စေတုတ္တရာမြို့နယ်
စေတုတ္တရာမြို့နယ် သည် မြန်မာနိုင်ငံ၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်တွင် ပါဝင်သည့် မြို့နယ်တစ်ခုဖြစ်သည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ စေတုတ္တရာမြို့ဖြစ်သည်။ ပထဝီဝင်အနေအထားစေတုတ္တရာမြို့နယ်သည် ရခိုင်ရိုးမတောင်တန်းများ၏ အရှေ့ဘက်ရေဝေကြော သဘာဝ တောတောင်ထူထပ်သော ဒေသတွင် တည်ရှိသည်။ တည်နေရာအကျယ်အဝန်းစေတုတ္တရာမြို့နယ်သည် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်းတွင် တည်ရှိသည်။ မြန်မာပြည်၏ အနောက်အလယ်ပိုင်း ရခိုင်ရိုးမနှင့် ချင်းတောင်တန်းများ ဆက်စပ်ရာ ဒေသဖြစ်သည်။ အရှေ့ဘက်တွင် စလင်းမြို့နယ်၊ အရှေ့တောင်ဘက်တွင် ပွင့်ဖြူမြို့နယ်၊ တောင်ဘက်တွင် ငဖဲမြို့နယ်၊ အနောက်ဘက်တွင် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ အနောက်မြောက်ဘက်တွင် ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ မြောက်ဘက်တွင် မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်တို့နှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိသည်။ စေတုတ္တရာမြို့သည် မြို့နယ်ရုံးစိုက်ရာ ဖြစ်ပြီး မုန်းချောင်းနှင့် ဆီမီးချောင်း ပေါင်းဆုံရာ၏ အထက်နားတွင် တည်ရှိသည်။ မြို့နယ်သည် တောင်မြောက် ၇၅မိုင်ခန့် ရှည်လျားပြီး အရှေ့အနောက် ၂၅မိုင်ခန့် ရှိကာ ဧရိယာ အကျယ်အဝန်းမှာ ၁၀၂၅ စတုရန်းမိုင်ခန့် ဖြစ်သည်။ မြေမျက်နှာသွင်ပြင်နှင့်ရေဆင်းစေတုတ္တရာမြို့နယ် အနောက်ဘက်ခြမ်းတစ်ခွင်လုံးသည် ရခိုင်ရိုးမတောင်တန်းများ၏ အရှေ့ဘက်ရေဝေကြောဖြစ်ပြီး မြို့နယ်၏ အရှေ့ဘက်ခြမ်းသည် ပုံတောင်ပုံညာတောင်တန်းများ၏အဆက်ဖြစ်သော မြင်းညောင်းတောင်တန်းနှင့် နွားမတောင်တန်းများ ရှိနေသဖြင့် ယေဘုယျအားဖြင့် မြို့နယ်တစ်ခုလုံးသည် တောင်ထူထပ်ပြီး မြေပြန့်နည်းပါးသည်။ တောင်တန်းများအားလုံးသည် မြောက်မှတောင်သို့ သွယ်တန်းလျက် ရှိကြသည်။ ရခိုင်ရိုးမတောင်တန်းတွင် အမြင့်ဆုံးတောင်ထွတ်ဖြစ်သော စွန်တောင် (ခေါ်) ချွန်းတောင် (၆,၅၂၇ ပေ (၁၉၈၉ မီတာ)) သည် စေတုတ္တရာမြို့၏ အနောက်မြောက်ဘက် တွင် တည်ရှိသည်။ တစ်မြို့နယ်လုံးသည် တောင်ထူထပ်ပြီး ပျမ်းမျှအမြင့်ပေ ၂၅၀၀ ခန့် ရှိသော်လည်း တောင်တန်းများ အကြားတွင် တည်ရှိသော စေတုတ္တရာမြို့ကွက်၏ ပျမ်းမျှအမြင့်မှာမူ ၁၀၈မီတာ (၃၅၄ပေ) ခန့်သာ ရှိသည်။ မြို့နယ်၏ အရှေ့ဘက်စွန်း နှင့် အရှေ့တောင်ဘက်စွန်း ဒေသများသည် ပျမ်းမျှအမြင့်ပေ ၁၀၀၀ ခန့်ရှိသော တောင်ကုန်းနိမ့်များ ဖြစ်ပြီး မြောက်ဘက်၊ အနောက်မြောက်ဘက်နှင့် အနောက်ဘက် နှင့် အနောက်တောင်ဘက် ဒေသများသည် ပေ၃၀၀၀ အထက်တောင်တန်းများ သာဖြစ်သည်။ မုန်းချောင်း ချောင်းဝှမ်းဒေသသည် ပျမ်းမျှအမြင့်ပေ ၅၀၀ ခန့်သာ ရှိသည်။ နတ်မတောင် (ခေါ်) ခေါနုသုမ်တွင်ချောင်းဖျားခံသော မုန်းချောင်းသည် စေတုတ္တရာမြို့နယ်တွင်း မြောက်မှတောင်သို့ ထက်ခြမ်းခွဲ စီးဆင်းလျက် ရှိသည်။ မုန်းချောင်းအတွင်းသို့ အနောက်ဘက်ခြမ်းမှ စီးဝင်ကြသော ချောင်းလက်တက်များအနက် မြို့နယ်၏ တောင်ဘက်ခြမ်းရှိ ကြီးချောင်းမှတစ်ပါး အများစုသည် အနောက်မှ အရှေ့သို့ သွယ်တန်းလျက် ရှိကြပြီး ကြီးချောင်းမှာမူ တောင်မှမြောက်သို့ ဆီးဆင်းသည်။ အရှေ့ဘက်ခြမ်းမှ စီးဝင်ကြသော ချောင်းလက်တက်များမှာမူ မုန်းချောင်းနှင့်အပြိုင် မြောက်မှတောင်သို့ သွယ်တန်းစီးဆင်းကြသည်။ သဘာဝပေါက်ပင်များနှင့်တောရိုင်းတိရစ္ဆာန်များကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ သစ်ရာ၊ အင်၊ အင်ကြင်း စသော အဖိုးတန် သစ်များနှင့် မျှင်ဝါး၊ ကြသောင်းဝါး၊ တင်းဝါး၊ သနဝါး စာသော ဝါးမျိုးများ သဘာဝအလျောက် ပေါက်ရောက်ကြသည်။ ကျွန်းသစ်နှင့် ဝါးတို့မှာ မြို့နယ်၏ အဓိက ထွက်ကုန်လည်း ဖြစ်သည်။ ဆေးဖက်ဝင် အပင်များအနေဖြင့် ဝံအူပင်၊ သက်ရင်းကြီး၊ သက်ရင်းကတိုး၊ ကြောင်ပန်း၊ မန်းသုံးခွ၊ ဒန်းကြီး စသော အဖိုးတန် အပင်များ ပေါက်ရောက်သည်။
ကျေးရွာများကျေးရွာပေါင်း ၁၁၅ ကို ကျေးရွာအုပ်စု (၄၈)အုပ်စုဖြင့်ဖွဲ့စည်းထားသည်။ ချင်းရွာ (၁၀၀)၊ ဗမာရွာ (၂၀) ဖြစ်သည်။ ထင်ရှားသောရွာကြီးများမှာ - {{column-lists|
လူဦးရေနှင့်လူမျိုးများမြို့နယ်အတွင်း ဗမာ နှင့် ချင်း တိုင်းရင်းသားလူမျိုးများ နေထိုင်ကြသည်။ ဒေသတွင်း ချင်းလူမျိုးစုများသည် ချင်းတောင်တန်းပေါ်ရှိ ချင်းလူမျိုးများနှင့် ယဉ်ကျေးမှု ဓလေ့ထုံးစံများ ကွာခြားပြီး ဗမာလူမျိုးတို့၏ ယဉ်ကျေးမှု ဓလေ့ထုံးစံများနှင့် နီးစပ်သည်။ ဒေသအတွင်းတွင် ချင်းပုံချင်း၊ မရင်းချင်း၊ လုံးပေါချင်း၊ မင်းကျချင်း နှင့် တောင်သူချင်း ဟု မျိုးနွယ်စု (၅) စု နေထိုင်ကြသည်။ ချင်းမျိုးနွယ်စုအချင်းချင်းကြားတွင် ပြောဆိုကြသောစကားများကို နားလည်ကြသော်လည်း စကားချင်း မတူကြပေ။ ပညာရေးစေတုတ္တရာမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (၁)ကျောင်း၊ တွဲဖက်အခြေခံပညာအထက်တန်းကျောင်း (၂)ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း (၆)ကျောင်း၊ တွဲဖက်အခြေခံပညာအလယ်တန်းကျောင်း (၂)ကျောင်း အခြေခံပညာမူလတန်းကျောင်း (၉၀) ရှိပြီး စုစုပေါင်း (၉၇)ကျောင်း ဖြစ်သည်။ မြို့နယ်ပညာရေးဌာနသည် အခြေခံပညာဦးစီးဌာန(အထက်မြန်မာပြည်)၏ လက်အောက်တွင်ထားရှိပြီး မြို့နယ်ပညာရေးမှူးအဆင့်ဖြင့် စီမံအုပ်ချုပ်သည်။ မြို့နယ်အတွင်း အိမ်ခြေအလွန်နည်းပါးသော တောင်ပေါ်ရွာငယ်လေးများနှင့် ရွာချင်းလွန်စွာကပ်နေသော ရွာများမှအပ ကျေးရွာအများစုမှာ မူလတန်းကျောင်းများကို တစ်ရွာလျှင်တစ်ကျောင်း ဖွင့်လှစ်ထားရှိသည်။ ကျန်းမာရေးစေတုတ္တရာမြို့ပေါ်တွင် (၂၅)ကုတင်ဆံ့ မြို့နယ်ပြည်သူ့ဆေးရုံ (၁)ရုံ၊ တပွင်ကျေးရွာတွင် တိုက်နယ်ပြည်သူ့ဆေးရုံ (၁) ရှိသည်။ မြို့နယ်အတွင်း ဒေသန္တရကျေးလက်ကျန်းမာရေးဌာန (၄) ခု ဖွင့်လှစ်ထားပြီး လက်ထောက်ကျန်းမာရေးမှူးများ ခန့်ထားကုသပေးသည်။ ထို့အပြင် ကျေးရွာအုပ်စုတစ်စုလျှင် သားဖွားဆရာမ တစ်ဦးကျစီ ခန့်ထားသည်။ မြို့နယ်သည် တောတောင်ထူထပ် ခြင်ပေါပြီး အဓိကဖြစ်ပွားသောရောဂါမှာ ငှက်ဖျားရောဂါဖြစ်သည်။ စိုက်ပျိုးရေးနှင့်မွေးမြူရေး
လမ်းပန်းဆက်သွယ်ရေးစေတုတ္တရာမြို့၏အရှေ့ဘက် စလင်းမြို့သို့ ၃၆ မိုင်ခန့် ကတ္တရာလမ်းဖောက်လုပ်ထားရှိပြီး ပဒါန်း-ငဖဲ-စေတုတ္တရာ-လောင်းရှည်-သီးကုန်း ခရိုင်ချင်းဆက်ကတ္တရာလမ်း(ကတ္တရာခင်းနေဆဲ) ပေါ်ပေါက်လာခြင်းကြောင့် ယခင် စေတုတ္တရာ-စလင်း-ပွင့်ဖြူ-မင်းဘူး-မကွေးမော်တော်ကားလိုင်းအပြင် ယခုအခါ စေတုတ္တရာ-ငဖဲ-ပဒါန်း-မင်းဘူး-မကွေး မော်တော်ကားလိုင်းလည်း ပြေးဆွဲလျက်ရှိသည်။ လမ်းခင်းမှုပြီးစီးပါက မြို့၏မြောက်ဘက်ရှိ ဆောမြို့နယ်ထိ လမ်းပန်းဆက်သွယ်ရေးများပွင့်လင်းလာမည်ဖြစ်သည်။ စီးပွားရေးဒေသတွင်းထွက်ရှိသော ဟင်းသီးဟင်းရွက်နှင့် ငါးတို့ကို ရောင်းချခြင်းမှတစ်ပါး အခြားထူးခြားသော စီးပွားရေးလုပ်ငန်းများ မရှိပါ။ သစ်ထုတ်လုပ်ခြင်းလုပ်ငန်းကို အစိုးရမှလုပ်ကိုင်ပြီး၊ ဝါးထုတ်လုပ်ခြင်းကို ရိုးမဝါးကုန်ထုတ်သမဝါယမအသင်းမှ ဆောင်ရွက်လျက်ရှိသည်။ လက်မှုပညာများ
ထင်ရှားသောနေရာများ
ကိုးကား
|
Portal di Ensiklopedia Dunia