ပဲခူး အစုအပြုံလိုက် သတ်ဖြတ်မှု
ပဲခူးမြို့ အစုအပြုံလိုက် သတ်ဖြတ်မှုသည် ၂၀၂၁ ခုနှစ်၊ ဧပြီလ ၉ ရက်၊ သောကြာနေ့တွင် မြန်မာနိုင်ငံ၊ ပဲခူးမြို့၌ အရပ်သားများကို အစုအပြုံလိုက် သတ်ဖြတ်ခြင်းဖြစ်သည်။ အစုအပြုံလိုက် သတ်ဖြတ်မှုအတွင်း မြန်မာစစ်တပ်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များသည် အရပ်သား အနည်းဆုံး ၈၂ ဦးကို သတ်ဖြတ်ခဲ့သည်။[၁] ထိုအချိန်တွင် ယင်းအစုအပြုံလိုက် သတ်ဖြတ်မှုသည် ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုအပြီး ဖြစ်ပွားခဲ့သော ပြည်တွင်း၌ လူအများဆုံး သေဆုံးသည့် တစ်ခုတည်းသော ဖြစ်ရပ်ဖြစ်ခဲ့ပြီး ယင်းမတိုင်မီ တစ်လမပြည့်မီက လှိုင်သာယာ အစုအပြုံလိုက် သတ်ဖြတ်မှု ဖြစ်ပွားခဲ့သည်။[၂] ပဲခူးမြို့ အစုအပြုံလိုက် သတ်ဖြတ်မှုသည် ၂၀၂၁ ခုနှစ် ဧပြီလအတွင်း အရပ်သား သေဆုံးသူဦးရေ၏ ၄၀% နီးပါး ရှိခဲ့သည်။[၂] နောက်ခံ![]() ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မြန်မာ့တပ်မတော်သည် အာဏာသိမ်းယူခဲ့ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဦးဆောင်သော ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အစိုးရကို ဖြုတ်ချခဲ့သည်။ မကြာမီအတွင် စစ်တပ်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းကာ တစ်နိုင်ငံလုံး အရေးပေါ်အခြေအနေ ကြေညာခဲ့သည်။ တုံ့ပြန်သည့်အနေဖြင့် ပဲခူးမြို့အပါအဝင် တစ်နိုင်ငံလုံးရှိ အရပ်သားများသည် စစ်တပ်၏ အာဏာသိမ်းမှုကို ခုခံရန် ကြီးမားသော ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသည်။ ဆန္ဒပြသူများ စိုက်ထူထားသော လက်လုပ်အကာအရံများဖြင့် ပြည့်နှက်နေသည့် မဂ္ဂတစ်လမ်းမကြီးသည် ပဲခူးမြို့၏ အဓိက ဆန္ဒပြမှု အားကောင်းရာ နေရာတစ်ခု ဖြစ်လာခဲ့သည်။[၃][၄] ဖြစ်စဉ်![]() အစုအပြုံလိုက် သတ်ဖြတ်မှု မဖြစ်ပွားမီ ရက်သတ္တပတ်များအတွင်း စစ်အုပ်စုသည် ပဲခူးမြို့တွင် ညစဉ် အင်တာနက်လိုင်း ဖြတ်တောက်မှုကို လုပ်ဆောင်ခဲ့သည်။[၅] ယခင်ညနေပိုင်းတွင် စစ်ဆင်ရေးတစ်ရပ် ဆင်နွှဲတော့မည်ဟူသော သတင်းအမှားတစ်ခုသည် ဒေသခံများအကြား ပျံ့နှံ့ခဲ့သည်။[၆] ၂၀၂၁ ခုနှစ်၊ ဧပြီလ ၉ ရက် နံနက်တွင် ဆန္ဒပြသူများအကြား ညှိနှိုင်းဆောင်ရွက်မှုနှင့် ဆက်သွယ်ရေးကို ဟန့်တားရန်အတွက် ပဲခူးမြို့တွင် အင်တာနက်၊ တယ်လီဖုန်းနှင့် လျှပ်စစ်မီးများ ဖြတ်တောက်ခံခဲ့ရသည်။[၇][၅][၆] နံနက် ၄ နာရီတွင် စစ်တပ်သည် စစ်သားအင်အား ၂၅၀ ဖြင့် ကမ္ဘောဇသာဒီ နန်းတော်အနီးရှိ မဂ္ဂတစ်လမ်းနှင့် ဆံတော်တွင်းလမ်းကြားရှိ ရှင်စောပု၊ နန်းတော်ရာ၊ မှော်ကန်နှင့် ပုဏ္ဏားစုရပ်ကွက်များကို ဝင်ရောက်စီးနင်းခဲ့သည်။[၈] စစ်တပ်သည် မြို့၏ အဓိကလမ်းများအားလုံးကို ပိတ်ဆို့ထားခဲ့သည်။[၄] နံနက် ၅ နာရီတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ယာယီအတားအဆီးများကို ဖယ်ရှားစဉ် လက်နက်ကြီးများဖြင့် ဆန္ဒပြသူများကို ခွဲခြားမှုမရှိဘဲ ပစ်ခတ်ခဲ့သည်။[၉][၁] အရပ်သားအချို့သည် မိမိကိုယ်ကို ခုခံကာကွယ်သည့်အနေဖြင့် မီးရှူးမီးပန်းများနှင့် လက်လုပ်ပစ္စည်းများကို ချီတက်လာသော တပ်ဖွဲ့ဝင်များထံ ပစ်ခတ်ခဲ့သည်။[၆] နံနက် ၁၀ နာရီတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဆံတော်တွင်းလမ်းပေါ်ရှိ နောက်ဆုံးအတားအဆီးကို ကျော်ဖြတ်နိုင်ခဲ့ပြီး မြို့ကို အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့သည်။[၇][၉] လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အစုအပြုံလိုက် သတ်ဖြတ်မှုအတွင်း စေတနာ့ဝန်ထမ်း ဆေးဘက်ဆိုင်ရာဝန်ထမ်းများကို ပစ်မှတ်ထားခဲ့ပြီး ဒဏ်ရာရသူများစွာသည် သွေးထွက်လွန်ပြီး သေဆုံးခဲ့သည်။[၁၀][၁၁] လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အရပ်သားများအပေါ် သူပုန်နှိမ်နင်းရေး နည်းဗျူဟာများကို အသုံးပြုခဲ့ပြီး လူအများအပြား သေဆုံးခဲ့သည်။[၇] ဖြစ်ပွားပြီးနောက်တွင် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) က အနည်းဆုံး လူ ၂၀ သေဆုံးကြောင်း ထုတ်ပြန်ခဲ့သည်။[၁၂] နောက်တစ်နေ့တွင် သေဆုံးသူဦးရေ ၈၂ ဦးအထိ မြင့်တက်လာခဲ့သည်။[၁၂] ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလအထိ သေဆုံးသူအနည်းဆုံး ၅၀ မှာ မည်သူမည်ဝါဖြစ်ကြောင်း မသိရသေးပေ။[၁၃] ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုကတည်းက သေဆုံးသူများနှင့် ဖမ်းဆီးခံရသူများစာရင်းကို မှတ်တမ်းတင်နေသော နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ပဲခူးမြို့ စီးနင်းမှုအတွင်း အစိုးရတပ်ဖွဲ့ဝင်များ၏ သတ်ဖြတ်မှုကြောင့် လူ ၈၂ ဦးခန့် သေဆုံးခဲ့သည်ဟု ပြောကြားခဲ့သည်။ ပဲခူးတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ၎င်းတို့၏ အဖွဲ့ဝင် တက္ကသိုလ်ကျောင်းသား သုံးဦးဖြစ်သည့် ဒုတိယနှစ် သတ္တဗေဒကျောင်းသား ကိုအာကာမင်းခန့်၊ ပထမနှစ် သတ္တဗေဒကျောင်းသား ကိုဘိုဘိုနိုင်နှင့် ပထမနှစ် သင်္ချာကျောင်းသား အသက် ၁၉ နှစ်အရွယ် ကိုကောင်းကျော်ထွန်းတို့သည် စီးနင်းမှုအတွင်း သေဆုံးခဲ့သည်ဟု ဆိုသည်။ [၁၄] ကျူးလွန်သူများအစုအပြုံလိုက် သတ်ဖြတ်မှုကို တပ်မတော်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များဖြစ်သော အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်မှ အဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ကျူးလွန်ခဲ့သည်။[၁၅][၇] အစုအပြုံလိုက် သတ်ဖြတ်မှု ဖြစ်ပွားရာနေရာ၏ မြောက်ဘက် ၂ ကီလိုမီတာ (၁.၂ မိုင်) အကွာတွင် စစ်အခြေစိုက်စခန်းတစ်ခု တည်ရှိသည်။[၆] လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အရပ်သားများအပေါ် တိုက်ပွဲဝင်ရာတွင် အသုံးပြုသည့် လက်နက်များဖြစ်သော ရိုင်ဖယ်သေနတ်များနှင့် ရော့ကက်လောင်ချာနှင့် လက်ပစ်ဗုံးကဲ့သို့သော လက်နက်ကြီးများ အသုံးပြုခဲ့သည်။[၁][၁၂] ဒဏ်ရာရရှိသူများကို ဆေးကုသခွင့် မပြုခဲ့ပေ။[၁၆][၁၇] အကျိုးဆက်အစုအပြုံလိုက် သတ်ဖြတ်မှုအပြီးတွင် စစ်တပ်သည် အစုအပြုံလိုက် သတ်ဖြတ်မှု ဖြစ်ပွားရာနေရာအနီးတွင် ဆက်လက် တပ်စွဲထားခဲ့သည်။[၁၈] ထို့နောက် အနီးအနားရှိ ရပ်ကွက်ငါးခုမှ ဒေသခံ ၁၀၀,၀၀၀ ခန့်သည် ၎င်းတို့၏ နေအိမ်များကို စွန့်ခွာ ထွက်ပြေးခဲ့ကြသည်။[၁၉][၂][၃] သေဆုံးသူများ၏ ရုပ်အလောင်းများကို ဇေယျမုနိဘုရားဟုလည်း လူသိများသော ရှင်စောပုဘုရားဝင်းအတွင်း ယာယီ ထားရှိခဲ့ပြီး အဆိုပါနေရာကို ပိတ်ဆို့ထားခဲ့သည်။[၂၀][၂၁] လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ရက်ပေါင်းများစွာကြာအောင် ထိုနေရာကို အကာအရံများဖြင့် ပိတ်ဆို့ထားသောကြောင့် အရပ်သားများအနေဖြင့် ရုပ်အလောင်းများကို ပြန်လည်ယူဆောင်ရန် မဖြစ်နိုင်ခဲ့ပေ။[၈] နှိမ်နင်းမှုအပြီးတွင် ပဲခူးတက္ကသိုလ် ကျောင်းသားများသမဂ္ဂက သေဆုံးသူများ၏ ရုပ်အလောင်းများကို ပြန်လည်ရယူလိုပါက မိသားစုများထံမှ မြန်မာငွေ ၁၂၀,၀၀၀ (အမေရိကန်ဒေါ်လာ ၈၅) ပေးဆောင်ရန် စစ်တပ်က တောင်းဆိုခဲ့သည်ဟု ပြောကြားခဲ့သည်။[၂၂][၂၃] တုံ့ပြန်မှုများပြည်တွင်းနောက်တစ်နေ့တွင် နိုင်ငံပိုင် သတင်းစာဖြစ်သော မြန်မာ့အလင်း သတင်းစာက ဆန္ဒပြသူများကို "အဓိကရုဏ်းသမားများ" ဟု ခေါ်ဝေါ်ခဲ့ပြီး ၎င်းတို့သည် လက်လုပ်သေနတ်များ၊ ဓာတ်ဆီပုလင်းများ၊ မြှားများနှင့် လက်ပစ်ဗုံးများဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခဲ့သည်ဟု စွပ်စွဲခဲ့သည်။[၁] ဆန္ဒပြခေါင်းဆောင်တစ်ဦးဖြစ်သူ ရဲထွဋ်က ယင်းအစုအပြုံလိုက် သတ်ဖြတ်မှုကို လူမျိုးတုံးသတ်ဖြတ်မှုနှင့် နှိုင်းယှဉ်ခဲ့သည်။[၂၁] နိုင်ငံတကာကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မစ်ရှဲလ် ဘာချီလက်တ်က အရပ်သားများအပေါ် ခွဲခြားမှုမရှိသော အကြမ်းဖက်မှုများ တိုးမြှင့်လာခြင်းနှင့် စစ်ဘက်သုံးလက်နက်များ အသုံးပြုခြင်းကို ရှုတ်ချသည့် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။[၁] သူမသည် ယင်းအကြမ်းဖက်မှုများကို ဆီးရီးယားပြည်တွင်းစစ်ပွဲအတွင်း ဖြစ်ပွားခဲ့သော အဖြစ်အပျက်များနှင့် နှိုင်းယှဉ်ခဲ့သည်။[၂၂] ဧပြီလ ၁၂ ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီက ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်အား ပဲခူးမြို့တွင် ဖြစ်ပွားခဲ့သော နှိမ်နင်းမှုအပေါ် ချက်ချင်းတုံ့ပြန်ဆောင်ရွက်ရန် တောင်းဆိုခဲ့သည်။[၂၄] မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ၏ အထူးကိုယ်စားလှယ် သောမတ်စ် အင်ဒရူးစ်က ယင်းအစုအပြုံလိုက် သတ်ဖြတ်မှုကို လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုဟု ခေါ်ဆိုခဲ့သည်။[၅] မြန်မာနိုင်ငံရှိ အမေရိကန်သံရုံးက ပဲခူးမြို့တွင် အသက်ဆုံးရှုံးခဲ့ရသူများအတွက် ဝမ်းနည်းကြောင်း ထုတ်ဖော်ခဲ့သည်။[၁] ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် အမေရိကန်အစိုးရသည် ယင်းအစုအပြုံလိုက် သတ်ဖြတ်မှုအပေါ် တုံ့ပြန်သည့်အနေဖြင့် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် မျိုးဆွေဝင်းအား ဒဏ်ခတ်အရေးယူမှုများ ချမှတ်ခဲ့ကြောင်း ကြေညာခဲ့သည်။[၂၅] ဆက်စပ်ဖတ်ရှုရန်
ကိုးကား
ပြင်ပလင့်ခ်များ |
Portal di Ensiklopedia Dunia