သုသံဝုတသိက္ခာပုဒ်

သုသံဝုတသိက္ခာပုဒ် ၂-ပါး (ပရိမဏ္ဍလဝဂ်)

ဆဗ္ဗဂ္ဂီတို့လက်ဆော့ခြင်း

ဆဗ္ဗဂ္ဂီရဟန်းတို့သည် မြို့ရွာ အတွင်း၌ လက်ဆော့ ခြေဆော့ ဆော့လျက် သွားလာကြ-နေထိုင်ကြကုန်၏၊ လူတို့ကလည်း ကဲ့ရဲ့ကြလေသည်၊ ထိုအကြောင်းကို ဘုရားရှင် ကြားတော်မူ၍...[]

(က) “သုသံဝုတော အန္တရဃရေ ဂမိဿာမီတိ သိက္ခာ ကရဏီယာ။

(ခ) သုသံဝုတော အန္တရဃရေ နိသီဿာမီတိ သိက္ခာ ကရဏီယာ”။

ဟု ဤသိက္ခာပုဒ်တော် ၂-ရပ်ကို ပညတ်တော်မူရလေသည်။

မြန်မာပြန်

လက်ခြေတို့ကို မဆော့(မကစား)ဘဲ ကောင်းစွာ စောင့်စည်းလျက် မြို့ရွာအတွင်း၌ သွားလာမည်, နေထိုင်မည်” ဟူသော အလေ့အကျင့်ကို ပြုကျင့်ရမည်။ [သု = ကောင်းစွာ+ သံဝုတ လက်ခြေတို့ကို စောင့်ရှောက်သူ၊ ဤသိက္ခာပုဒ်တော်အရ မြို့ရွာ အတွင်း၌ လက်ဆော့ ခြေဆော့ မလုပ်ရ။

ကိုးကား

  1. အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya