်။
ကိုးကား
|
Portal di Ensiklopedia Dunia