အာလိန်ငါးဆင့်အာလိန် ၅-ဆင့်သဂါထာဝဂ္ဂသံယုတ်။ ပါ။ ၂၁၈။၎င်း။ ဋ္ဌ။ ၃၁၀။ ဓမ္မပဒ။ ဋ္ဌ။ ပ-အုပ်။ ၁၇၇ မရိုးစည်လုံးသဏ္ဌာန်ကဲ့သို့ အလယ်ပူ အထက်ရှုးနေသော မြင်းမိုရ်တောင်ကြီး၌ အပြင်ဆင်ဝင် တောင်ခါးပန်းစွန်း ငါးဆင့်ရှိကုန်၏၊ ၎င်းကိုပင် အာလိန်ငါးဆင့်ဟု ခေါ်ဆိုသည်မှတ်။ ထိုအာလိန်ငါးဆင့်တို့သည် တစ်ဆင့်တစ်ဆင့်၌ အထု၏လည်းကောင်း၊ အပြင်၏လည်းကောင်း အတိုင်းအရှည်ပမာဏအားဖြင့် ယူဇနာ ငါးထောင်စီ အသီးသီးရှိကုန်၏။ မြင်းမိုရ်တောင်၏ ရေပေါ် ယူဇနာရှစ်သောင်းလေးထောင်တွင် အောက်ထက်ဝက်ဖြစ်သော ယူဇနာ လေးသောင်းနှစ်ထောင်ကို ငါးစုပြုသော် အောက်ဆုံးအစုသည် ပဌမအာလိန်မည်၏။
မှတ်ချက်။ လောက၌ ယူဇနပေါင်း (၈၄၀၀၀) မြင့်မားသော မေရုရာဇာ မြင်းမိုရ်တောင်ကား အမှန်ရှိ၏။ သို့သော် လူသားများကား အနန္တတန်ခိုးရှင် သဗ္ဗညုမြတ်စွာဘုရားသခင်နှင့် စကြာရတနာမင်းမြတ်တို့- ပွင့်ထွန်းပေါ်ပေါက်လာသော ကာလမျိုး၌သာ တွေ့မြင်ကြရကြောင်း၊ ရှေးသူဟောင်း ပိဋကပညာကျော် ဆရာတော်ကြီးများ ပြောကြားတော်မူကြသည်ကို မှတ်သားရဖူး၏။ ကျမ်းစာသာဓကများကိုတော့ မသိရဖူးချေ။ [၁] ကိုးကား
|
Portal di Ensiklopedia Dunia