ဦးသစ်လင်းအုန်း(၁၉၆၂ ဖွား) သည် မြန်မာသံအမတ်ကြီးတစ်ဦး ဖြစ်သည်။[၃] [၄] သူသည် စစ်မှုထမ်းအဖြစ်မှ သံအမတ်ကြီး အဖြစ်သို့ ကူးပြောင်းလာသူဖြစ်သည်။ယင်းမတိုင်မီက သူသည် တပ်မတော်ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီး အဖြစ် နောက်ဆုံးတာဝန် ထမ်းသည်။
တပ်မတော်သားဘဝ
သူသည် စစ်တက္ကသိုလ် အပါတ်စဉ်(၂၅)ဆင်း ဖြစ်သည်။တပ်မတော် တွင် နှစ် ၃၀ နီးပါး စစ်မှုထမ်းသည်။၂၀၁၄ခုနှစ် နှစ်ဆန်းပိုင်း တွင် တပ်မတော်ဆေးတက္ကသိုလ်ကျောင်းအုပ်ကြီး အဖြစ် မှ အငြိမ်းယူပြီး နိုင်ငံခြားရေးဝန်ကြီးဌာန သို့ ကူးပြောင်းလာသည်။
သံအမတ်ကြီးဘဝ
သူ့ကို သမ္မတဦးသိန်းစိန် က ၂၀၁၄ ခုနှစ်တွင် တရုတ်နိုင်ငံဆိုင်ရာအထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော မြန်မာသံအမတ်ကြီး အဖြစ် ခန့်အပ်သည်။ ၂၀၁၄ခုနှစ် မေလ ၂၄ ရက်နေ့ မှ ၂၀၁၉ ခုနှစ် ဩဂုတ် ၁၀ ရက်နေ့ အထိ တရုတ်နိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးအဖြစ် တာဝန်ထမ်းသည်။[၅] [၆] ယင်းနောက် သူသည် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ပြောင်းရွှေ့သည်။သမ္မတဦးဝင်းမြင့် က ထိုတာဝန်ကို အပ်နှင်းသည်။ ၂၀၁၉ ခုနှစ် ဩဂုတ် ၂၁ ရက်နေ့တွင် ဖနောင်ပင်မြို့ရှိ ကမ္ဘောဒီးယားနိုင်ငံ ဘုရင်မင်းမြတ် ပရယ်ဘတ် ဆမ်ဒက် ပရယ် ဘိုရိုနစ် နိုရိုဒွန် သီဟာမိုနီထံ သံအမတ်ခန့်အပ်လွှာ ပေးအပ်ခဲ့ပြီး သံအမတ်ကြီးအဖြစ် တာဝန်ထမ်းသည်။[၇] ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက သူ့အား ကမ္ဘောဒီးယားနိုင်ငံမှ ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ်သို့ ပြောင်းရွှေ့ခန့်အပ်သည်။[၈]
ထင်ရှားဖြစ်ရပ်
၂၀၁၅ကိုးကန့်တိုက်ပွဲ အတွင်း တပ်မတော်ဘက်က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည် တရုတ်နိုင်ငံဘက်သို့ ကျရောက်ပေါက်ကွဲကာ ၄ဦးသေ၊၉ ဦးဒဏ်ရာရခဲ့သည့် ဖြစ်ရပ်အား တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန နှင့် သံတမန်အရ ဖြေရှင်းပေးခဲ့ရသည်။ [၉] [၁၀]
ရရှိခဲ့သော ဘွဲ့ထူး
၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၇ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ၎င်းအား ဝဏ္ဏကျော်ထင်ဘွဲ့ အပ်နှင်းသည်။[၁၁]
ကိုးကား
- ↑ ဦးကျော်စိုးမင်းအား ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ်။ MOI Myanmar (၁၃ ဇန်နဝါရီ ၂၀၂၄)။ ၅ မတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ နိုင်ငံခြားရေးဝန်ကြီးဌာန အမိန့်ကြော်ငြာစာ (၃၁၂/၂၀၂၄) လက်ရှိရာထူးနေရာတွင် တစ်နှစ်ဆက်လက်ခန့်ထားခြင်း။ ၂၀၂၄ ခုနှစ်၊ မေလ ၂၄ ရက်ထုတ် အတွဲ (၇၇)၊ အမှတ် (၂၁) ပြန်တမ်းစာစောင် (၁၂ ဧပြီ ၂၀၂၄)။ ၂၈ မေ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ Myanmar ambassador: Youth exchange carries on Myanmar-China friendship။ China.org.cn (31 May 2017)။ 18 December 2023 တွင် ပြန်စစ်ပြီး။
- ↑ H.E. Deputy Prime Minister Prak Sokhonn received a courtesy call from H.E. U Thit Linn Ohn, newly-appointed Ambassador of Myanmar to Cambodia။ Kingdom of Cambodia Ministry of Foreign Affairs& International Cooperation (3 Octomber 2019)။ 18 December 2023 တွင် ပြန်စစ်ပြီး။
- ↑ [http://www.china.org.cn/china/2017-05/31/content_40931339.htm Myanmar Ambassador
Thit Linn Ohn]။ China.org.cn (31 May 2017)။ 18 December 2023 တွင် ပြန်စစ်ပြီး။
- ↑ The Myanmar Ambassador in Beijing။ Embassy of the Repulic of the Union of Myanmar Beijing,China။ 18 December 2023 တွင် ပြန်စစ်ပြီး။
- ↑ သံအမတ်ကြီး ဦးသစ်လင်းအုန်း ကမ္ဘောဒီးယားနိုင်ငံ ဘုရင်မင်းမြတ်ထံ ခန့်အပ်လွှာပေးအပ်။ MYANMAR NATIONAL PORTAL (၂၆ ဩဂုတ် ၂၀၁၉)။ ၁၈ ဒီဇင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ ဦးသစ်လင်းအုန်းအား ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ပြောင်းရွှေ့ ခန့်အပ်။ MOI Myanmar (၁၇ ဒီဇင်ဘာ ၂၀၂၃)။ ၁၈ ဒီဇင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ တရုတ်ဘက် ကျတဲ့ ဗုံးကိစ္စ မြန်မာသံအမတ်ကို ဆင့်ခေါ်ပြောကြား။ VOA Burmese (၁၄ မတ် ၂၀၁၅)။ ၁၈ ဒီဇင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။
- ↑ China protests over 'deadly Myanmar border raid'။ BBC News (12 March 2015)။ 18 December 2023 တွင် ပြန်စစ်ပြီး။
- ↑ ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း၊အမိန့်ကြော်ငြာစာအမှတ် ၂၁၁ / ၂၀၂၂၊ စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့များ ဝဏ္ဏကျော်ထင်ဘွဲ့။ MWD Webportal (၁၇ နိုဝင်ဘာ ၂၀၂၂)။ ၁၈ ဒီဇင်ဘာ ၂၀၂၃ တွင် ပြန်စစ်ပြီး။