သံဃာဏိသိက္ခာပုဒ်
အမှု—ခါးကြိုးတန်ဆာကို ဆောင်မှု။ အမှုသည်—ဘိက္ခုနီတစ်ယောက်။ [၁] ခါးကြိုးတန်ဆာဘိက္ခုနီ တစ်ယောက်သည် ဆွမ်းခံနေကျအိမ်မှ မိန်းမတစ်ယောက်က “ဤခါးကြိုးကို မည်သည့် မိန်းမထံပို့ ပေးစမ်းပါ”ဟုပြော၍ ခါးကြိုးတန်ဆာကို ယူလာသောအခါ သပိတ်ထဲ၌ ထည့်ယူသွားလျှင် အမှတ်တမဲ့ လန့်ပြီး အော်မိမှာစိုး၍ (မြွေကလေးနှင့် တူဟန်ရှိသည်)ခါး၌ ဝတ်၍ ယူသွားလေသည်၊ ယာဉ်ရထားတို့ သွားလာရာ လမ်းမသို့ ရောက်သောအခါ ထိုခါးကြိုး ပြတ်သဖြင့် တပ်ထားသော ပတ္တမြားလုံးကလေးတွေ ဖရိုဖရဲကြဲသဖြင့် လူအများ မြင်ကြ၍ “ဘိက္ခုနီတွေဟာ ကာမစည်းစိမ်ခံစားသော လူဝတ်ကြောင် မိန်းမများလို ခါးကြိုးတန်ဆာကို ဆောင်ကြတာဘဲကိုး”ဟု ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော် မူရလေသည်။ သိက္ခာပုဒ်ယာ ပန ဘိက္ခုနီ သံဃာဏိံ ဓာရေယျ, ပါစိတ္တိယံ။ မြန်မာပြန်ခါးကြိုးတန်ဆာကို ဆောင်သော ဘိက္ခုနီမှာ ပါစိတ် အာပတ်သင့်၏။ ခါး၌ဝတ်ဆင်အပ်သောကြိုး သာမက, ခါးပန်းကြိုးရိုးရိုးမှတစ်ပါး အလှပတ်ဖို့ ခါးစည်းကြိုးခါးပတ်ဟူသမျှလည်း ပါဝင်သည်၊ ဘိက္ခုတို့ ဆောင်လျှင် ဒုက္ကဋ်အာပတ်။ ကိုးကား
|
Portal di Ensiklopedia Dunia