တင်ဦး (သံအမတ်ကြီး)
ဦးတင်ဦး (သံအမတ်ကြီး) သည် ဗိုလ်မှူးချုပ်ဟောင်း တစ်ဦးဖြစ်သည်။ ရခိုင်ပြည်နယ်ဆိုင်ရာ စုံစမ်းစစ်ဆေးရေးကော်မရှင် နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် တို့တွင် လည်း တာဝန်များ အသီးသီးထမ်းဆောင်ခဲ့သည်။ သူသည် ၂၀၂၁ စစ်အာဏာသိမ်းပြီး နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ရာထူး နှင့် အရေးကြီးရာထူးများ ခန့်အပ်ခံရသည်။ နိုင်ငံအကြီးအကဲများနှင့် ဝန်ကြီးများ အပါအဝင် ဝန်ကြီးချုပ် များအား သူဦးဆောင်သည့် ကော်မရှင် က အဂတိအမှုများ ဖြင့် တရားလိုလုပ် အမှုဖွင့်ခဲ့၍ သူသည် အထူး ထင်ရှားခဲ့သည်။လက်ရှိတွင် သူသည် မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း (ဗဟို) ၏ ဥက္ကဋ္ဌ ဖြစ်သည်။ [၁] ငယ်ဘဝရန်ကုန်မြို့ တွင်ပင် ကြီးပြင်းခဲ့သည်။ တာမွေမြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း မှ ဆယ်တန်းအောင်သည်။ စစ်တက္ကသိုလ် အမှတ်စဉ် (၁၆) သို့ တက်ရောက်သည်။ ယခင်ရွေးကော် ဥက္ကဋ္ဌ ဟောင်း ဦးသိန်းစိုး ၊ လက်ရှိ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ တို့နှင့် အမှတ်စဉ် တူသည်။ တပ်မတော်သားဘဝသူသည် တပ်မတော်တွင် ဗိုလ်မှူးချုပ် ရာထူး အထိ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ၂၀၀၃ ခုနှစ် နောက်ပိုင်းတွင် စစ်ဘက်မှ အရပ်ဘက် နိုင်ငံခြားရေးဝန်ကြီးဌာန သို့ သံအမတ်ကြီး အဆင့် ဖြင့် ကူးပြောင်းသည်။[၂] ထိုနောက်ပိုင်းကာလ များတွင် သံအမတ်ကြီး အဖြစ် [၃] ဘဝအား ဖြတ်သန်းကာ ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် တွင် တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး အဖြစ်မှ အငြိမ်းစားယူသည်။ [၄] အခြားဘဝဖြတ်သန်းမှုများသံအမတ်ကြီး အဖြစ် အငြိမ်းစားယူပြီးနောက် သူ့ကို သမ္မတဦးသိန်းစိန် က ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် ရခိုင်ပြည်နယ်၊မောင်တောမြို့နယ် ဒုချီးယားတန်းကျေးရွာ နှင့် ဒုချီးယားတန်း(အနောက်)ကျေးရွာ တို့တွင် ဖြစ်ပွားခဲ့သော ကိစ္စရပ်နှင့်စပ်လျဉ်းပြီး စုံစမ်းစစ်ဆေးရေးကော်မရှင် ၏ အဖွဲ့ဝင် အဖြစ် တာဝန်ပေးသည်။[၅] ယင်းနောက် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက် တွင် လာဘ်ပေးလာဘ်ယူပပျောက်ရေးကော်မရှင် အတွင်းရေးမှူး အဖြစ် ဆက်လက် တာဝန် ပေးသည်။[၆] [၇] ထိုကော်မရှင် အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖြစ် ပြောင်းလဲလိုက်သည့် အခါတွင်လည်း အတွင်းရေးမှူး အဖြစ် ဆက်လက် ပါဝင်ခဲ့ကာ ၂၀၁၇ ခုနှစ် နိုဝင်ဘာ လ တွင် အနားယူသည်။[၈] ၂၀၂၁ နောက်ပိုင်းဖြစ်ရပ်များ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် သူ့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၈ ရက် တွင် ပြည်ထောင်စုရာထူးဝန် အဖွဲ့ ၏ အဖွဲ့ဝင် အဖြစ် တာဝန်ပေးသည်။[၉] ထိုတာဝန် အား ရက်ပိုင်း သာ ထမ်းဆောင်ရပြီးနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ၏ ဥက္ကဋ္ဌ အဖြစ် ပြောင်းလဲ ခန့်အပ်ခံရသည်။[၁၀] ထိုသို့ ခန့်အပ်ခံရပြီးနောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပြည်ထောင်စုဝန်ကြီး များ၊ဒုတိယဝန်ကြီး များ နှင့် ဝန်ကြီးချုပ် များအား အဂတိလိုက်စားမှုဥပဒေ များ ဖြင့် တရားလိုလုပ် အမှုဖွင့် တရားစွဲ ခြင်း များအား သူဦးဆောင်သည့် ကော်မရှင် က ဆက်တိုက် ဆောင်ရွက်သည်။[၁၁] [၁၂] ၎င်းတို့ တရားလိုလုပ် အမှုဖွင့်ခဲ့သည့် အမှုအားလုံးဖြင့် အမှုဖွင့်ခံရသူအားလုံး တစ်ယောက်မှ မလွတ်ခဲ့ဘဲ ထောင်နှစ်ရှည် ချခံရသည်။၂၀၂၂ ခုနှစ် ဩဂုတ် ၁၉ ရက် တွင် သူ့ကို ပြည်ထောင်စုစာရင်းစစ်ချုပ် အဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ပြောင်းလဲခန့်အပ်ကာ[၁၃] [၁၄] ၂၀၂၃ ခုနှစ် ဩဂုတ် လ ၂ ရက် တွင် တာဝန်မှ အနားပေးခဲ့သည်။[၁၅] အရေးယူပိတ်ဆို့ခံရမှုသူ့ကို ၂၀၂၁ နောက်ပိုင်း လုပ်ဆောင်ချက်များကြောင့် အမေရိကန်၊ဥရောပသမဂ္ဂ နှင့် အနောက် နိုင်ငံများက အရေးယူဒဏ်ခတ်ပိတ်ဆို့ထားသည်။[၁၆] [၁၇] [၁၈] မိသားစုဘဝသူသည် အိမ်ထောင်သည် တစ်ဦး ဖြစ်ပြီး အောင်ဌေးဦး နှင့် ဇေယျာဦး ဆိုသည့် သား ၂ဦး ထွန်းကားသည်။ ကိုးကား
|
Portal di Ensiklopedia Dunia