ရဟောပဋိစ္ဆန္နသိက္ခာပုဒ်

အမှု—အိမ့်ရှင်မနှင့်အတူ ကွယ်ရာ၌ ထိုင်နေမှု

အမှုသည်—ရှင်ဥပနန္န


ရှင်ဥပနန္ဒနှင့် မာတုဂါမ

ရှင်ဥပနန္ဒသည် လူတုန်းက သူငယ်ချင်း ဖြစ်ဘူးသူ၏ အိမ်သို့သွား၍ အကွယ်အကာ ရှိသောကြောင့် မျက်စိ၏ ကွယ်ရာဟုဆိုရလောက်သော အရပ်ဝယ် ထိုအိမ့်ရှင်၏ ဇနီးသည်နှင့်အတူ တယောက်ချင်း ထိုင်နေလေသည်။ ထိုထိုင်နေပုံကို အိမ်ရှင်ယောက်ျားက မကြေနပ်၍ ကဲ့ရဲ့သောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရသည်။ []

သိက္ခာပုဒ်

ယော ပန ဘိက္ခု မာတုဂါမေန သဒ္ဓိံ ရဟော ပဋိစ္ဆန္နေ အာသနေ နိသဇ္ဇံ ကပ္ပေယျ, ပါစိတ္တိယံ။ []

မြန်မာပြန်

အကြင်ရဟန်းသည် မာတုဂါမနှင့်တကွ မျက်စိ၏ကွယ်ရာ၌ ဖုံးကွယ်အပ်သော နေရာ၌ ထိုင်နေခြင်းကို ပြုအံ့၊ ထိုရဟန်း ပါစိတ် အာပတ်သင့်၏။[]

မှတ်ချက်

ဤသိက္ခာပုဒ်အရ မာတုဂါမနှင့် တယောက်ချင်း အကွယ်အကာ ရှိသောနေရာဝယ် မနေကောင်း၊ အနီးအပါး၌ ပြောစကားကို နားလည် လောက်သော အဖေါ်ယောက်ျား (ကလေးစသူ) ပါလျှင်ကား ထိုင်ကောင်း၏။[ရဟန်းကသွား၍ ထိုင်နေခြင်းမဟုတ်ဘဲ, ရဟန်းနေရာသို့ မာတုဂါမက လာ၍ ထိုင်နေပြန်လျှင်လည်း ရဟန်းမှာအပြစ်မရှိ။][]

ကိုးကား

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya