အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (အတိုကောက် လပခ) သည် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် အခြေစိုက်သော တိုင်းစစ်ဌာနချုပ်တစ်ခု ဖြစ်သည်။ အဓိက တာဝန်မှာ မြန်မာနိုင်ငံအလယ်ပိုင်းဒေသများဖြစ်သော မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးတောင်ပိုင်းနှင့် ၎င်းတို့နှင့်ထိစပ်နေသော နေရာဒေသများ၏ ကာကွယ်ရေး၊ လုံခြုံရေးနှင့် စစ်ဆင်ရေးဆိုင်ရာကိစ္စရပ်များအား အဓိကတာဝန်ယူဆောင်ရွက်ရသည်။ ထို့ပြင် တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်းရှိ ၎င်း၏လက်အောက်ခံ တပ်များနှင့် အခြားလက်ရုံး/ဝန်ထမ်းတပ်များ၏ စစ်ဦးစီး/ စစ်ရေး/ စစ်ထောက်ပိုင်းဆိုင်ရာ လုပ်ငန်းများကိုပါ ဖြေရှင်းဆောင်ရွက်ပေးခြင်းနှင့် အထက်ဌာနများမှ အမိန့်နှင့် ညွှန်ကြားချက်များအား ထပ်ဆင့် ညွှန်ကြားပေးခြင်းနှင့် ကြီးကြပ်ခြင်းတို့ကိုပါ ဆောင်ရွက်ရသည်။ တိုင်းစစ်ဌာနချုပ်ရုံးမှာ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ် နန်းတွင်းတွင်တည်ရှိပြီး၊[၁] လက်ရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ထမ်းဆောင်နေသူမှာ ဗိုလ်မှူးချုပ် ကျော်ကိုထိုက် (ကြည်း - ၂၈၁၂၅)[၂]ဖြစ်သည်။ သမိုင်း၁၉၆၁ခုနှစ်မတိုင်မီတွင် မြန်မာနိုင်ငံ၌ တောင်ပိုင်းတိုင်းနှင့် မြောက်ပိုင်းတိုင်းဟူ၍ တိုင်းစစ်ဌာနချုပ် နှစ်ခုသာရှိခဲ့ရာမှ ၁၉၆၁ခုနှစ် အောက်တိုဘာလတွင် အနောက်မြောက်၊အလယ်ပိုင်း၊အရှေ့တောင်၊အနောက်တောင်၊အရှေ့ပိုင်းဟူ၍ ၅ခုအထိ တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ စတင်ဖွဲ့စည်းစဉ်က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ မင်္ဂလာဒုံတွင် အခြေစိုက်သည်။ ပထမဆုံးတိုင်းမှူးမှာ ဗိုလ်မှူးချုပ်စိန်ဝင်းဖြစ်သည်။ နောက်ပိုင်းတွင် တောင်ငူသို့ ပြောင်း၍ အခြေစိုက်သည်။၁၉၈၈ခုနှစ်နောက်ပိုင်းတွင် မန္တလေးအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်အား ခွဲခြားကာ မုံရွာမြို့သို့ ပြောင်း၍ အခြေစိုက်သည်။ တောင်ငူအခြေစိုက် အလယ်ပိုင်းတိုင်းအား မန္တလေးသို့ ပြောင်း၍ အခြေစိုက်သည်။ တောင်ငူတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ဟူ၍ အသစ်ဖွဲ့စည်းခဲ့သည်။ နောက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပျဉ်းမနားဒေသအား နေပြည်တော်တိုင်းစစ်ဌာနချုပ်ဟူ၍ ခွဲထုတ်ခဲ့သည်။[၃][၄][၅] ဖွဲ့စည်းပုံစစ်ဗျူဟာများ
တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ ခြေမြန်တပ်မဌာနချုပ်များအလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ထမ်းဆောင်ခဲ့သူများအောက်ပါတို့မှာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် တာဝန်ထမ်းဆောင်ခဲ့သော စစ်တိုင်းမှူးများဖြစ်သည်။
ကိုးကား
နောက်ထပ်ကြည့်ရန် |
Portal di Ensiklopedia Dunia