ဝီကီပီးဒီးယား:လက်ဖက်ရည်ဆိုင် (အိုင်ဒီယာ)

 ဝေါဟာရ နည်းပညာ အဆိုပြုချက်များ အိုင်ဒီယာ အထွေထွေ 
လက်ဖက်ရည်ဆိုင်၏ အိုင်ဒီယာ အခန်းသည် ဝီကီပီးဒီးယားတွင် စတင်လုပ်ဆောင်နိုင်မည့် အကြံဉာဏ်အသစ်များ သို့မဟုတ် အကြံပြုချက်များ စတင်နိုင်ရန် ဖြစ်သည်။ အများသဘောဆန္ဒ ကောက်ခံဆွေးနွေးခြင်းအတွက် လက်ဖက်ရည်ဆိုင် (အဆိုပြုချက်များ) ကို အသုံးပြုပါ။
အပိုင်းသစ် မစတင်မီ အောက်ပါတို့ကို ကျေးဇူးပြု၍ မှတ်သားပါ

သုံးသပ်ချက်များ မရေးသားမီ အောက်ပါတို့ကို ကျေးဇူးပြု၍ မှတ်သားပါ

  • ဤစာမျက်နှာသည် အများသဘောဆန္ဒ ကောက်ခံရန်နေရာမဟုတ်သည့်အတွက် "ထောက်ခံ" နှင့် "မထောက်ခံ" သုံးသပ်ချက်များအတွက် နေရာမဟုတ်ပါ။ ယင်းအစား အကြံဉာဏ်များကို ဆွေးနွေးပါ။ မူကွဲများကို အကြံပြုပါ။
« ဆွေးနွေးချက် အဟောင်းများ,



မြန်မာ့စွယ်စုံကျမ်း မှ ကူးယူခြင်း

mywiki မှာ မြန်မာ့စွယ်စုံကျမ်းထဲက တိုက်ရိုက်ကူးယူထားတဲ့ ဆောင်းပါးတွေကို အများအပြား တွေ့ရပါတယ်။ ဒီမူရင်းဆောင်းပါးတွေဟာ Revise မလုပ်ခဲ့တာ ကြာပါပြီ။ တိုက်ရိုက်ကူးယူကြမယ့်အစား ကိုးကားပြီး ဖြည့်စွက်မယ်ဆိုရင် ပိုကောင်းမယ်လို့ မြင်မိပါတယ်။ Admin များအနေနဲ့ သတိပေးတာမဟုတ်တောင် တိုက်တွန်းတာမျိုးလုပ်ပေးပါလို့ အကြံပြုလိုပါတယ်။ မျိုးကြည်သာ (ဆွေးနွေး) ၀၄:၀၂၊ ၈ ဇန်နဝါရီ ၂၀၂၁ (UTC)အကြောင်းပြန်ရန်

တိုက်တွန်းသော်လည်း ဝင်ရေးသူနဲပါးသေးလို့ အဆင်မပြေလောက်လို့ ထင်ပါတယ်။ ဝင်ပြင်နိုင်သူရှိရင် ပြင်ဆင်နိုင်ပါတယ်။ စွယ်စုံကျမ်းက ယူတာက ကျွန်တော်သိသလောက် မြန်မာဝီကီစတော့ ဖောင့်စနစ်... ဘာဘာညာညာတွေကြောင့် ဝင်ရေးသူမရှိသလောက်ဖြစ်လို့ ဆောင်းပါးလိုအပ်မှုအရ အရင်လူတွေ ကိုယ့်နည်းကိုယ့်ဟန်နဲ့ လုပ်ခဲ့ကြတာပါ။ အဆင်ပြေတဲ့ဆောင်းပါးတွေပါသလို ဝီကီပုံစံမကျတာတွေလည်းပါပါတယ်။ မှားရင် ဝင်ပြင်နိုင်ပါတယ်၊ ကျွန်တော်တော့ တစ်ပုဒ်လုံးဖျက်ပြီး အသစ်ပြန်ရေးထားတာတွေလည်း စိတ်ပါရင်ဝင်လုပ်တယ်။ reliable sources တွေနဲ့ပေါ့။ နယ်ပယ်စုံက တည်းဖြတ်တတ်သူ အရေအတွက်များလာရင်တော့ အဆင်ပြေသွားမယ်ထင်ပါတယ်။ သာမန်တည်းဖြတ်သူအနနဲ့ သိသလောက် ဝင်ပြောတာပါ၊ ကျန်တာတော့ admin တွေကို အကြံပြုတာဖြစ်လို့ admin တွေဖြေပါလိမ့်မယ်။ Aungookingofcelestials (ဆွေးနွေး) ၁၁:၂၉၊ ၈ ဇန်နဝါရီ ၂၀၂၁ (UTC)အကြောင်းပြန်ရန်
ဟုတ်ကဲ့၊ ကျွန်တော်လဲ အသစ်ပြန်ရေးတာတွေလုပ်မယ်စဉ်းစားပါတယ်၊ ဒါပေမယ့် အရင်ရေးထားတာကို လေးစားသမှုနဲ့ဆိုတော့ အကုန်ဖျက် အသစ်ရေးလုပ်ဖို့ကို စိတ်က မရဲဘူးဖြစ်နေတာပါ။
အကြောင်းပြန်တာ ကျေးဇူးတင်ပါတယ် မျိုးကြည်သာ (ဆွေးနွေး) ၁၂:၂၆၊ ၈ ဇန်နဝါရီ ၂၀၂၁ (UTC)အကြောင်းပြန်ရန်

နေ့ရက် ဆောင်းပါးများ ဖြည့်စွက်နိုင်ဖို့

လူပုဂ္ဂိုလ်အကြောင်း ဆောင်းပါးတွေနဲ့ ဖြစ်ရပ်တွေအကြောင်း ဆောင်းပါးတွေ အသစ်ရေးတာပဲဖြစ်ဖြစ်၊ ရှိပြီးသားကို တည်းဖြတ်ပြင်ဆင်တာပဲဖြစ်ဖြစ် လုပ်ခဲ့ရင်၊ တလက်စတည်း သက်ဆိုင်ရာ နေ့ရက် ဆောင်းပါးစာမျက်နှာတွေမှာ တစ်ကြောင်းစီ ဖြည့်ပေးဖို့ အကူအညီ တောင်းလိုပါတယ်။ လူပုဂ္ဂိုလ်ဆိုရင် မွေးဖွား၊ ကွယ်လွန်နှစ်တွေကို သက်ဆိုင်ရာ ရက်စွဲ ဆောင်းပါးစာမျက်နှာတွေမှာ ဖြည့်ပေးဖို့နဲ့ ဖြစ်ရပ်ဆိုရင်လည်း ရက်စွဲဆောင်းပါးမှာ ဖြည့်ပေးဖို့ပါ။ ဥပမာ ၁ ဇန်နဝါရီ၃ ဇန်နဝါရီ တို့မှာ ဖြည့်ထားသလိုမျိုးပါ။ များသောအားဖြင့် ရက်စွဲဆောင်းပါးတွေက ဗလာတွေ ဖြစ်နေတာများလို့ နည်းနည်းချင်းစီဖြည့်သွားရင် ဖတ်စရာလေး ရသွားအောင်လို့ပါ။ အရင်ကတော့ ၁ ဇန်နဝါရီကနေစပြီး တစ်ရက်စီ ဖြည့်မယ်ဆိုပြီး အားခဲထားပေမယ့် အကြောင်းအကြောင်းကြောင့် ဆက်မရေးနိုင်တာမို့ ဝိုင်းဝန်းဖြည့်စွက်နိုင်ရင် ပိုကောင်းမယ်ထင်လို့ အကူအညီ တောင်းတာပါ။ ကူညီပေးကြပါဦး။ NinjaStrikers «» ၀၈:၀၇၊ ၂၃ ဧပြီ ၂၀၂၅ (UTC)အကြောင်းပြန်ရန်

Pinging @Zawzawaungthwin, @Salai Rungtoi. NinjaStrikers «» ၁၅:၁၀၊ ၂၆ ဇွန် ၂၀၂၅ (UTC)အကြောင်းပြန်ရန်
yes sir Zawzawaungthwin (ဆွေးနွေး) ၀၁:၄၉၊ ၂၇ ဇွန် ၂၀၂၅ (UTC)အကြောင်းပြန်ရန်
ဖြစ်ရပ်တွေကိုတော့ "နှစ်" ဆောင်းပါးမှာ ပုံမှန်ထည့် ဖြစ်ပါတယ်။​ တစ်ရက်ချင် ဆောင်းပါကိုလည်း ထည့်ဖို့ ကြိုးစားပါမယ်။ Strictly speaking, we need a much-coordinated effort naw Salai Rungtoi (ဆွေးနွေး) ၀၁:၅၈၊ ၂၇ ဇွန် ၂၀၂၅ (UTC)အကြောင်းပြန်ရန်
@Salai Rungtoi ဟုတ်ကဲ့ခင်ဗျ။အချို့သော ဆောင်းပါးတွေကို တည်းဖြတ်မွမ်းမံပြင်ဆင်ပံ့ပိုး ကြတဲ့အခါမှာ ရင်းမြစ်တစ်ခုထဲကို မှီခိုမှုအစား ရင်းမြစ်များများ နဲ့ ဝီကီစံနှုန်းမပျက်စေဘဲ တည်းဖြတ်မွမ်းမံပြင်ဆင်ပံ့ပိုးသွားကြပါ့မယ် ခင်ဗျာ။သတင်းမီဒီယာတွေရဲ့ ဆောင်းပါးတွေအပါအဝင် မူလရင်းမြစ်တွေနဲ့ ထပ်တူနီးပါး ပုံစံတူဖြစ်နေတာမျိုးတွေကိုလည်း ကျနော်တို့ အတတ်နိုင်ဆုံးရှောင်ကြပါမယ်။ပြီးတော့ ဒီကာလမှာ ရင်းမြစ်တွေရှာရတာအင်မတန်ခက်ခဲတာကိုလည််း သိရှိထားပါတယ်ခင်ဗျာ။ အနှစ်ချုပ်ရရင် သက်ရှိ လူပုဂ္ဂိုလ််တွေနဲ့ ပတ်သတ်လာရင် ကျနော်တို့ ညှိနှိုင်းအားထုတ်ပူးပေါင်းဆောင်ရွက်သွားကြပါ့မယ်ခင်ဗျာ။ Zawzawaungthwin (ဆွေးနွေး) ၀၅:၄၀၊ ၂၇ ဇွန် ၂၀၂၅ (UTC)အကြောင်းပြန်ရန်
Thanks, both of you. Cheer! NinjaStrikers «» ၀၃:၅၉၊ ၂၉ ဇွန် ၂၀၂၅ (UTC)အကြောင်းပြန်ရန်

Can we organize online edit-a-thon in thematic topics like women, war, rights etc?

မြန်မာလို ဒီတစ်လော လုပ်လို့ လက်ညောင်နေလို့ အင်္ဂလိပ်လို ရေးလိုက်ပါမယ် :P

ကျနော် wikipedia contribute လုပ်တာ မကြာသေးဘူး။ လက်ရှိ စစ်အစိုးရက record တွေကို ခဏခဏ ဖျက်နေလို့ ၂၀၂၁-၂၀၂၂-၂၀၂၃ က ဟာဆိုရင် တစ်ကဲ့ မြေလှန်ရှာရတယ်။ သတင်းစာ၊ website စသဖြင့် cross-check လုပ်ရတာ ပျော်စရာတော့ ကောင်းပါတယ်။ အထူးသဖြင့် အစိုးရ ဝဘ်ဆိုဒ့်တော်တော်များများက ဝင်လို့ မရနေတာ၊ အက်ဒေ့ မဖြစ်နေတာရယ်။ Myannmar Law Information System ကြီးဆိုရင် out သွားပြီ။


Back to my idea is that I think we should organize thematic topic to improve new content or more content for transparency and accountability as our country is facing သတင်းအမှောင်ချ> စကစက ခန့်နေတို့ ပုဂ္ဂိုလ်ကြီးတော်တော်များများက သူတို့ နောက်ခံ မသိတာ များတယ်. မပွင့်လင်းနေလို့ရယ်၊ public officials တွေရဲ့ info မရှိတာရယ်၊ ပြီးရင် မည်သူမည်ဝါ ဖြစ်ကြောင်း များများရအောင် ကျနော် စိတ်ဝင်စားပါတယ်။

နိုင်ငံရေးဆောင်းပါတွေဆိုရင် များများ ရေးသင့်ပါတယ်။ ရှိပါတယ်။ ဒီ domain ထဲ မရောက်တာရယ်ပါ။ I would love to see a thematic topic edit-a-thon (we can do online)

Salai Rungtoi (ဆွေးနွေး) ၁၃:၃၅၊ ၃ ဇွန် ၂၀၂၅ (UTC)အကြောင်းပြန်ရန်

@Salai Rungtoi, အကြံပြုတာ ကျေးဇူးတင်ပါတယ်။ အရင်တုန်းကတော့ edithon တွေ စီစဉ်ဖူးပါတယ်။ အခုနောက်ပိုင်း မည်သူမည်ဝါက ဘယ်အချက်အလက်တွေ ထည့်သွားတယ်ဆိုတာ သိနိုင်တာကြောင့်ရယ်၊ လုံခြုံရေးအခြေအနေတွေကြောင့် မြန်မာဝီကီအနေနဲ့ အွန်လိုင်း/အော့ဖ်လိုင်းပွဲတွေ မလုပ်သေးဘူးလို့ ဆုံးဖြတ်ထားလို့ပါ။ ဒေသတွင်း ESEAP မိတင်တွေမှာတောင် အခြေအနေအရပ်ရပ်ကြောင့် ဘယ်ပွဲကိုမှ မစီစဉ်ဖြစ်ဘူးဆိုတာကို ပြောဖြစ်ပါတယ်။
သတင်းစာအဟောင်းတွေကတော့ခန့မှန်းရက်စွဲသိရင် Burma Library မှာ ရှာလေ့ရှိပါတယ်။ MLIS က VPN သုံးထားရင် ဝင်လို့မရပါဘူး။ NinjaStrikers «» ၁၅:၁၈၊ ၂၆ ဇွန် ၂၀၂၅ (UTC)အကြောင်းပြန်ရန်
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya