သဘောဇနသိက္ခာပုဒ်

အမှု—အိမ့်ရှင်မနှင့်အတူ အိပ်ခန်းတွင်း၌ ထိုင်နေမှု

အမှုသည်—ရှင်ဥပနန္ဒ


ရှင်ဥပနန္ဒ အနေအထိုင်မတတ်မှု

ရှင်ဥပနန္ဒသည် လူတုန်းက သူငယ်ချင်းဖြစ်သူ၏ အိမ်သို့ ဆွမ်းခံချိန်သွား၍ ထိုသူ၏ ဇနီးနှင့်အတူ အိပ်ခန်းတွင်း၌ ထိုင်နေလေသည်။ ထိုအခါအိမ်ရှင် ယောက်ျားလည်း အနားလာ၍ ထိုင်ပြီးလျှင် “ကိုယ်တော့အား ဆွမ်းလောင်းလိုက်”ဟု ခိုင်း၍ အိမ်ရှင်မက ဆွမ်းလောင်းပြီးသောအခါ “ကိုယ်တော် ဆွမ်းရပြီးလျှင် ပြန်ပါတော့”ဟု ပြော၏၊ အိမ်ရှင်မကား သူ့ယောက်ျား၏ ကာမစိတ်ဖြစ်ပုံကို ရိပ်မိ၍ “ထိုင်ပါဉုးဘုရား, မပြန်ပါသေးနှင့်”ဟု တား၏၊ ယောက်ျားက ၂-ကြိမ် ၃-ကြိမ်ပြော၍ မရသဖြင့် အိမ်ပြင်ထွက်၍ ရှင်ဥပနန္ဒ၏ အလိုက်မသိတတ်ပုံကို ရဟန်းတို့အား ပြောပြလေသည်။ ထိုအကြောင်းကို ဗုဒ္ဓရှင်တော် ကြားတော်မူရကား ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်

ယော ပန ဘိက္ခု သဘောဇနေ ကုလေ အနုပခဇ္ဇ နိသဇ္ဇံ ကပ္ပေယျ, ပါစိတ္တိယံ။

မြန်မာပြန်

(သားသ္မီးစသည်မရှိဘဲ) သ္မီးခင်ပွန်း ၂-ယောက်ထည်းသာ ရှိသောအိမ်ဝယ်အိပ်ခန်းဖြစ်သော အရပ်၌ ဝင်ကပ်နေထိုင်အံ့၊ ပါစိတ် အာပတ်သင့်၏၊ ဤသိက္ခာပုဒ်ကား အလိုက်မသိမှု အပြစ်တည်း၊]

ကိုးကား

Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya