လာအို လေကြောင်းလိုင်း

Lao Airlines
ການບິນລາວ
ဖိုင်:Lao Airlines logo.png
IATA ICAO Callsign
QV LAO LAO
တည်ထောင်1976
လေကြောင်းဗဟိုဝတ်တေ အပြည်ပြည်ဆိုင်၇ာ လေဆိပ်
ပြေးဆွဲသည့်အဓိကမြို့များLuang Prabang International Airport
လေယာဉ်ပေါင်း11
ဂိတ်ဆုံလေဆိပ်ပေါင်း20
ဌာနချုပ်ဗီယင်ကျန်းမြို့လာအိုနိုင်ငံ
အရေးကြီးပုဂ္ဂိုလ်များDr. Somphone Douangdara (President)
ဝက်ဘ်ဆိုဒ်laoairlines.com

လာအို လေကြောင်းလိုင်း[] သည်  လာအိုနိုင်ငံ၏ နိုင်ငံတော် အလံတင် လေကြောင်းလိုင်း ဖြစ်ပြီး ဗီယင်ကျန်းမြို့တွင် ရုံးချုပ်တည်ရှိသည်။ ပြည်တွင်း သာမက ကမ္ဘောဒီးယား၊ တရုတ်၊ ထိုင်း၊ ဗီယက်နမ်၊ စင်ကာပူ နှင့် တောင်ကိုရီးယား နိုင်ငံများသို့လည်း ချိတ်ဆက်ပျံသန်းလျက် ရှိသည်။ အဓိကအခြေစိုက် လေဆိပ်မှာ ဝတ်တေ အပြည်ပြည်ဆိုင်ရာ လေဆိပ် ဖြစ်သည်။ လာအို လေကြောင်းလိုင်းသည် လာအိုနိုင်ငံ၏ အများပြည်သူ အလုပ်နှင့် သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာန၏ စီမံခန့်ခွဲမှု အောက်တွင် တည်ရှိသည်။[]

သမိုင်း

၁၉၇၆ ခုနှစ် စက်တင်ဘာလတွင် တော်ဝင် လာအို လေကြောင်းလိုင်း နှင့် လာအို လေကြောင်းလိုင်း တို့ကို ပူးပေါင်းလိုက်သည်။ ၁၉၇၉ ခုနှစ်တွင် လာအို လေကြောင်းပို့ဆောင်ရေးကုမ္ပဏီ အဖြစ် ပြောင်းလဲခဲ့သည်။ လေကြောင်းလိုင်းသည Douglas DC-3, DC-4 လေယာဉ်များဖြင့် ပြည်တွင်း ပြည်ပ ခရီးစဉ်များကို ပျံသန်းခဲ့သည်။ ၁၉၈၀ ခုနှစ်အကျော်တွင် လေယာဉ်များကို တရုတ်နိုင်ငံ နှင့် ဆိုဗီယက်ပြည်ထောင်စု တို့မှ မှာယူကာ အစားထိုး လဲလှယ်မှုများ ပြုလုပ်ခဲ့သည်။ ထို့နောက် ဘန်ကောက်မြို့၊ ဟနွိုင်းမြို့ နှင့် ဖနွမ်းပင် မြို့တို့ကို ပျံသန်းပြေးဆွဲခဲ့သည်။

၂၀၀၀ ခုနှစ်တွင် တရုတ်ယူနန် လေကြောင်းလိုင်းနှင့် ပူးပေါင်းခဲ့သည်။ ၁၉၉၄ ခုနှစ်တွင် လေယာဉ်များကို ATR-42 လေယာဉ်များအဖြစ် အဆင့်မြှင့်တင်ခဲ့ပြီး ၁၉၉၅ ခုနှစ်တွင် ATR-72 လေယာဉ်များအဖြစ် အဆင့်မြှင့်တင်ခဲ့သည်။ 

၂၀၀၃ ခုနှစ်တွင် လာအို လေကြောင်းလိုင်း ပုံရိပ်မြှင့်တင်မှုများ ပြုလုပ်ခဲ့ကာ ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် လာအိုလေကြောင်းလိုင်း၏ ပထမဦးဆုံး အဲဘတ်စ် အေ၃၂၀ လက်ခံရရှိခဲ့သည်။ ဒုတိယမြောက် အဲဘတ်စ် အေ၃၂၉ကို ဒီဇင်ဘာလ တွင် လက်ခံရရှိခဲ့သည်။ အဆိုပါ အဲဘတ်စ် ၃၂၀ လေယာဉ်များကို အဆင့်အတန်း (၂) မျိုးခွဲကာ ခရီးသည် ၁၄၂ ဦးဆန့်သည်။

ပျံသန်းရာမြို့များ

လာအိုလေကြောင်းလိုင်း၏ ATR 72-500 လေယာဉ်ကို ဝတ်တေ အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် တွေ့ရစဉ်
လာအို လေကြောင်းလိုင်း၏ ATR 72 လေယာဉ်ကို မြင်တွေ့ရစဉ်
လာအို လေကြောင်းလိုင်း၏ အဲဘတ်စ် အေ၃၂၀ ကို ဘန်ကောက်-သုဝဏ္ဏဘူမိလေဆိပ် တွင် တွေ့ရစဉ်

၂၀၁၄ ဖေဖော်ဝါရီလတွင် လာအို လေကြောင်းလိုင်းသည် အောက်ဖော်ပြပါ မြို့များသို့ ပျံသန်းပြေးဆွဲလျက်ရှိသည်။

ပူပေါင်းဆောင်ရွက်ခြင်း စာချုပ်

လာအို လေကြောင်းလိုင်းသည် အောက်ဖော်ပြပါ လေကြောင်းလိုင်းများနှင့် ပူးပေါင်းပျံသန်းလျက် ရှိသည်။

  • ထိုင်း လေကြောင်းလိုင်း
  • ဗီယက်နမ် လေကြောင်းလိုင်း

လေယာဉ်

၂၀၁၅ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် အောက်ဖော်ပြပါ လေယာဉ်အမျိုးအစားများ ပိုင်ဆိုင်ထားသည်။ 

လာအိုလေကြောင်းလိုင်း၏ လေယာဉ်အင်အား
လေယာဉ်အမျိုးအစား လက်ရှိ မှာယူထားရှိမှု ခရီးသည် မှတ်ချက်
J
Y Total
အဲဘတ်စ် အေ၃၂၀-၂၀၀



၁၆
၁၂၆
၁၄၂
ပြည်တွင်း ပြည်ပ ခရီးစဉ်
ATR 72-500


၇၀ ၇၀
ATR 72-600

စုစုပေါင်း ၁၁

ကိုးကား

  1. ၁.၀ ၁.၁ "Press Release #4 21 October 2013 ၌ at Archive.isတွင် မော်ကွန်းတင်ပြီး ." ကိုးကား အမှား - Invalid <ref> tag; name "Pressrel4" defined multiple times with different content
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya