လောင်းလုံးမြို့
လောင်းလုံးမြို့သည် မြန်မာနိုင်ငံအောက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်၏ ရုံးစိုက်မြို့ဖြစ်၏။ မြို့နယ်မှာ ထားဝယ်မြစ်ဝကျယ်နှင့် ဘင်္ဂလားပင်လယ်အော်၊ ကပ္ပလီပင်လယ်အကြားရှိ ကျွန်းဆွယ်အပိုင်းအပါအဝင်ဖြစ်သော မြို့နယ်ဖြစ်သည်။ ထားဝယ်မြစ်ဝနှင့် မိုင် ၂၀ သာ ကွာသည်။ [၂]လောင်းလုံး မြို့နယ်သည် မြောက်လတ္တီတွဒ် ၁၃ဒီဂရီ ၂၃မိနစ်မှ ၁၄ဒီဂရီ ၈မိနစ် ၃၀ စက္ကန့် နှင့် အရှေ့လောင်ဂျီတွဒ် ၉၈ဒီဂရီ ၃မိနစ် ၃၀ စက္ကန့်မှ ၉၈ဒီဂရီ ၁၃မိနစ်အကြားတွင် တည်ရှိပြီး အကျယ်အဝန်းမှာ (၃၅၅.၉၂)စတုရန်းမိုင် ကျယ်ဝန်းပါသည်။ အရှေ့မှအနောက်သို့ (၁၂)မိုင် ရှိပြီး တောင်မှ မြောက်သို့ (၄၄)မိုင် ရှည်လျားပါသည်။[၃] ပထဝီဝင်အနေအထားလောင်းလုံးမြို့နယ်၏ အရှေ့ဘက်တွင် ထားဝယ်မြစ်၊ အနောက်ဘက်တွင် ကပ္ပလီပင်လယ်၊ တောင်ဘက်တွင် မြန်မာ့ပင်လယ်၊ မြောက်ဘက်တွင် ရေဖြူမြို့နယ်တို့နှင့် နယ်နိမိတ်ထိစပ်လျက်ရှိသည်။ လောင်းလုံးမြို့နယ်သည် မြေညီရပ်ဝန်းမဟုတ်ဘဲ တောင်ကုန်း ချိုင့်ဝှမ်းများအတွင်း မြစ်ချောင်းဖြတ်သန်းစီးဆင်းလျက် ရှိသည်။ မြို့နယ်အနောက်ဘက်ခြမ်းတွင် တောင်တန်းမှာ မြောက်မှတောင်သို့ ကာဆီးလျက်ရှိသည်။ ထင်ရှားသော တောင်တန်းများမှာ မြင့်မိုရ်လက် ခတ်တောင်၊ တောမိုးတောင်၊ ရန်ကင်းတောင်၊ ကြည့်မျှော်တောင် တို့ဖြစ်သည်။ လောင်းလုံးမြို့နယ်တွင် မြစ်ချောင်းများ ပေါများသည့် ဒေသတစ်ခု ဖြစ်ပြီး မြစ်ချောင်းများသည် အနောက်မှအရှေ့သို့ စီးဆင်းလျက်ရှိသည်။ ထင်ရှားသောမြစ်(သို့မဟုတ်)ချောင်းမှာထားဝယ်မြစ်ဖြစ်ပြီး ထားဝယ်မြို့နယ် မှ လောင်းလုံးမြို့နယ်အကြားဖြတ်၍ မြောက်မှတောင်သို့ စီးဆင်းပါသည်။ ထားဝယ်မြစ်မှာ နွေရာသီတွင် ရေအနက် သာမန်ခန့်သာရှိ၍ သင်္ဘော စက်လှေများ သွားလာနိုင်သည်။ လောင်းလုံးမြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အထက်ပျမ်းမျှအမြင့် (၁၅၀)ပေအထက်တွင် တည်ရှိသည်။ အမြင့်ဆုံးတောင်မှာ မြင့်မိုရ်လက်ခတ်တောင်ဖြစ်၍ ပင်လယ်ရေမျက်နှာပြင်အထက် (၂၂၉၈၀)ပေအမြင့်တွင် ရှိသည်။[၃] သဘာဝပေါက်ပင်များလောင်းလုံးမြို့နယ်အတွင်း ပေါက်ရောက်သည့် သဘာဝပေါက်ပင် များမှာ သင်္ကန်းပင်အနည်းငယ် ပေါက်ရောက်ပါသည်။ တောင်တမာ၊ ဘင်ဂပင်များ ပေါက်ရောက်ပါသည်။ တောသရက်၊ တောင်ပိန္နဲ၊ ရင်းခတ်၊ ဖန်ခါး၊ သပြေ၊ သစ်အယ်ပင်များ ပေါက်ရောက်ပါသည်။ ဝါးဘိုးဝါး၊ သိုက်ဝါးများလည်း ပေါက်ရောက်ပါသည်။ ရှားပါးဆေးဖက်ဝင်အပင်များ ဖြစ်သည့် ဥတစ်လုံးဂမုန်း၊ မီးကွင်းဂမုန်း၊ ပုလဲ၊ ကြောင်ပန်း၊ နနွင်း၊ ကင်းမြီးကောက်၊ တောင်ဇီးဖြူပင်များ ပေါက်ရောက်ပါသည်။[၃] စီးပွားရေးနေထိုင်ကြသောလူများ၏ အဓိကအလုပ်အကိုင်မှာ လယ်ယာစိုက်ပျိုးခြင်းဖြစ်၏။ ကညင်ဆီဖြင့်ပြုလုပ်သော ကညင်တိုင်ခေါ် မီးတိုင်များကို အများအပြားလုပ်ကြသည်။ ဖျာကြမ်းများကိုလည်းရက်လုပ်၏။ လောင်းလုံးမြို့နယ် စစ်ပြဲရွာတွင်ဆားချက်သည်။ အခြားအရေးပါသော လုပ်ငန်းတစ်ခုမှာ တံငါလုပ်ငန်းဖြစ်လေသည်။ ရာဘာခြံများနှင့် ဆီအုန်းခြံများကိုလည်း နေရာအနံ့၌တွေ့နိုင်သည်။ သဘာဝကမ်းခြေ အများအပြားရှိသည့် အပြင် ရှင်ကိုးရှင်စာရင်းဝင် ရှင်မော်တောင်ဘုရား၊ ရှင်ဇလွန်စေတီတော်နှင့် ရှင်တောက်ထိန်ဘုရားတို့သည် လောင်းလုံးမြို့နယ်အတွင်း၌ရှိသဖြင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများကိုလည်း လုပ်ကိုင်လာကြသည်။ လူဦးရေလောင်းလုံးသည် ထားဝယ်လူမျိုးသီးခြားနေထိုင်သောမြို့ဟုဆိုနိုင်ပါသည်။ တခြားလူမျိုးများရောရှက်မှုအလွန်နဲပါး၍ ၁၉၀၁ ခုက လူဦးရေ ၁၄၆၁ ဦးသာ နေထိုင်သည့် ကျေးရွာ ဖြစ်ခဲ့သည်။[၄] မြို့ပေါ်ရှိ လူဦးရေမှာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ၅,၃၃၄ ယောက်[၁] ဖြစ်သည်။ မြို့နယ်အတွင်းရှိ လူဦးရေစုစုပေါင်းမှာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ၁၁၈,၃၁၇ ယောက်[၅]ဖြစ်ပြီး၊ လောင်းလုံးဒေသ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၂၀၁၉-စက်တင်ဘာလကုန် စာရင်းအရ ၁၄၈,၄၅၄ယောက်[၃] ဖြစ်သည်။ ထင်ရှားပုဂ္ဂိုလ်လောင်းလုံးဇာတိ
ကိုးကား
|
Portal di Ensiklopedia Dunia