သမသူပကပဋိဂ္ဂဟဏသိက္ခာပုဒ်

သမသူပကပဋိဂ္ဂဟဏသိက္ခာပုဒ် (ခမ္ဘကတဝဂ်)

ပဲဟင်းကိုများစွာ ခံယူမှု

ဆဗ္ဗဂ္ဂီရဟန်းတို့သည် ပဲဟင်းကိုများစွာ ခံယူကြကုန်၏၊ [ “ပဲဟင်း”ဟူသည် မပြစ်လွန်း မကျဲလွန်းသောလက်ဖြင့် ကော်ယူလျှင် ရနိုင်လောက်သော ပဲနောက်ဟင်း ပဲကြီးဟင်းတည်း၊ အခြားပဲဟင်းများလည်း ပါဝင်၏-ဟု ဆိုသေး၏၊] ထိုကဲ့သို့ ပဲဟင်းကို များစွာခံယူခြင်းကြောင့် လူတို့ကဲ့ရဲ့ရကား-[]

“သမသူပကံ ပိဏ္ဍပါတံ ပဋိဂ္ဂဟေဿာမီတိ သိက္ခာ ကရဏီယာ”။ဟု ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

မြန်မာပြန်

“တော်လောက်ရုံသော ပဲဟင်းရှိသည်ဖြစ်၍ ဆွမ်းကို ခံယူအံ့”ဟု အလေ့အကျင့်ကို ပြုရမည်။

မှတ်ချက်

ဆွမ်း၏ ၄-ပုံတွင် ၁-ပုံလောက်သာရှိသော ပဲဟင်းကို ဆွမ်းနှင့်ညီမျှ သောပဲဟင်း”ဟုဆိုသည်၊ အိန္ဒိယနိုင်ငံ၌ ပဲဟင်း စားလေ့ရှိသောကြောင့် ပဲဟင်းနှင့်စပ်၍ သိက္ခာပုဒ်တရပ် ပညတ်တော်မူရသည်၊ ထို့ကြောင့် ပဲဟင်းမှတပါး အခြားသော ဟင်းချိုဟင်း ချဉ်ရည်ဟင်း သားဟင်း ငါးဟင်းများကိုကား များစွာ ခံယူသော်၎င်း, လက်ကော်ရပဲဟင်းကိုလည်း ဉာတိတို့ ပစ္စည်းဖိတ်မန်အပ်သူတို့ ပစ္စည်းဖြစ်မူ များစွာခံယူသော်၎င်း အာပတ်မသင့်။

ကိုးကား

  1. အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya