သပ္ပုရိသသုတ်
သပ္ပုရိသသုတ် သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် အမျိုး၌ သူတော်ကောင်း ဖြစ်ထွန်းသည်ရှိသော် များစွာသော လူအပေါင်း၏ အကျိုးရှိရန် အစီးအပွားဖြစ်ရန် ဖြစ်ကြောင်းကို ဟောကြားတော်မူခဲ့သည်။[၁] သပ္ပုရိသသုတ်ရဟန်းတို့ အမျိုး၌ သူတော်ကောင်း ဖြစ်ထွန်းသည်ရှိသော် များစွာသော လူအပေါင်း၏ အကျိုးရှိရန် အစီးအပွားဖြစ်ရန် ချမ်းသာရန် ဖြစ်၏။ အမိအဖတို့၏ အကျိုးရှိရန် အစီးအပွားဖြစ်ရန် ချမ်းသာရန် ဖြစ်၏။ သားမယား၏ အကျိုးရှိရန် အစီးအပွားဖြစ်ရန် ချမ်းသာရန် ဖြစ်၏။ ကျွန်အမှုလုပ်တို့၏ အကျိုးရှိရန် အစီးအပွားဖြစ်ရန် ချမ်းသာရန် ဖြစ်၏။ အဆွေခင်ပွန်းတို့၏ အကျိုးရှိရန် အစီးအပွားဖြစ်ရန် ချမ်းသာရန် ဖြစ်၏။ သမဏဗြာဟ္မဏတို့၏ အကျိုးရှိရန် အစီးအပွားဖြစ်ရန် ချမ်းသာရန် ဖြစ်၏။ [၁] ရဟန်းတို့ ကြီးစွာသောမိုးသည် ခပ်သိမ်းသော ကောက်စပါးတို့ကို ကောင်းစွာပြည့်စုံစေသည်ဖြစ်၍ လူများစွာ၏ အကျိုးရှိရန် ချမ်းသာရန် ဖြစ်သကဲ့သို့ ရဟန်းတို့ ဤအတူပင် အမျိုး၌ သူတော်ကောင်း ဖြစ်ထွန်းသည်ရှိသော် များစွာသောလူအပေါင်း၏ အကျိုးရှိရန် အစီးအပွားဖြစ်ရန် ချမ်းသာရန် ဖြစ်၏။ အမိအဖတို့၏ အကျိုးရှိရန် အစီးအပွားဖြစ်ရန် ချမ်းသာရန် ဖြစ်၏။ သားမယား၏ အကျိုးရှိရန် အစီးအပွားဖြစ်ရန် ချမ်းသာရန် ဖြစ်၏။ ကျွန်အမှုလုပ်၏ အကျိုးရှိရန် အစီးအပွားဖြစ်ရန် ချမ်းသာရန် ဖြစ်၏။ အဆွေခင်ပွန်းတို့၏ အကျိုးရှိရန် အစီးအပွားဖြစ်ရန် ချမ်းသာရန် ဖြစ်၏။ သမဏ ဗြာဟ္မဏတို့၏ အကျိုးရှိရန် အစီးအပွားဖြစ်ရန် ချမ်းသာရန် ဖြစ်၏ ဟု (မိန့်တော်မူ၏)။[၁]
ကိုးကား |
Portal di Ensiklopedia Dunia