ဝီကီပီးဒီးယား:မေတာ
![]() မေတာ (သို့) မေတာ-ဝီကီ (အင်္ဂလိပ်: Wikimedia’s Meta-Wiki) (meta.wikipedia.org) သည် ဝီကီမီဒီယာ ဖောင်ဒေးရှင်း၏ ပရောဂျက်အားလုံးကို ညှိနှိုင်းဆောင်ရွက်ရာ၌ အထောက်အကူပေးနေသော ဝီကီ-အခြေပြု ဝက်ဘ်ဆိုက် တစ်ခု ဖြစ်သည်။ ၂၀၀၁ ခုနှစ်၊ နိုဝင်ဘာလတွင် မေတာ-ဝီကီပီးဒီးယား အဖြစ် ဖန်တီးခဲ့ပြီး လက်ရှိတွင် မတူညီသော အခန်းကဏ္ဏအသီးသီးအား ဆောင်ရွက်ပေးနေပါသည် -
လက်ရှိအချိန်၌ မေတာ သည် ဝီကီပီးဒီးယန်းများအပါအ၀င် ဝီကီပီးဒီးယား အသုံးပြုသူများ ဆွေးနွေးတိုင်ပင်နိုင်မည့် အဓိကလမ်းကြောင်းနေရာများထဲမှ တစ်ခုဖြစ်နေပြီး၊ အခြား ထိုကဲ့သို့ ပြုလုပ်နိုင်မည့်နေရာများမှာ ပေးစာ စာရင်းများ၊ IRC ချန်နယ်များ နှင့် ဆောင်းပါးများနှင့် အသုံးပြုသူများ တစ်ဦး/တစ်ခုချင်းစီ၏ ဆွေးနွေးချက်စာမျက်နှာများ စသည်တို့ဖြစ်သည်။ မေတာသည် အင်္ဂလိပ်ဘာသာ ဝီကီပီးဒီးယားမှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရသည့် သီးခြားလွတ်လပ်သော ပရောဂျက်တစ်ခုသာဖြစ်ပြီး ၎င်း၌ ကိုယ်ပိုင်မူဝါဒများနှင့် ဓလေ့ထုံးတမ်းများရှိပါသည်။ မူလအစတွင်မူ အင်္ဂလိပ်ဘာသာ ဝီကီပီးဒီးယားအတွက်သာ ရှေးရှုခဲ့သော မေတာသည် ဝီကီပီးဒီးယား၏ မီဒီယာဝီကီ Software အား စိတ်တိုင်းကျ အဆင့်မြှင့်တင်ပြီး နောက်ပိုင်း၌ ဝီကီပီးဒီးယား ဘာသာစကားအသိုင်းအဝိုင်းအားလုံး သုံးသော ဘာသာမျိုးစုံ ဆွေးနွေးနိုင်သည့် ဖိုရမ်တစ်ခု ဖြစ်လာသည်။ မေတာ သို့ ရည်ညွှန်းခြင်းဆွေးနွေးမှု အမျိုးအစားအချို့ကို မေတာ ရှိ သင့်တော်မည့် နေရာများသို့ ရည်ညွှန်းသင့်သည်။
နောက်ထပ်ကြည့်ရန်ပြင်ပလင့်များ |
Portal di Ensiklopedia Dunia