လဟုပါဝုရဏသိက္ခာပုဒ်
အမှု—ကောသလမင်း၏ ခြုံထည်ကို တောင်းမှု။ [၁] အမှုသည်—ထုလ္လနန္ဒာ။ ထုလ္လနန္ဒာနှင့် မဟာရာဇာကောသလမဟာရာဇာသည် ပူအိုက်သောအခါဝယ် အဖိုးများစွာ ထိုက်တန်သော ခေါမတိုင်းဖြစ် ခြုံထည်ကို ခြုံ၍ ထုလ္လနန္ဒာအထံ ရောက်လာပြန်ရာ ထုလ္လနန္ဒာ ဟော ပြောအပ်သောတရားစကားကို ... သဘောကျ၍ “အလိုရှိတာ ပြောပါ”ဟု ဖိတ်ပြန်လေသည်၊ ထုလ္လနန္ဒာသည် ချက်ခြင်းပင် “လှူလိုလျှင် ဒီခြုံထည်ကို လှူခဲ့ပါလား”ဟု တောင်းလေသည်၊ မဟာရာဇာလည်း မရှောင်သာ၍ လူရ လေသော် (ရှေ့သိက္ခာပုဒ် အတိုင်း) လူတို့က ကဲ့ရဲ့ပြန်သောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။ သိက္ခာပုဒ်လဟုပါဝုရဏံ ပန ဘိက္ခုနီယာ စေတာပေန္တိယာ အဍ္ဎတေယျကံသပရမံ စေတာပေတဗ္ဗံ။ တတော စေ ဥတ္တရိ စေတာပေယျ, နိဿဂ္ဂိယံ ပါစိတ္တိယံ။ မြန်မာပြန်ပေါ့သော ခြုံထည်ကို တောင်းလိုသော ဘိက္ခုနီသည် အလွန်ဆုံး ၂-ကံသခွဲသာ တန်ဘိုးရှိသောခြုံထည်ကို တောင်းရမည်၊ ထို့ထက်ပို၍ တန်ဘိုးရှိသော ခြုံထည်ကိုတောင်းလျှင် နိဿဂ္ဂိပါစိတ် အာပတ်သင့်၏။ မှတ်ချက်ပူအိုက်သောအခါ ခြုံရသောခြုံထည်ကို “ပေါ့သောခြုံထည်”ဟု ဆို၏။ “ခြုံထည်” ဟူသည်လည်း ဣန္ဒြိယလူမျိုးတို့ အပေါ်ပိုင်း၌ ခြုံလေ့ ရှိသော အပေါ် ခြုံမျိုးပင် ဖြစ်ဟန်တူသည် ၂-ကံသခွဲ” ဟူသည် ၁၀တည်း။ နိဿဂ္ဂိပါစိတ်[နိဿဂ္ဂိ= စွန့်ခြင်း။] ဝိနည်းထုံးစံအရ သံဃာ့ထံမှာ ဖြစ်စေ, ၂-ပါး ၃-ပါး (ဂိုဏ်း) ထံမှာ ဖြစ်စေ, ၁-ပါး (ပုဂ္ဂိုလ်) ထံမှာ ဖြစ်စေ ရရှိသောပစ္စည်းကို စွန့်ရသည်၊ ထိုသို့စွန့်ပြီးမှ ပါစိတ် အာပတ်ကို ဒေသနာပြောရ၏၊ ဒေသနာ ပြောကြားရုံဖြင့် မပြီးဘဲ ပစ္စည်းကိုလည်း စွန့်ရသေးသောကြောင့် “နိဿဂ္ဂိပါစိတ်အာပတ်” ဟု ခေါ်သည်။ သိက္ခာပုဒ် ၃၀ဘိက္ခုတို့အတွက် နိဿဂ္ဂိယပါစိတ္တိယသိက္ခာပုဒ် ၃၀ ရှိသကဲ့သို့ ဘိက္ခုနီများအတွက်လည်း ၃၀ ပင်ရှိ၏၊ ဘိက္ခုနီတို့၏ ၃၀-ကား ပြခဲ့သော ၁၂-ပါး, ဘိက္ခု၏ စီဝရဝဂ်လာ ၁၀ ပါးတွင် ပုရာဏစီဝရဓောဝါပနနှင့် စီဝရပရိဝတ္တန သိက္ခာပုဒ် ၂-ပါးကို ကြဉ်၍ စီဝရဝဂ်လာ ၈-ပါး, ပတ္တဝဂ်လာ ၁၀ ပါး, ပေါင်း ၃၀ ဖြစ်၏။ နိဿဂ္ဂိယပါစိတ်အခန်းပြီး၏။ ကိုးကား
|
Portal di Ensiklopedia Dunia