သမ္ဗာဓလောမသိက္ခာပဒ
အမှု—အင်္ဂါဇာတ်အမွေးတို့ကိုနုတ်(ရိတ်)မှု။ အမှုသည်—ဆဗ္ဗဂ္ဂီဘိက္ခုနီများ။ [၁] ဆဗ္ဗဂ္ဂီမများဆဗ္ဗဂ္ဂီရဟန်းတို့၏ ဩဝါဒခံသော ဘိက္ခုနီများကိုလည်း “ဆဗ္ဗဂ္ဂိယာ”ဟုခေါ်၏၊ ထိုဘိက္ခုနီတို့သည် အင်္ဂါဇာတ် မွေးတို့ကို ဖယ်ကြ, နုတ်ကြ, ရိတ်ကြပြီးလျှင် အစီရဝတီမြစ်၌ ရေလဲမပါဘဲ ပြည့်တန်ဆာမတို့နှင့် ရောနှော၍ ရေချိုးကြကုန်၏၊ ထိုအခါပြည့်တန်ဆာမတို့သည် ဘိက္ခုနီတွေကလဲ ကာမဂုဏ်ခံစားသော လူဝတ်ကြောင် မိန်းမများလို အမွေးအမျှင်ကို နှုတ်ကြ, ရိတ်ကြရသတဲ့လား” ဟု ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။ သိက္ခာပုဒ်ယာ ပန ဘိက္ခုနီ သမ္ဗာဓေ လောမံ သံဟရာပေယျ, ပါစိတ္တိယံ။ မြန်မာပြန်အကြင်ဘိက္ခုနီသည် ကျဉ်းမြောင်းသော (ကြိုင်းကြား, အင်္ဂါဇာတ်)အရပ်၌-အမွေးအမျှင်ကို ပယ်ရှားအံ့၊ ထိုဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏။ မှတ်ချက်ကတ်ကျေး, မွေးညှပ်, သင်တုန်းတို့တွင် ဘာနှင့်မျှ မပယ်ရှားရ၊ ဘိက္ခုတို့ပယ်ရှားလျှင် ဒုက္ကဋ်ဟု ခုဒ္ဒကဝတ္ထုခန္ဓက၌ မိန့်၏။ အနာရောဂါရှိ၍ ဆေးမစွဲလျှင် ပယ်ရှားကောင်း၏။ ကိုးကား
|
Portal di Ensiklopedia Dunia