ယာဝဇီဝိက
ယာဝဇီဝိကဝတ္ထု အကြင်မျှလောက်သာ အသက်ရှိသောဝတ္ထု။ အသက်ထက်ဆုံး (ဆောင်ယူ၍) ဘုဉ်းပေး သုံးဆောင်-အပ်-သင့်-ထိုက်-ကောင်းသောဝတ္ထု။ ယာဝဇီဝိက ဝတ္ထုများယာဝကာလိကဝတ္ထု, ယာမကာလိကဝတ္ထု, သတ္တာဟကာလိကဝတ္ထု, ရေတို့မှ ကြွင်းကျန်သော ခဲဖွယ်ကိစ္စ, ဘောဇဉ်ကိစ္စကို မပြီးစေနိုင်သော သစ်မြစ်, သစ်သီး စသည်အားလုံး ဖြစ်ကြသည်။ [၁] [၂]
အမြစ် စသော ဆေးနနွင်၊ ချင်းစိမ်း၊ လင်းနေ၊ ဆိပ်ဖူး၊ ဓိဝုတ်၊ ကုလားဆောင်းမေခါး ပန်းရင်း၊ နွားမြေးရင်းဟူသော အမြစ်ဆေးတို့ကိုလည်းကောင်း၊ ထိုမှတစ်ပါးသော ခဲဖွယ်ဘောဇဉ် အရာမမြောက်သော အမြစ်ဆေး တို့ကိုလည်းကောင်း၊ အကပ်ခံ၍ အသက်ထက်ဆုံး ဆောင်ထားစိမ့်သောငှာလည်းကောင်း၊ အနာဟူသော အကြောင်းရှိခဲ့သော် သုံးဆောင်စိမ့်သောငှာလည်းကောင်း ခွင့်ပြု၏။ အနာဟူသောအကြောင်းမရှိဘဲ သုံးဆောင်သောရဟန်းအား ဒုက္ကဋ်။ ဆေးကြိတ်ကျောက်ပြင်ကိုလည်းကောင်း၊ ဆေးကြိတ်ကျောက်လုံးကိုလည်းကောင်း ခွင့်ပြု၏။ [၃][၄] ဖန်ဆေးတမာပန်၊ လက်ထုတ်ဖန်၊ ဗြူးတား၊ ပုံလုံခါးဖန် (ကင်းပုံကိုဆိုသည်)၊ ခွေးတောက်ဖန်၊ သင်းဝင် ဖန်ဟူသောဖန်ဆေးတို့ကိုလည်းကောင်း၊ ထိုမှတစ်ပါး ခဲဖွယ်ဘောဇဉ် အရာမမြောက်သော ဖန်ဆေးတို့ကို လည်းကောင်း ယာဝဇီဝိကအဖြစ် ခွင့်ပြု၏။[၄]
အရွက်တမာရွက်၊ လက်ထုတ်ရွက်၊ ဗြူးတားပုံလုံခါးရွက်၊ ရုံရွက်၊ ဝါးရွက်ဟူသော အရွက်ဖြစ်သော ဆေးတို့ကိုလည်းကောင်း၊ ထိုမှတစ်ပါး ခဲဖွယ်ဘောဇဉ်အရာမမြောက်သော အရွက်ဖြစ်သော ဆေးတို့ကို လည်းကောင်း၊ ယာဝဇီဝိကအဖြစ် ခွင့်ပြု၏။ [၅][၄]
အသီးအိပ်မွေ့သီး၊ ပိတ်ချင်းသီး၊ ငရုတ်သီး၊ ဖန်ခါးသီး၊ သစ်ဆိမ့်သီး၊ သျှစ်သျှာသီး၊ သမင်စာသီးဟူသော အသီးဆေး၊ အခြားသော ခဲဖွယ်ဘောဇဉ် မမြောက်သော အသီးဆေးတို့ကို ယာဝဇီဝိကအဖြစ် ခွင့်ပြု၏။ ရှိန်းခိုစစ်၊ ရှိန်းခိုစေး၊ ရှိန်းခိုလွှာ၊ ချိပ်စစ်၊ ချိပ်နှစ်၊ ချိပ်လွှာ၊ ပွဲလျက်ဟူသော အစေးဖြစ်သော ဆေး၊ ခဲဖွယ်ဘောဇဉ် အရာမမြောက်သော အစေးဖြစ်သောဆေးတို့ကို ယာဝဇီဝိကအဖြစ် ခွင့်ပြု၏။[၄]
ဆားပင်လယ်ဆား၊ ဆားပုပ်၊ သိန္ဓောဆား၊ တွင်းထွက်ဆာ၊ ချက်ဆားဟူသော ဆားဆေးတို့ကိုလည်းကောင်း၊ ခဲဖွယ်ဘောဇဉ် အရာမမြောက်သော အခြားဆားဆေးတို့ကိုလည်းကောင်း ယာဝဇီဝိကအဖြစ် ခွင့်ပြု၏။[၄] မန်ကျည်းရွက်ကြမ်း ပြည်ပန်းချိုရွက်ဟင်းချက်စားကောင်းသော အရွက်ကို ကြဉ်၍ ကြွင်းသော အရွက်များကို ယာဝဇီဝိကဟု ဆိုသောကြောင့် မန်ကျည်းရွက်, ကင်ပွန်းရွက်, ပြည်ပန်းချိုရွက် အစရှိသော အရွက်တို့၌ နုသော (တချို့ မနုမရင့်) အရွက်များကို ဟင်းချက်၍ စားလေ့ရှိသောကြောင့် ရင့်သောအရွက်ကို ယာဝဇီဝိကဟု ယူရသည်။ ထို့ကြောင့် ညနေအခါ သင့်မြတ်သော ရောဂါရှိလျှင် (ချောင်းဆိုး အသံဝင်စသည်) ထန်းလျက်ရည် စသည်နှင့် ထိုအရွက်ကြမ်းတို့ ကျိုကာ သောက်နိုင်သည်။ [၆] ကောက်ပဲနှင့် အသား, အရိုးများယဉ္စ ကိဉ္စိ သုဈာပိတံ (ခုဒ္ဒသိက္ခာဂါထာ၊၉၆။)၌ ဆိုထားသည်အရ - ကောက်ပဲတို့မှ ဖြစ်သောအစာနှင့် အသား, အရိုးပင် ဖြစ်စေကာမူ ကောင်းကောင်း မီးလောင်စေအပ်ပြီးဖြစ်၍ ကျွမ်းနေလျှင် (မီးသွေးခဲ ဖြစ်နေလျှင်, ပြာဖြစ်နေလျှင်) ယာဝဇီဝိကတည်း။ မဟာဝိကဋဆေးရဟန်းတစ်ပါး မြွေကိုက်သဖြင့် ဘုရားရှင် ခွင့်ပြုတော်မူအပ်သော မဟာဝိကဋဆေးဟု ခေါ်ဝေါ်အပ်သော ကျင်ကြီး, ကျင်ငယ်, မြေညက်, ပြာ အစရှိသော အလုံးစုံသည်လည်း ယာဝဇီဝိကတည်း။ အာဒိသဒ္ဒါဖြင့် ကန္ဒ ခါဒနီယ (အဥ ခဲဖွယ်) စသည်၌ ပြအပ်ခဲ့သော ဟင်းချက်၍ မရကောင်းသော သစ်ဥ, သစ်မြစ်, သစ်ပွင့်, အမှုန့်တို့ကိုပါ ယာဝဇီဝိကဟု ယူပါ။
ကိုးကား
|
Portal di Ensiklopedia Dunia