ရူပက္ခန္ဓာ
[၁](က) အတိတ်, အနာဂတ်, ပစ္စုပ္ပန်စသော ရုပ်ဟူသော-အဖွဲ့-အစု-အပုံ-အပေါင်း။ (ခ) အတိတ်, အနာဂတ်, ပစ္စုပ္ပန်စသော ရုပ်တို့၏-အဖို-အစု-အပေါင်း။ [၂] အတိတ် အနာဂတ် ပစ္စုပ္ပန်စသော ရုပ်အစုကို “ရူပက္ခန္ဓာ”ဟု ခေါ်ဆိုသည် [၃] တစ်နည်း-ကံ, စိတ်, ဥတု, အာဟာရဟု ဆိုအပ်သော အကြောင်းတရား ၄-ပါး ကြောင့်ဖြစ်သည့် ရုပ်အားလုံးကို “ရူပက္ခန္ဓာ”ဟု ခေါ်ဆိုသည်။ [၄] ရုပ် ၂၈-ပါးတို့မှ လွတ်သော ရူပက္ခန္ဓာမည်သည် မရှိ။ [၅][၆] ရူပက္ခန္ဓာ၏ ဖြစ်ရာသည်- (၁) ပုဂ္ဂိုလ် (၂)ဘုံဟူ၍ ၂-ပါးအပြား ရှိ၏။ ပုဂ္ဂိုလ်အားဖြင့် ရူပက္ခန္ဓာထိုတွင်—ပုဂ္ဂိုလ်သည်လည်း (၁) ရူပက္ခန္ဓာ ဖြစ်ဆဲပုဂ္ဂိုလ်။ (၂) ရူပက္ခန္ဓာဖြစ်ပြီးပုဂ္ဂိုလ် (၃) ရူပက္ခန္ဓာဖြစ်လတ္တံ ပုဂ္ဂိုလ်ဟူ၍ ၃-ပါး အပြားရှိ၏။ ထိုတွင်—(၁) ရူပက္ခန္ဓာဖြစ်ဆဲ ပုဂ္ဂိုလ်ဟူသည်-အသညသတ် ဥပပဇ္ဇန္တ ဖြစ်သော သုဂတိ အဟိတ်ပုထုဇဉ်ပုဂ္ဂိုလ်နှင့် ပဉ္စဝေါကာရဥပပဇ္ဇန္တဖြစ်သော ပုဇဉ်ပုဂ္ဂိုလ် ၄-ယောက်, အောက်ဖလဋ္ဌာန်ပုဂ္ဂိုလ် ၃-ယောက်တို့ဖြစ်သည်။ (၂) ရူပက္ခန္ဓာဖြစ်ပြီး ပုဂ္ဂိုလ်ဟူသည်-ခပ်သိမ်းသောဥပပဇ္ဇန္တစဝန္တ ဖြစ်သော ပုထုဇဉ်ပုဂ္ဂိုလ် ၄-ယောက်, ဖလဋ္ဌာန်ပုဂ္ဂိုလ် ၄-ယောက်တို့ဖြစ်သည်။ (၃) ရူပက္ခန္ဓာ ဖြစ်လတ္တံ့ ပုဂ္ဂိုလ်ဟူသည်-ပဉ္စဝေါကာရဘုံ၌ နောင်ဖြစ်ပြန်ကောင်းသော ပဉ္စဝေါကာရ ဥပပဇ္ဇန္တစဝန္တဖြစ်သော ပုထုဇဉ် ပုဂ္ဂိုလ် ၄-ယောက်, အောက်ဖလဋ္ဌာန်ပုဂ္ဂိုလ် ၃-ယောက်, အသညသတ် ဥပပဇ္ဇန္တစဝန္တ ဖြစ်သော သုဂတိအဟိတ် ပုထုဇဉ်ပုဂ္ဂိုလ်, အရူပဥပပဇ္ဇန္တစဝန္တဖြစ်သော တိဟိတံပုထု ဇဉ်ပုဂ္ဂိုလ်တို့ဖြစ်သည်။ ရူပက္ခန္ဓာ၏ ဖြစ်ရာဘုံရူပက္ခန္ဓာ၏ ဖြစ်ရာဘုံသည်—ကာမ (၁၁)ဘုံ, ရူပ (၁၆)ဘုံအားဖြင့် (၂၇)ဘုံတို့ဖြစ်သည်။ ထို့အတူ ရူပက္ခန္ဓာ၏ ချုပ်ရာသည်လည်း (၁) ပုဂ္ဂိုလ် (၂)ဘုံဟူ၍ ၂-ပါး အပြားရှိ၏။ ပုဂ္ဂိုလ်အားဖြင့် ရူပက္ခန္ဓာ၏ ချုပ်ရာထိုတွင် ပုဂ္ဂိုလ်သည်လည်း- (၁) ရူပက္ခန္ဓာ ချုပ်ဆဲပုဂ္ဂိုလ်။ (၂) ရူပက္ခန္ဓာ ချုပ်ပြီးပုဂ္ဂိုလ်။ (၃) ရူပက္ခန္ဓာ ချုပ်လတ္တံ့ ပုဂ္ဂိုလ်ဟူ၍ ၃-ပါး အပြားရှိ၏။ ထိုတွင် (၁) ရူပက္ခန္ဓာ ချုပ်ဆဲ ပုဂ္ဂိုလ်ဟူသည် အသညသတ်စဝန္တဖြစ်သော သုဂတိအဟိတ် ပုထုဇဉ်ပုဂ္ဂိုလ်နှင့် ပဉ္စဝေါကာရစဝန္တဖြစ်သော ပုထုဇဉ်ပုဂ္ဂိုလ် ၄-ယောက်, ဖလဋ္ဌာန် ပုဂ္ဂိုလ်၄-ယောက်တို့ဖြစ်သည်။ (၂) ရူပက္ခန္ဓာ ချုပ်ပြီးပုဂ္ဂိုလ်ဟူသည်-ခပ်သိမ်းသော ဥပပဇ္ဇန္တစဝန္တဖြစ်သော ပုထုဇဉ်ပုဂ္ဂိုလ် ၄-ယောက်, ဖလဋ္ဌာန်ပုဂ္ဂိုလ် ၄-ယောက်တို့ ဖြစ်သည်။ (၃) ရူပက္ခန္ဓာ ချုပ်လတ္တံ ပုဂ္ဂိုလ် ဟူသည်-ပဉ္စဝေါကာရဘုံ၌ နောင်ချုပ် ပြန်ကောင်းသော ပဉ္စဝေါကာရဥပပဇ္ဇန္တ-စဝန္တဖြစ်သော ပုထုဇဉ်ပုဂ္ဂိုလ် ၄-ယောက်, အောက်ဖလဋ္ဌာန်ပုဂ္ဂိုလ် ၃-ယောက်, အသညသတ်ဥပပဇ္ဇန္တစဝန္တဖြစ်သော သုဂတိအဟိတ် ပုထုဇဉ်ပုဂ္ဂိုလ်၊ အရူပဥပပဇ္ဇန္တစဝန္တဖြစ်သော တိဟိတ်ပုထုဇဉ်ပုဂ္ဂိုလ်တို့ဖြစ်သည်။ ရူပက္ခန္ဓာ၏ ချုပ်ရာဘုံရူပက္ခန္ဓာ၏ ချုပ်ရာဘုံသည် ကာမ(၁၁)ဘုံ, ရူပ (၁၆)ဘုံအားဖြင့် (၂၇)ဘုံတို့ဖြစ်သည်။ ရူပက္ခန္ဓာကို ပိုင်းခြား၍သိသော ပုဂ္ဂိုလ်သည်လည်း-(၁) ရူပက္ခန္ဓာကို ပိုင်းခြား၍ သိဆဲပုဂ္ဂိုလ်၊ (၂) ရူပက္ခန္ဓာကို ပိုင်းခြား၍ သိပြီးပုဂ္ဂိုလ်၊ (၃) ရူပက္ခန္ဓာကို ပိုင်းခြား၍ သိလတ္တံ့ပုဂ္ဂိုလ်ဟူ၍ (၃)ပါး အပြားရှိ၏။ ရူပက္ခန္ဓာကို ပိုင်းခြား၍သိသော ပုဂ္ဂိုလ်ထိုတွင် (၁) ရူပက္ခန္ဓာကို ပိုင်းခြား၍ သိဆဲ ပုဂ္ဂိုလ်ဟူသည်-အရဟတ္တမဂ္ဂဋ္ဌာန် ပုဂ္ဂိုလ်တည်း။ (၂) ရူပက္ခန္ဓာကို ပိုင်းခြား၌ သိပြီး ပုဂ္ဂိုလ်ဟူသည် အရဟတ္တဖလဋ္ဌာန် ပုဂ္ဂိုလ်တည်း။ (၃) ရူပက္ခန္ဓာကို ပိုင်းခြား သိလတ္တံ့ ပုဂ္ဂိုလ်ဟူသည် ကျွတ်ထိုက်သော ပုထုဇဉ်ပုဂ္ဂိုလ်, အောက်မဂ္ဂဋ္ဌာန်ပုဂ္ဂိုလ် ၃-ယောက် အောက်ဖလဋ္ဌာန် ပုဂ္ဂိုလ် ၃-ယောက်တို့တည်း။ [၇] [၆] ကိုးကား
|
Portal di Ensiklopedia Dunia