သုဒဿီ

သုဒဿီဘုံသည် ထိုထိုတရားတို့ကို ကောင်းစွာရှုမြင်လေ့ရှိသော ဗြဟ္မာများ၏ နေရာဘုံဖြစ်သည်။ သုဒဿီဘုံသည် သုဒဿာဘုံနှင့် ယူဇနာ ငါးသန်း၊ ငါးသိန်း၊ ရှစ်ထောင် ကွာဝေးသည်။

သုဒဿီဘုံသို့ ကသိုဏ်း(၁၀)ပါး၊ အာနာပါနဿတိ၊ ဥပေက္ခာ ဗြဟ္မဝိဟာရ စသောကမ္မဌာန်းတရား (၁၂)ပါးထဲမှ တစ်ပါးပါးကို အားထုတ်၍ ပထမဈာန်ကိုရလာသော အနာဂါမိဖလဋ္ဌာန်၊ အရိယာပုဂ္ဂိုလ်များမှ ရောက်နိုင်သည်။ ထိုပုဂ္ဂိုလ်များသည် မိမိတို့ရရှိထားသော ပထမဈာန်ကို ပွားများသောအခါ သမာဓိန္ဒြေလွန်ကဲသူများ ဖြစ်ကြသည်။ ထို့ကြောင့် သုဒဿီဘုံကို ရောက်လာခြင်း ဖြစ်သည်။ သုဒဿီ၏ ပဋိသန္ဓေစိတ်သည် ရူပပဉ္ဖမဈာဉ် ဝိပါက်စိတ်ဖြစ်သည်။ ထိုဘုံတွင် အနာဂါမိဖလဋ္ဌာန်၊ အရဟတ္တဖလဋ္ဌာန်၊ အရဟတ္တမဂ္ဂဋ္ဌာန် ပုဂ္ဂိုလ်(၃) ယောက်ရသည်။ သက်တမ်းအားဖြင့် ကမ္ဘာပေါင်း ရှစ်ထောင် အသက်ရှည်သည်။ သုဒဿီဘုံသည်လည်း ကမ္ဘာကြီးပျက်သည့် အထဲတွင် မပါဝင်ပေ။ []

ကျမ်းကိုး

  1. ဦးမြတ်ကျော်(မြန်မာစာကော်မရှင်)`၃၁-ဘုံ ခရီးသည်´


Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya