လူခြောက်
လူခြောက်ဆိုသည်မှာ သန္ဓေသားက မိခင် ဝမ်းတွင်းမှာပင် သေဆုံးသွားခြင်းဖြစ်သည်။ ကိုယ်ဝန်ပတ်၂၀ကျော်မှ မမွေးမချင်း မိခင်၏ ဝမ်းထဲတွင် သေဆုံးသွားသမျှ အကုန်လုံးကိုလူခြေက်ဟုခေါ်ကြသည်။ ယခင်က ကိုယ်ဝန်ဆောင်သည်များမှာ ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု ကောင်းကောင်း မရကြသဖြင့် မိခင်ဗိုက်ထဲမှာတင် သေဆုံးသွားသည့်ကလေးများ များပြားကြသည်။ထိုါကြောင့် လူခြောက်လေးများလည်း များပြားသည်။ယခုနောက်ပိုင်းတွင် ကိုယ်ဝန်စောစောအပ်ကြသည့် မိခင်များ များပြားလာကြသဖြင့် ယခုကဲ့သို့ သေဆုံးခြင်းတွေ နည်းသွားသည်။ထို့ကြောင့် လူခြောက်လေးများလည်း အတွေ့ရနည်းသွားသည်။သို့သော်ရှိတော့ရှိနေသေးသည်။ လူခြောက် ဖြစ်ပေါ်ပုံအဆင့်ဆင့်ဗိုက်ထဲမှ သန္ဓေသား သေဆုံးသွားသောအခါ ပြင်ပမှလူများသေဆုံးသလို ပုပ်သွားတတ်သည်။၎င်းပုပ်ခြင်းက အချိန်နှင့်အမျှ အဆင့်ဆင့် ဖြစ်ပေါ်နေသည်။ ပုပ်ခြင်းအဆင့် ၀ သေဆုံးပြီးကြာချိန်- ၈နာရီ လက္ခဏာများ- အရေပြားများနီပြီး အပူလောင်တာနှင့် ဆင်တူပါသည်။ ပုပ်ခြင်းအဆင့် ၁ သေဆုံးပြီးကြာချိန်-၈နာရီ လက္ခဏာများ-အရေပြားများ အဖက်လန်လာပါသည်။ ပုပ်ခြင်းအဆင့် ၂ သေဆုံးပြီးကြာချိန်- ၂-၇ရက် လက္ခဏာများ –အဖက်လန်ခြင်းများ ပိုသိသာလာပါသည်။
ပုပ်ခြင်းအဆင့် ၃ သေဆုံးပြီးကြာချိန်-၈ရက် လက္ခဏာများ –အသည်းက ဝါနေပါပြီ။
မိခင်များက ကလေးဗိုက်ထဲတွင် သေဆုံးသွားခြင်းကို ချက်ချင်းသိနိုင်ရန်ခဲယဉ်းသည်။ ၁ပတ်ခန့်ကြာမှ သိသဖြင့်မွေးထုတ်လိုက်ရပြီဆိုလျှင် လူခြောက်လေးဖြစ်နေပါပြီ။ အကြောင်းရင်းများ
ယခုကဲ့သို့အကြောင်းအရင်းများ ရှိသော်လည်း ဗိုက်ထဲမှာတင် သေဆုံးသွားသည် ကလေး၃ယောက်တွင် ၁ယောက်က အကြောင်းအရင်းမရှိဘဲ ဆုံးသွားတာဘဲ ဖြစ်သည်။ ကိုးကား
|
Portal di Ensiklopedia Dunia