သမတိတ္ထိကသိက္ခာပုဒ်

သမတိတ္ထိကသိက္ခာပုဒ် (ခမ္ဘကတဝဂ်)

မောက်လျှံနေအောင်ဆွမ်းခံမှု

ဆဗ္ဗဂ္ဂီရဟန်းတို့သည် သပိတ်ပေါ်၌ မောက်လျှံနေအောင် ဆွမ်းခံကြကုန်၏။ (ထိုကဲ့သို့ မောက်လျှံအောင် ဆွမ်းခံခြင်းသည် အလွန်လောဘကြီးရာ ရောက်၏၊ မို့မောက်နေသည့်အတွက် အမြင်လည်းမတော်ချေ။ ထို့ကြောင့်) လူတို့ ကဲ့ရဲ့ ရကား— []

“သမတိတ္ထိကံ ပိဏ္ဍပါတံ ပဋိဂ္ဂဟေသာမီတိ သိက္ခာ ကရဏီယာ”။ ဟု ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

မြန်မာပြန်

သပိတ်၏ အတွင်းနခမ်းရစ်နှင့် ညီမျှရုံသာ ဆွမ်းကိုခံယူအံ့”ဟု အလေ့အကျင့်ကို ပြုရမည်၊ [သပိတ်၌ အတွင်းနခမ်း, အပြင် နခမ်း ဟု ၂-မျိုးရှိ၏၊] အပြင်နခမ်းသည် အတွင်း နခမ်းထက် မြင့်၏။


ထို့ကြောင့် အပြင်နခမ်းနှင့် ညီမျှနေလျှင် ဘေး၌ လျှံကျဘွယ် ရှိသောကြောင့် အတွင်းနခမ်း အရစ်နှင့် ညီမျှရုံသာ ဆွမ်းခံရသည်၊ သပိတ် ဟူရာ၌ အဓိဋ္ဌာန်တင်လောက်သော သပိတ်အစစ်ကို ဆိုလိုသည်၊ ထို့ကြောင့် သပိတ်ပေါ်၌ အခြား ဟင်းခွက်များဖြင့် ထည့်၍ ခံလျှင်၎င်း, သပိတ်ဖုံးပေါ် တင်၍ ခံလျှင်၎င်း အာပတ်မသင့်၊ သပိတ်တလုံး ပြည့်၍ အခြား သပိတ်တလုံးဖြင့် လဲလှယ်ခံလျှင်လည်း၊ အာပတ် မသင့်ပင်။] ခမ္ဘကတဝဂ် ပြီး၏။

ကိုးကား

  1. အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya