လာဘနိဇီဂီသနတာ

လာဘေန လာဘနိဇိဂီသနတာ = ပစ္စည်းလာဘ်ကို ရလို၍ တစ်အိမ်မှ ရသော အာမိသအနည်းငယ်ကို နောက်တစ်အိမ်သို့ ဆောင်ပို့လျက် ပို၍ အမြတ်ရအောင် လာဘ်ရှာခြင်း၊

အပဝါရိတဝိညတ္တိ = လိုအပ်သောပစ္စည်း အလှူခံပါဟု ဖိတ်မန်ထားခြင်း မရှိသူအား ပစ္စည်းတို့ကို တောင်းခံခြင်း၊

အညာတကဝိညတ္တိ = အထက် ဆွေ (၇)ဆက်, အောက် မျိုး (၇)ဆက် မတော်စပ်သူတို့ထံ အာမိသပစ္စည်း တောင်းခံခြင်း၊

တိရစ္ဆာနဝိဇ္ဇာ = မဂ်ဖိုလ်နှင့် ဖီလာကန့်လန့် ဆန့်ကျင်ဘက်ဖြစ်၍ ဖြစ်သော တိရစ္ဆာန်အတတ်။

(မှတ်ချက်) အင်္ဂဝိဇ္ဇာအတတ်, လက္ခဏာဟောအတတ်, နိမိတ်ကျမ်း အတတ် စသည်ဖြင့် သီလက္ခန် ဗြဟ္မဇာလသုတ်၌ များစွာလာသည်။ []

ကိုးကား

  1. လင်းရောင်ကြည် ဆရာတော် ဦးကောဝိဒါဘိဝံသ (ဝိနည်းပဒေသာ သင်တန်း)
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya