ဝတ်တေ အပြည်ပြည်ဆိုင်ရာ လေဆိပ်
ဝတ်တေ အပြည်ပြည်ဆိုင်ရာ လေဆိပ် (IATA: VTE, ICAO: VLVT) သည် လာအိုနိုင်ငံ၏ အပြည်ပြည်ဆိုင်ရာ လေဆိပ်အနည်းငယ်ထဲမှ တစ်ခု ဖြစ်သည်။ လာအိုနိုင်ငံ၏ မြို့တော် ဗီယင်ကျန်းမြို့မှ ၂ မိုင်ခန့်အကွာတွင် တည်ရှိသည်။ လေဆိပ်တွင် ပြည်တွင်း လေဆိပ်အဆောက်အဦး အဟောင်းတစ်ခု နှင့် ပြည်ပ လေဆိပ်ဆိပ်အဆောက်အဦး အသစ် တစ်ခု ရှိသည်။ လေဆိပ်၏ အဆုံးတစ်ဖက်တွင် လာအို လေတပ် တပ်စွဲရာ လေတပ်စခန်း တစ်ခု တည်ရှိသည်။ လာအိုနိုင်ငံ လေကြောင်းအဖွဲ့အစည်း၏ ရုံးချုပ်သည် လေဆိပ်ဧရိယာအတွင်းတွင် တည်ရှိသည်။ လာအို လေကြောင်းလိုင်း၏ ရုံးချုပ်သည်လည်း လေဆိပ်ဧရိယာတွင် တည်ရှိသည်။ မကြာသေးမှီက လာအိုလေကြောင်းလိုင်းသည် ရန်ကုန်မြို့သို့ ပြန်လည်ချိတ်ဆက် ပျံသန်းခဲ့သည်။ လေကြောင်းလိုင်းများနှင့် ပျံသန်းရာမြို့များဝန်ဆောင်မှုလေဆိပ်တွင် အောက်ဖော်ပြပါ ဝန်ဆောင်မှုများ ရရှိနိုင်သည်။
လေဆိပ်သည် ကုန်စည်ပို့ဆောင်ရေးအတွက် လေကြောင်းကုန်စည်ပို့ဆောင်ရေး စာချုပ်ချုပ်ဆိုထားရှိပြီး လာအို-ဂျပန် လေဆိပ်အဆောက်အဦး ဝန်ဆောင်မှု ကုမ္ပဏီမှ လုပ်ကိုင်နေခြင်းဖြစ်သည်။ သယ်ယူပို့ဆောင်ရေးလေဆိပ်ကို အငှားယာဉ်၊ ကား နှင့် တုတ်တုတ်ဟု ခေါ်သော သုံးဘီးဆိုင်ကယ် များဖြင့် ရောက်ရှိနိုင်သည်။ အငှားယာဉ် ရပ်နားရာ နေရာသည် ဆိုက်ရောက်ခန်းမ အပြင်ဘက်တွင် တည်ရှိသည်။ ကိုးကား
|
Portal di Ensiklopedia Dunia