မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်
မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ကို ယှဉ်ပြိုင်မှု ဥပဒေ၊ ပုဒ်မ (၅)၊ ပုဒ်မခွဲ (က)နှင့် (ခ)တို့ အရ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံ၊ ပြည်ထောင်စု အစိုးရ အဖွဲ့၏ အမိန့် ကြော်ငြာစာ အမှတ် (၁၀၆)ဖြင့် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာ လ၊ (၃၁) ရက်တွင် ဖွဲ့စည်းခဲ့သည်။[၁] အဖွဲ့ဝင် (၁၁)ဦး ပါရှိသည်။[၁][၁] ထိုကော်မရှင်၏ လုပ်ပိုင်ခွင့်နှင့် တာဝန်များမှာ ယှဉ်ပြိုင်မှု ဥပဒေပါ အတိုင်း ဖြစ်သည်။[၁]
အဖွဲ့ဝင်များ(၁) ဥက္ကဋ္ဌ = စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဌာန၊ ပြည်ထောင်စု ဝန်ကြီး၊ ဒေါက်တာသန်းမြင့်။ (၂) ဒုတိယ ဥက္ကဋ္ဌ - ဥပဒေ ပညာရှင်၊ ဦးသန်းမောင်။ (၃) အတွင်းရေးမှူး - စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဌာန၊ ကုန်သွယ်ရေး ဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ်။ (၄) အဖွဲ့ဝင် - စက်မှု ဝန်ကြီး ဌာန၊ စက်မှု ကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ်။ (၅) အဖွဲ့ဝင် - ပြည်ထဲရေး ဝန်ကြီး ဌာန၊ အထူး စုံစမ်း စစ်ဆေးရေး ဦးစီး ဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်။ (၆) အဖွဲ့ဝင် - ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီး ဌာန၊ ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီး ဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်။ (၇) အဖွဲ့ဝင် - ပြည်ထောင်စု ရှေ့နေချုပ် ရုံး၊ ဥပဒေ စိစစ် အကြံပြုရေး ဦးစီး ဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်။ (၈) အဖွဲ့ဝင် - စီးပွားရေး ပညာရှင်၊ ဦးသုတအောင်။ (၉) အဖွဲ့ဝင် - ဥပဒေ ပညာရှင်၊ ဒေါ်မြတ်မြတ်ကျော်။ (၁၀) အဖွဲ့ဝင် - ဥပဒေ ပညာရှင်၊ ဒေါ်အေးအေးသိန်း။ (၁၁) အဖွဲ့ဝင် - ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၊ ဗဟို အလုပ် အမှုဆောင်၊ ဦးအေးဟန်။[၁][၁]
|
Portal di Ensiklopedia Dunia