စိန်ထွန်း (တရားသူကြီး)
ဦးစိန်ထွန်း (၁၉၅၈ ဖွား) သည် မြန်မာတရားသူကြီးတစ်ဦးဖြစ်သည်။[၁]သူသည် မကွေးတိုင်းဒေသကြီးလွှတ်တော် တရားသူကြီးချုပ်အဖြစ် ၂၀၁၁ မတ်လ ၃၀ရက်ကစပြီး ၁၂နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့သည်။[၂] ယခင်က သူသည် မကွေးတိုင်းတွင် တိုင်းတရားသူကြီးဖြစ်ခဲ့သည်။ ပညာရေးနှင့်ဝန်ထမ်းဘဝ၎င်းသည် ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ် မှနေ၍ ဝိဇ္ဇာ(ဥပဒေ) ဘွဲ့ကို ၁၉၇၉ ခုနှစ်တွင်လည်းကောင်း၊ ဥပဒေ ဘွဲ့ကို ၁၉၈၀ ခုနှစ်တွင် လည်းကောင်း အသီးသီးရရှိခဲ့သည်။တရားသူကြီးချုပ် ဦးစိန်ထွန်းသည် တရားရေးဝန်ထမ်း အဆင့်-၄ အဖြစ် ၁၉၈၃ ခုနှစ်မှ စတင်တာဝန်ထမ်းဆောင်ပြီး အဆင့်ဆင့် ရာထူးတိုးမြှင့်ခံရပြီးနောက် တနင်္သာရီတိုင်းဒေသကြီး တိုင်းတရားသူကြီး၊ မကွေးတိုင်းဒေသကြီး တိုင်းတရားသူကြီးအထိ တရားရေးဝန်ထမ်းလုပ်သက် (၃၃) နှစ်ကြာသည်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။[၃] တိုင်းလွှတ်တော်တရားသူကြီးဘဝတရားလွှတ်တော်တရားသူကြီးချုပ် ဦးစိန်ထွန်းကို မကွေးတိုင်းဒေသကြီးလွှတ်တော် တရားသူကြီး ချုပ်အဖြစ် ၂၀၀၁ ခုနှစ်၊ မတ်လ ၃၀တွင် နိုင်ငံတော်သမ္မတ ဦး သိန်းစိန်က အဆိုပြု ခန့်အပ်တာဝန်ပေးသည်။သူသည် တိုင်းနှင့်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များထဲ ၁၂နှစ်ကျော် တစ်ဆက်တည်း တာဝန်ထမ်းဆောင်ခံရသည့် အနည်းငယ်သောတရားသူကြီးချုပ်များထဲ တစ်ဦးအဖြစ်ပါဝင်ခဲ့သည်။ထိုတာဝန်ကို စစ်အာဏာသိမ်းပြီး ၂နှစ်ကျော်ကြာသည်အထိ ထမ်းဆောင်ကာ အငြိမ်းစားယူသည်။[၄] ကိုးကား
|
Portal di Ensiklopedia Dunia