မြင့်သိန်း (တရားသူကြီး)

မြင့်သိန်း
မကွေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်
တာဝန်သက်တမ်း
၁၆ ဇွန် ၂၀၂၃ – ၁၀ အောက်တိုဘာ ၂၀၂၃
ခန့်အပ်သူနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
သမ္မတ
ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ယခင်လူဦးစိန်ထွန်း
ဆက်ခံသူဒေါ်မိမိမော်
မကွေးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီး
တာဝန်သက်တမ်း
၃၀ မတ် ၂၀၁၁ – ၁၅ ဇွန် ၂၀၂၃
ခန့်အပ်သူဦးသိန်းစိန်
သမ္မတ
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၁၉၅၈
မြန်မာနိုင်ငံ
လူမျိုးမြန်မာ
ပညာရေးရန်ကုန်တက္ကသိုလ်
အလုပ်အကိုင်တရားသူကြီး

တရားသူကြီး ဦးမြင့်သိန်း (၁၉၅၈ ဖွား) သည် ဒုတိယမြောက် မကွေးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ []သူသည် ယခင်က တိုင်းဒေသကြီးလွှတ်တော် တရားသူကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ တိုင်းလွှတ်တော်တရားသူကြီးချုပ်အဖြစ် ၂၀၂၃ ဇွန်လ ၁၆ ရက်တွင် ခန့်အပ်ခံရပြီး ၂၀၂၃ အောက်တိုဘာ ၁၀ရက်တွင် သက်ပြည့် အငြိမ်းစားယူသည်။

ပညာရေး

၎င်းသည် ဥပဒေဘွဲ့ကို ၁၉၈၂ ခုနှစ်တွင်လည်းကောင်း၊ စီးပွားရေးဥပဒေပညာ ဒီပလိုမာဘွဲ့ကို ၂၀၀၆ ခုနှစ်တွင် လည်းကောင်း ရန်ကုန်တက္ကသိုလ်မှ ရရှိခဲ့သည်။ တရားသူကြီး ဦးမြင့်သိန်းသည် တရားရေးဝန်ထမ်း အဆင့် (၄) အဖြစ် ၁၉၈၄ ခုနှစ်တွင် စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး အဆင့်ဆင့် ရာထူးတိုးမြှင့်ခံ ရပြီးနောက် တရားရုံးချုပ် (နေပြည်တော်) တွင် ညွှန်ကြားရေးမှူးအဆင့်အထိ တရားရေးဝန်ထမ်းလုပ်သက် (၃၄) နှစ်ကျော် ကြာသည်အထိ တာဝန်ထမ်းဆောင်သည်။[]

တရားလွှတ်တော်တရားသူကြီးဘဝ

သူ့ကို ၂၀၁၁ ခုနှစ်၊ မတ်လ ၃၀တွင် မကွေးတိုင်းတရားလွှတ်တော် တရားသူကြီး အဖြစ် နိုင်ငံတော်သမ္မတက အဆိုပြု ခန့်အပ်သည်။[]ထိုတာဝန်ကို ၂၀၂၃ ဇွန်လ ၁၆ ရက် တိုင်းလွှတ်တော်တရားသူကြီးချုပ် တာဝန်မထမ်းဆောင်မီအထိ တစ်ဆက်တည်း တာဝန်ယူခဲ့သည်။

မိသားစုဘဝ

၎င်းသည် အိမ်ထောင်ရှိသူတစ်ဦးဖြစ်သည်။

ကိုးကား

  1. မကွေးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ခန့်အပ်တာဝန်ပေးMWD Webportal (၁၆ ဇွန် ၂၀၂၃)။ ၂၇ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  2. မကွေးတိုင်းတရားလွှတ်တော်တရားသူကြီးများမကွေးတိုင်းဒေသကြီးတရားလွှတ်တော်ရုံး။ ၂၇ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  3. တိုင်းဒေသကြီးသို့မဟုတ်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်များခန့်အပ်တာဝန်ပေးခြင်းမြန်မာ့အလင်းသတင်းစာ(၂၀၁၁၊မတ်လ၃၁ရက်နေ့ထုတ်)စာမျက်နှာ ၁၀ပေါ်ပါ ဖော်ပြချက် (၃၁ မတ် ၂၀၂၃)။ 12 August 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၇ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya