ဝပ်စ်ကာရန်း အမျိုးသားဥယျာဉ်
ဝပ်စ်ကာရန်း အမျိုးသားဥယျာဉ် သည် ပီရူးနိုင်ငံရှိ အမျိုးသားဥယျာဉ်တစ်ခု ဖြစ်ပြီး အန်ကက်ရှ်ဒေသရှိ အင်န်ဒီးစ် တောင်တန်း အလယ်ပိုင်းဖြစ်သော ကော်ဒီလယ်ရာ ဘလန်ကာ တောင်တန်း (ကမ္ဘာပေါ်ရှိ အမြင့်ဆုံး အပူပိုင်းဒေသ တောင်တန်း) ၏ အစိတ်အပိုင်း အတော်များများ ပါဝင်သည်။[၁] ဥယျာဉ်၏ အကျယ်အဝန်းမှာ ၃၄၀,၀၀၀ ဟက်တာ (၃,၄၀၀ စတုရန်း ကီလိုမီတာ) မျှ ကျယ်ဝန်းကာ SERNANP ခေါ် ပီရူးနိုင်ငံ ထိန်းသိမ်းထားသော ဒေသများကွန်ယက် မှ စီမံခန့်ခွဲသည်။ [၁] ၁၉၈၅ တွင် ယူနက်စကိုမှ ကမ္ဘာ့အမွေအနှစ်နေရာ စာရင်းတွင် ထည့်သွင်းခဲ့သည်။ [၂] လူသိများသော တောင်တက်စခန်းလည်း ဖြစ်ပြီး ထူးခြားသော ဇီဝမျိုးကွဲများ တည်ရှိရာ နေရာလည်း ဖြစ်ကာ အင်န်ဒီးစ် ဘုရင်မ ဟုအမည်ရသည့် အပင်အပါအဝင်[၃]မျက်ကွင်းနက် ဝက်ဝံ၊ ကွန်ဒါလင်းတ၊ ဗီကူနာသမင် နှင့် တာရူကာ သမင် အစရှိသော တိရစ္ဆာန်များ ရှိသည်။
ကိုးကား
|
Portal di Ensiklopedia Dunia