လူထုတော်လှန်ရေး မဟာမိတ်အင်အားစု
လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (အင်္ဂလိပ်: People's Revolution Alliance (Magway)) သည် မြန်မာစစ်ကောင်စီအား တော်လှန်တိုက်ခိုက်နေသော လက်နက်ကိုင်အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်တွင် ဖွဲ့စည်းခဲ့ပြီး မကွေးတိုင်းဒေသကြီးတွင် လှုပ်ရှားလျက်ရှိသည်။ သမိုင်းကြောင်းလူထုတော်လှန်ရေး မဟာမိတ်အင်အားစု၏ စစ်ဦးစီးချုပ်မှာ ကျော်ကိုရှိန်ဖြစ်ပြီး အာဏာမသိမ်းမီက ဒီမိုကရေစီရေးဆိုင်ရာ အခွင့်အရေးများကို ဆောင်ရွက်သည့် အရပ်ဘက်အဖွဲ့အစည်းများတွင် ပါဝင်ခဲ့သူ ဖြစ်သည်။ ကျော်ကိုရှိန်နှင့် ဒေသခံလူငယ်များသည် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သော ဆန္ဒပြမှုများကို မကွေးဒေသတွင် ပြုလုပ်ခဲ့ပြီး စစ်ကောင်စီက အကြမ်းဖက်ဖြိုခွင်းခြင်း၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လာသည့်နောက်တွင် လက်နက်ကိုင်တော်လှန်ရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။ [၃] ၂၀၂၃ ခုနှစ် ဧပြီလ ၇ ရက်နေ့တွင် စစ်ကောင်စီထိန်းချုပ်သော အမှတ် ၁၀ ကာကွယ်ရေးပစ္စည်းစက်ရုံကို ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စက်ရုံမီးလောင်ကျွမ်းပြီး စစ်ကောင်စီတပ်သားအချို့ သေဆုံးခဲ့သည်။ အဆိုပါ စစ်ဆင်ရေးကို ဒေသတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် ချင်းဒေသကာကွယ်ရေးတပ်မတော်တို့နှင့် ပူးတွဲ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။[၅] ရည်ရွယ်ချက်များလူသား၏ ဖြစ်တည်မှု၊ ဂုဏ်သိက္ခာ၊ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်မှုအပေါ် အခြေခံ၍ လွတ်လပ်မျှတပြီး တန်းတူညီမျှမှုရှိသည့် လူ့ဘောင်သစ်တရပ် ပေါ်ထွန်းလာစေရန် ဖြစ်သည်။[၃] ကိုးကား
|
Portal di Ensiklopedia Dunia