ပြည်ထောင်စုရှေ့နေချုပ်ရုံး
မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနများတွင် ရှေ့နေနှင့် ပတ်သက်၍ ပြည်ထောင်စုရှေ့နေချုပ်ရုံး (Office of the Union Attorney General) ထားရှိသည်။ သမိုင်းကြောင်း၁၈၂၆ ခုနှစ်၊ အင်္ဂလိပ်-မြန်မာပထမစစ်ပွဲပြီးချိန်မှစ၍ ဗြိတိသျှတို့သည် ယင်းတို့၏အင်္ဂလိပ်ရိုးရာဥပဒေစနစ်ကို ပြုပြင်ထားသည့် ဥပဒေစနစ်ကို မြန်မာနိုင်ငံတွင် စတင်ကျင့်သုံးခဲ့ပြီး၊ အစိုးရရှေ့နေချုပ်တစ်ဦး၊ အစိုးရ တရားလွှတ်တော်ရှေ့နေများနှင့် အစိုးရရှေ့နေများကို ပြစ်မှုဆိုင်ရာမှုခင်းများ နှင့် တရားမမှုများတွင် နိုင်ငံတော်ကိုယ်စားလိုက်ပါဆောင်ရွက်ရန် ခန့်ထားခဲ့သည်။ ![]() ၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံ လွတ်လပ်ရေးရသည့်အခါ ၁၉၄၇ ခုနှစ် နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့် ၁၉၄၈ ခုနှစ် နိုင်ငံတော် ရှေ့နေချုပ် အက်ဥပဒေတို့အရ ရှေ့နေချုပ်ရုံးကို တည်ထောင် ဖွဲ့စည်းခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် တော်လှန်ရေးကောင်စီအစိုးရက နိုင်ငံတော်တာဝန်များကို ဆက်ခံဆောင်ရွက်သည့်အခါ ရှေ့နေချုပ်ရုံးသည် ဆက်လက်တည်ရှိခဲ့သည်။ ထိုအချိန်အထိ ရှေ့နေချုပ်၏လုပ်ငန်းတာဝန်များမှာ ပြစ်မှုဆိုင်ရာ မှုခင်းများနှင့်တရားမမှုများတွင် နိုင်ငံတော်ကိုယ်စား လိုက်ပါဆောင်ရွက်ခြင်းနှင့် အစိုးရကို ဥပဒေအကြံပေးခြင်း တို့ဖြစ်သည်။ ၁၉၇၂ ခုနှစ်တွင် ယခင်တည်ရှိခဲ့သည့် အုပ်ချုပ်ရေးယန္တရားကို ဖျက်သိမ်းသည့်အခါ ရှေ့နေချုပ်ရုံးကို အသစ်ပြန်လည်ဖွဲ့စည်းပြီး၊ အမှုလိုက်ခြင်း၊ ဥပဒေအကြံပေးခြင်း၊ ဥပဒေကြမ်းရေးဆွဲခြင်းနှင့် ဥပဒေဘာသာပြန်ခြင်း တာဝန်များဆောင်ရွက်ရန် အပ်နှင်းခဲ့သည်။ ယင်းနောက် ၁၉၇၄ ခုနှစ်တွင် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုကျင့်သုံးခဲ့ပြီး၊ ပြည်သူ့ဥပဒေအကျိုးဆောင် အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ ၁၉၇၄ ခုနှစ် ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့ဥပဒေပါ ပြဋ္ဌာန်းချက်များအရ ဗဟိုဥပဒေရုံး၊ ပြည်နယ်နှင့် တိုင်းဥပဒေရုံးများ၊ မြို့နယ်ဥပဒေရုံးများကို ဖွဲ့စည်းခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့က နိုင်ငံတော်တာဝန်များ ရယူသည့်အခါ ၁၉၈၈ ခုနှစ်၊ ရှေ့နေချုပ် ဥပဒေကို ပြဋ္ဌာန်းပြီး၊ ရှေ့နေချုပ်ရုံး၊ ပြည်နယ်နှင့် တိုင်းဥပဒေရုံးများ၊ မြို့နယ်စု(ခရိုင်) ဥပဒေရုံးများ နှင့် မြို့နယ်ဥပဒေရုံးများကို ဖွဲ့စည်းခဲ့သည်။ ရှေ့နေချုပ်ရုံးခွဲ(မန္တလေး)၊ ပြည်နယ် ဥပဒေရုံးခွဲ ၂ ရုံးနှင့် တိုင်းဥပဒေရုံးခွဲ ၁ ရုံးတို့ကို ဖွဲ့စည်းခဲ့သည်။ ၂၀၀၁ ခုနှစ် ရှေ့နေချုပ်ဥပဒေသည် အချိန်အခါနှင့် လိုက်လျောညီထွေဖြစ်စေရန် သမိုင်းအတွေ့အကြုံနှင့် လက်တွေ့များအပေါ် အခြေခံထားသည့် ဥပဒေဖြစ်သည်။ ယင်းဥပဒေကို ၂၀၀၃ ခုနှစ်တွင် တစ်ကြိမ်ပြင်ဆင်ခဲ့သည်။ ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလ ၂၈ ရက်နေ့တွင် ပြည်ထောင်စု ရှေ့နေချုပ်ဥပဒေကို ၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ပြဋ္ဌာန်းခဲ့သည်။ ၂၀၀၈ ခုနှစ် မေလ(၂၉)ရက်နေ့တွင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကြီးဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အတည် ပြုပြဋ္ဌာန်းခဲ့သည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၄၃ နှင့်အညီ ပြည်ထောင်စုရှေ့နေချုပ်ဥပဒေအား ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလ ၂၈ ရက်နေတွင် ပြဋ္ဌာန်းခဲ့သည်။ [၁] ၂၀၂၁ခုနှစ် ဩဂုတ်လ ၃၀ရက်နေ့တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးအား ဥပဒေရေးရာ ဝန်ကြီးဌာန အဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ ပြည်ထောင်စုရှေ့နေချုပ်မှာ ပြည်ထောင်စုဝန်ကြီးအဖြစ်ပါ ပူးတွဲထမ်းဆောင်သည်။[၂][၃] ဖွဲ့စည်းပုံပြည်ထောင်စုရှေ့နေချုပ်ဥပဒေအရ ပြည်ထောင်စုရှေ့နေချုပ်နှင့် ဒုတိယရှေ့နေချုပ် ၁ ဦးကို ခန့်ထားသည်။ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် အဆင့်ဆင့်သော ဥပဒေရုံးများသည် ပြည်ထောင်စုရှေ့နေချုပ်ဥပဒေအရ ပြည်ထောင်စုရှေ့နေချုပ်က တာဝန်လွှဲအပ်ပေးသည့်အတိုင်း မိမိတို့၏လုပ်ငန်းတာဝန်များကို သတ်မှတ်ချက်များနှင့် အညီဆောင်ရွက်ကြသည်။ ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ လက်အောက်တွင်တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေချုပ်ရုံး (၁၄) ရုံး၊ ခရိုင်ဥပဒေရုံး (၆၈) ရုံးနှင့် မြို့နယ်ဥပဒေရုံး (၃၂၅) ရုံးကို ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့စာရင်းအရ အရာထမ်း(၉၉၆)နေရာ၊ အမှုထမ်း(၂၇၁၂)နေရာ စုစုပေါင်း (၃၇၀၈) နေရာဖြင့် ဖွဲ့စည်းထားသည်။ ညွှန်ကြားရေးမှူးချုပ်သည် ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ဥပဒေရုံးအဆင့်ဆင့်မှ ဝန်ထမ်းအားလုံး၏ အကြီးအကဲဖြစ်သည်။ [၄] ပြည်ထောင်စုရှေ့နေချုပ်ရုံးတွင်
အခြားလေ့လာရန်ကိုးကား
|
Portal di Ensiklopedia Dunia