မဲပလီစခန်းတိုက်ပွဲ
မဲပလီစခန်းတိုက်ပွဲသည် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) နှင့် ဖက်ဒရယ်ဒီမိုကရေစီ အင်အားစု (Force for Federal Democracy) အပါအဝင် ခုခံရေးပူးပေါင်းတပ်ဖွဲ့များက ဘီးလင်းမြို့နယ်၊ မဲပလီရွာရှိ မြန်မာ့တပ်မတော်၏ မဟာဗျူဟာမြောက်စခန်းကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။[၁] နောက်ခံအခြေအနေမဲပလီမဟာဗျူဟာစခန်းတွင် တပ်စွဲထားသော အရာရှိနှင့် စစ်သည်အချို့သည် ဒေသခံအရပ်သားများကို အလွဲသုံးစားပြုမှုများတွင် ပါဝင်ခဲ့ကြောင်း သတင်းရရှိသည်။ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်နေ့တွင် အမှတ် (၄၀၅) တပ်ရင်းမှူး (ဒုတိယဗိုလ်မှူးကြီး) အပါအဝင် ဗိုလ်ကြီးတစ်ဦး၊ တပ်ကြပ်ကြီးတစ်ဦးနှင့် တပ်သားတစ်ဦးတို့သည် မဲပလီကျေးရွာ၌ အရက်သေစာသောက်စားမူးယစ်ကာ ရွာသား ၈ ဦးကို အကြောင်းမဲ့ ပြင်းပြင်းထန်ထန် ရိုက်နှက်ပြီး ရွာဆေးရုံတွင် ပစ်ထားခဲ့သည်။ ရွာသားတစ်ဦးမှာ နောက်တစ်နေ့တွင် ဒဏ်ရာများဖြင့် သေဆုံးခဲ့သည်။ ဒုတိယဗိုလ်မှူးကြီးသည် အမျိုးသမီးနှစ်ဦးအား အဓမ္မပြုကျင့်မည်ဟုလည်း ခြိမ်းခြောက်ခဲ့သည်။[၂] တိုက်ပွဲဇန်နဝါရီလ ပထမပတ်မှစတင်၍ ခုခံရေးပူးပေါင်းတပ်ဖွဲ့များသည် မဲပလီမဟာဗျူဟာစခန်းကို ဝိုင်းရံပြီး မော်တာများနှင့် ခြေလျင်တပ်၏ ထိုးစစ်များဖြင့် တိုက်ခိုက်ခဲ့သည်။ ကျိုက်ထိုမြို့နယ်တွင် တပ်စွဲထားသော SAC တပ်ဖွဲ့များသည် လက်နက်ကြီးများ ပစ်ခတ်ခြင်းနှင့် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သော်လည်း တော်လှန်ရေးတပ်ဖွဲ့များကို မောင်းထုတ်ရန် မအောင်မြင်ခဲ့ပေ။ သို့သော် လက်နက်ကြီးများ အသုံးပြုမှုကြောင့် မဲပလီနှင့် အစူးချောင်းကျေးရွာအုပ်စုတို့မှ အရပ်သား ၃,၀၀၀ ခန့် နေရပ်စွန့်ခွာခဲ့ရသည်။[၃] ဖေဖော်ဝါရီလ ၁ ရက်နေ့၊ နံနက် ၁၁ နာရီတွင် ပူးပေါင်းတပ်ဖွဲ့ဝင် အသီးသီးသည် စခန်းအတွင်းသို့ ထိုးစစ်စတင်ခဲ့သည်။[၄] စခန်း၏ ပတ်ပတ်လည် ခြံစည်းရိုးကို ဖောက်ထွင်းဝင်ရောက်ပြီး တော်လှန်ရေးတပ်ဖွဲ့များသည် စခန်း၏ ကျင်းများအတွင်းသို့ အလျင်အမြန်ပြေးဝင်ကာ စစ်ကောင်စီတပ်သားများနှင့် အနီးကပ်တိုက်ပွဲများ ဆင်နွှဲခဲ့သည်။ တော်လှန်ရေးတပ်ဖွဲ့များသည် စခန်းနှင့် ကျင်းအားလုံးကို ထိန်းချုပ်လိုက်သည်နှင့် စခန်းပတ်ဝန်းကျင်ရှိ သစ်ပင်တန်းများအတွင်းသို့ ဆက်လက်ပစ်ခတ်ခဲ့ရာ ကျန်ရှိသောတပ်ဖွဲ့ဝင်များ လက်နက်ချပြီး ခုခံရေးအဖွဲ့များက ထိန်းသိမ်းခဲ့သည်။ တိုက်ပွဲအတွင်း စစ်ကောင်စီမှ ၄၀ ဦး သေဆုံးခဲ့သည်။[၂] တိုက်ပွဲအပြီးတွင် စစ်သုံ့ပန်း ၂၉ ဦးကို ချက်ချင်း ဖမ်းဆီးရမိခဲ့သည်။[၄] ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် (KNDO) ဦးဆောင်သည့် တော်လှန်ရေးတပ်များက သိမ်းပိုက်ရရှိခဲ့သော ဘီးလင်းမြို့နယ်ရှိ မယ်ပရေခီး (မဲပလီ) စခန်းကို ပြန်လည်ရယူရန် စစ်ကောင်စီက ကြိုးပမ်းလျက်ရှိသည်။ မေ ၂၈ ရက်နေ့တွင် KNU-တပ်မဟာ (၁) တပ်မဟာမှူး ဗိုလ်မှူးချုပ် စောစိုးမြင့်ထွေး၏ ပြောကြားချက်အရ စစ်ကောင်စီသည် မယ်ပရေခီးစခန်းကို ပြန်တိုက်ရန်အတွက် နတ်ကြီးရွာနှင့် ဘီးလင်းမြို့နယ်တို့တွင် စစ်အင်အား ၄၀၀ ဝန်းကျင်အထိ ဖြည့်တင်းနေသည်ကို တွေ့ရသည်။ ထို့အပြင် KNU-ဒူးသထူခရိုင်၊ တပ်မဟာ (၁) နယ်မြေအတွင်းရှိ ဝင်းတာပန်နှင့် လေးကေစခန်းများကိုလည်း ပြန်လည်ထိန်းချုပ်နိုင်ရန် စစ်ကောင်စီက အင်အား ၂၀၀ ဝန်းကျင် ဖြည့်တင်းလျက်ရှိသည်။ ဧပြီ ၂၃ ရက်နေ့နောက်ဆုံးထား၍ ဆုတ်ခွာရန် KNDO တပ်ရင်း (၁) က ကြေညာခဲ့သော်လည်း စစ်ကောင်စီတပ်များ ဆုတ်ခွာခြင်းမရှိ၍ အဆိုပါဒေသများတွင် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။[၅] နောက်ဆက်တွဲနှင့် အရေးပါမှုတော်လှန်ရေးတပ်ဖွဲ့များသည် မဲပလီမဟာဗျူဟာစခန်းကို သိမ်းပိုက်ပြီးနောက် ၁၂၂ မီလီမီတာ ဟောင်ဝစ်ဇာအမြောက်တစ်လက်၊ မော်တာအမျိုးမျိုး၊ ရိုင်ဖယ်များနှင့် ခဲယမ်းမီးကျောက်များကို သိမ်းဆည်းရမိခဲ့သည်။ ဖမ်းဆီးရမိသော စစ်သုံ့ပန်းများတွင် ရာထူးအဆင့်အမျိုးမျိုးရှိသော အရာရှိများ ပါဝင်ခဲ့သည်။ မဲပလီစခန်းတွင် တပ်စွဲထားသော စစ်သည်များနှင့် အရာရှိအချို့မှာ တိုက်ပွဲအတွင်း ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ၎င်းတို့ထဲတွင် တပ်ရင်းမှူးတစ်ဦးလည်း ပါဝင်သည်။ ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ အရာရှိတစ်ဦးက တိုက်ပွဲမှ ထွက်ပြေးလာသော စစ်သည် ၂၅ ဦးကို ဖမ်းဆီးခဲ့ပြီး စစ်သုံ့ပန်းစုစုပေါင်း ၅၂ ဦးအထိ တိုးလာကြောင်း ပြောကြားခဲ့သည်။[၂] အဆိုပါအောင်ပွဲသည် မြန်မာနိုင်ငံ၏ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု နှစ်ပတ်လည်နေ့နှင့် တိုက်ဆိုင်ခဲ့သည်။ ကိုးကား
|
Portal di Ensiklopedia Dunia