သန်လျင် မင်းကျောင်းဆရာတော်
ဘဒ္ဒန္တစန္ဒိမာဘိဝံသ(၁၉၄၇ ဖွား) သည် မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာရဟန်းတော်တစ်ဦးဖြစ်ကာ လက်ရှိ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ ပဉ္စမမြောက် ဥက္ကဋ္ဌဆရာတော်ဖြစ်သည်။[၁] သန်လျင် မင်းကျောင်းဆရာတော်အဖြစ် သိရှိကြသည်။ယင်းမတိုင်မီ က နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။[၂] [၃] ငယ်ဘဝမြန်မာသက္ကရာဇ် ၁၃၀၈ ခုနှစ်၊ တပို့တွဲလဆန်း ၁၄ ရက်၊ အင်္ဂါနေ့၊ ည ၉ နာရီတိတိအချိန် တွင် ရန်ကုန်၊ ကျောက်တန်းမြို့နယ်၊ ဘော်ဂလွတ်ရွာ တွင် ခမည်းတော် ဦးထွေး၊ မယ်တော် ဒေါ်ကြင် တို့က မွေးဖွားခဲ့သည်။ တစ်ဦးတည်းသော သားရတနာဖြစ်ကာ ငယ်နာမည်မှာ မောင်စိုးသိန်းဖြစ်သည်။ ရှင်သာမဏေဘဝအသက် ၁၂ နှစ်သားအရွယ် တွင် အဘိုး၊ အဘွား နှင့် မိဘနှစ်ပါးတို့က ပစ္စယာနုဂ္ဂဟ အဖြစ်လည်းကောင်း၊ ဥပဇ္ဈာယ်ဆရာတော် ဦးဇနိန္ဒ က ဓမ္မာနုဂ္ဂဟ ဖြင့် လည်းကောင်း ချီးမြှောက်ခဲ့မှုဖြင့် သာမဏေအဖြစ် သို့ ရောက်ရှိခဲ့သည်။ ဘွဲ့တော် မှာ ရှင်စန္ဒိမာ ဖြစ်သည်။ စာသင်သားဘဝရှင်စန္ဒိမာ သည် ၁၃၂၄ ခုနှစ်၊ နယုန်လ တွင် အရှင်ကုသလ (သာသနဓဇ ဓမ္မာစရိယ) ၏ အဆက်အသွယ်ဖြင့် ဘော်ဂလွတ် ဆရာတော် ၏ ပို့ဆောင်မှုကြောင့် သန်လျင်မြို့၊ မင်းကျောင်း ပထမပြန်စာသင်တိုက် သို့ ရောက်ရှိခဲ့သည်။ ထို စာသင်တိုက် တွင် ပထမပြန် စာပေများ သင်ကြားအားထုတ်ခဲ့ပြီး ၁၇ နှစ်အရွယ် တွင် ၁၃၂၅ ခုနှစ်၊ တော်လှန်ရေးအစိုးရ ပါဠိပထမပြန်စာမေးပွဲ ပထမငယ်တန်း တစ်ပြည်လုံး ဒုတိယ ဂုဏ်ထူး၊ ၁၃၂၆ ခုနှစ်မှာ ပထမလတ်တန်း တစ်ပြည်လုံး တတိယ ဂုဏ်ထူး နှင့် အောင်မြင်ခဲ့သည်။[၄] ရဟန်းဘောင်သို့ ဝင်ရောက်ခဲ့ပုံရှင်စန္ဒိမာ သည် ၁၃၂၈ ခုနှစ်၊ နယုန်လဆုတ် ၂ ရက် တွင် သန်လျင်မြို့၊ မင်းကျောင်း၊ ပထမပြန် စာသင်တိုက် ခဏ္ဍသိမ်တော် တွင် ဆရာရင်းဖြစ်သူ ဘော်ဂလွတ် ဆရာတော် အား ဥပဇ္ဈာယ်ပြုပြီး ပစ္စယာနုဂ္ဂဟ ဖြင့် ပထမအကြိမ် ရဟန်းအဖြစ်သို့ ရောက်တော်မူသည်။ ၁၃၂၉ ခုနှစ်၊ တန်ခူးလ တွင် ဒုတိယအကြိမ် သိက္ခာတင်ခဲ့ပြီး ၁၃၄၂-ခုနှစ် တပေါင်းလတွင် တတိယအကြိမ် ထပ်မံ သိက္ခာတင်သည်။ အောင်မြင်ခဲ့သည့် စာမေးပွဲများ
နိုင်ငံတော်သံဃမဟာနာယကဆရာတော် ဖြစ်လာပုံလစ်လပ်နေသည့် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့၏ ပဉ္စမမြောက် ဥက္ကဋ္ဌ ဆရာတော်အဖြစ် ၂၀၂၄ ခုနှစ် မတ်လ(၉)ရက်က ကျင်းပခဲ့သည့် အဋ္ဌမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဆဋ္ဌမအစည်းအဝေး ဒုတိယနေ့တွင် ရွေးချယ် တင်မြှောက်ခံရခြင်း ဖြစ်သည်။ မဟာနာယကဥက္ကဋ္ဌလက်ရှိ ဥက္ကဋ္ဌဆရာတော်ဘုရားမှာ သန်လျင် မင်းကျောင်းဆရာတော်ဖြစ်ပါသည်။
ကိုးကား
|
Portal di Ensiklopedia Dunia