ကုန်သွယ်ရေး ဦးစီးဌာန
ကုန်သွယ်ရေး ဦးစီးဌာန (အင်္ဂလိပ်: Department of Trade) သည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနလက်အောက်ရှိ ဌာနတစ်ခုဖြစ်သည်။ သမိုင်းကြောင်း၁၉၆၇ ခုနှစ်တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ စီးပွားရေးမူဝါဒများအရ ကုန်သွယ်ရေး ကော်ပိုရေးရှင်းများကို ပြန်ကျုံ့ကာ အောက်ပါအတိုင်း စီးပွားရေးဆန်ဆန် ပြန်လည်ဖွဲ့စည်းဆောင် ရွက်ခဲ့သည် -
ယခင်ကုန်သွယ်ရေးဝန်ကြီးဌာနအမည်ဖြင့် ဖွဲ့စည်းခဲ့ရာမှ ကုန်သွယ်ရေးဦးစီးဌာနနှင့် ကော်ပိုရေးရှင်း ၁၁ ခုအား ဝန်ကြီးရုံး၊ ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရောင်းဝယ်ရေး ၆ ခုနှင့် လုပ်ငန်း ၄ ခုတို့ဖြင့် ပြန်လည် ဖွဲ့စည်းခဲ့သည်။ တဖန် ၁၉၉၆ ခုနှစ် ဩဂုတ်လ ၇ ရက်နေ့မှစ၍ ကုန်သွယ်ရေးဝန်ကြီးဌာနအမည်မှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဟူ၍ ယနေ့အထိ အမည်ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ယင်းနောက် ၁၉၉၈ ခုနှစ် ဧပြီလ ၁ ရက်နေ့မှစ၍ ဝန်ကြီးရုံး၊ ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနနှင့် မြန်မာ့လယ်ယာ ထွက်ကုန် ပစ္စည်းရောင်းဝယ်ရေးတို့ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ကုန်ရောင်းဝယ်ရေးနှင့်လုပ်ငန်း ၈ ခုအား ဖျက်သိမ်းခဲ့သည်။ ထို့ပြင် ၂၀၀၃ ခုနှစ် ဧပြီလ ၄ ရက်နေ့တွင် စတင်ကျင့်သုံးခဲ့သော ဆန်စပါး မူဝါဒအသစ်အရ မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးကို နိုင်ငံတော် လိုအပ်ချက်နှင့်အညီ ပြုပြင်ဖွဲ့စည်းကာ နိုင်ငံတော်၏စီးပွားရေးကဏ္ဍတွင် ချမှတ်ပေးထားသည့် မူဝါဒများနှင့်အညီ လုပ်ငန်းတာဝန်များ ဆောင်ရွက်ခဲ့သည်။၂၀၁၅ ခုနှစ်ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ်(၂/၂၀၁၅)၏ သဘောတူညီချက်အရ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကို အောက်ပါအတိုင်း ပြင်ဆင်ဖွဲ့စည်းခဲ့သည်-[၁]
ကုန်သွယ်ရေးဦးစီးဌာနသည် ကုန်းလမ်း၊ ပင်လယ်ရေကြောင်းနှင့် လေကြောင်းတို့မှ တင်ပို့ တင်သွင်းသည့် မြန်မာနိုင်ငံ၏ ပို့ကုန်သွင်းကုန် ဆိုင်ရာ ကိစ္စရပ်များကို အဓိကထား ဆောင်ရွက်သည်။ ထို့အပြင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့နှင့် ဒေသတွင်း ကုန်စည်စီးဆင်းမှု၊ ကုန်သွယ်မှုဆိုင်ရာ ကိစ္စရပ်များကို ညှိနှိုင်းဆောင်ရွက်လျက် ရှိသည်။ ဖွဲ့စည်းပုံရုံးချုပ်
နယ်ရုံးများ
အခြားရုံးများ
ကိုးကား |
Portal di Ensiklopedia Dunia