အကိတ္တိဇာတ်
တေရသကနိပါတ် -၄၈၀-အကိတ္တိဇာတ် ပစ္စုပ္ပန်ဝတ္ထုဒါနအရာ လွန်ကဲစွာနတ်လူတို့ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရားသည် ဇေတဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သာဝတ္ထိပြည်၌နေသော အလှူဒါယကာတစ်ယောက်သည် ဘုရားအမှူးရှိသော သံဃာကိုပင့်ဖိတ်၍ ခုနစ်ရက်ပတ်လုံး အလှူကြီးကို ပေးလှူ၏။ အဆုံးနေ့၌ ပရိက္ခရာတို့ကို လှူဒါန်း၏။ ထိုအခါ မြတ်စွာဘုရားသည် ဒါယကာအား ပရိသတ်အလယ်၌ အနုမောဒနာပြုသည်ရှိသော် “ဒါယကာ... သင်၏စွန့်ကြဲခြင်းကား များပြားလှ၏၊ အလှူလှူသောအနွယ်မည်သည်ကား ရှေးပညာရှိတို့၏အနွယ်ဖြစ်သည်၊ အလှူမည်သည်ကို လူဖြစ်စေ၊ ရဟန်းဖြစ်စေလှူအပ်သည်သာတည်း၊ ရှေးပညာရှိတို့သည် ရဟန်းပြု၍ တော၌နေသော်လည်း ရေဖြင့်ပြုတ်ဖြောကာ ဆားမပါသော ကံပြင်းရွက်ကိုစားရသော်လည်း ရောက်လာသောအလှူခံတို့အား အလိုရှိတိုင်းပေးလှူ၍ မိမိတို့ကား ပီတိချမ်းသာဖြင့် နေကုန်ဘူးပြီ”ဟု မိန့်တော်မူကာ အောက်ပါအတိတ်ဇာတ်ကိုဆောင်တော်မူသတည်း။ --- အတိတ်ဝတ္ထုစည်းစိမ်ကြည့်ရှု သံဝေပြုလွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ကုဋေရှစ်ဆယ်ကြွယ်ဝသော ဗြာဟ္မဏမဟာသာလမျိုး၌ဖြစ်၏။ သတို့သားအား အကိတ္တိဟုအမည်မှည့်ကြကုန်၏။ ခြေဖြင့်သွားနိုင်သောအခါ နှမကိုဖွားမြင်ပြန်၏။ နှမအား ယသဝတီဟု အမည်မှည့်ကြကုန်၏။ အကိတ္တိသတို့သားသည် အရွယ်သို့ရောက်သောအခါ တက္ကသိုလ်ပြည်သို့သွား၍ အတတ်ပညာသင်ကြားတတ်မြောက်ပြီးလျှင် မိဘတို့ထံပြန်ခဲ့၏။ နောက်အခါ မိဘတို့သည် သေလွန်ကုန်၏။ ထိုအခါ အကိတ္တိသတို့သားသည် သင်္ဂြိုဟ်ခြင်းကိစ္စကိုပြုပြီးလျှင် ဥစ္စာတို့ကိုကြည့်လတ်သော် ဥစ္စာတို့ကား ထင်ရှားရှိကုန်၏၊ ဥစ္စာကိုရှာဖွေဆည်းပူးသောသူတို့ကား သေလွန်ကြပြီ၊ ယူ၍မသွားကြကုန်၊ “ငါကား ယူ၍သွားမည်”ဟု ကြံစည်၍ နှမငယ်ကိုခေါ်ကာ “နှမငယ်... ဤဥစ္စာတို့ကို စီရင်သိမ်းပိုက်လော့”ဟု ပြောဆိုလေ၏။ “မောင်ကြီး မောင်ကြီးတို့ကား အဘယ်သို့ပြုအံ့နည်း”ဟုမေး၏။ “ငါသည် ရဟန်းပြုအံ့”ဟု ပြောလေရာ၊ “မောင်ကြီး... အကျွန်ုပ်သည် မောင်ကြီးတို့ စွန့်ပစ်သောတံတွေးကို ဦးခေါင်းဖြင့် မခံလိုပါ၊ ဥစ္စာကိုအလိုမရှိပါ၊ ရဟန်းပြုပါအံ့”ဟု ပြောဆိုလေ၏။ မောင်နှမတိုင်ပင် ရဟန်းဘောင်ဝင်ထိုအခါ အကိတ္တိသတို့သားသည် ရှိသမျှပစ္စည်းဥစ္စာတို့ကို လှူဒါန်းစွန့်ကြဲပြီးလျှင် နှမငယ်ကိုခေါ်ယူကာ ဗာရာဏသီပြည်မှ ထွက်ခဲ့၏။ ထွက်သောတံခါးသည် အကိတ္တိဟု အမည်တွင်ရစ်၏။ တစ်ဖန်မြစ်ကိုကူးပြန်၏။ ကူးသောမြစ်ဆိပ်သည်လည်း အကိတ္တိဆိပ်ဟု အမည်တွင်ရစ်၏။ နှစ်ယူဇနာ သုံးယူဇနာခန့်ရောက်လျှင် မောင်နှမနှစ်ယောက်လုံး ရသေ့ရဟန်းပြု၍ မွေ့လျော်ဘွယ်ရှိသောအရပ်တွင် ကျောင်းဆောက်၍နေလေ၏။ အကိတ္တိသတို့သား ရဟန်းပြုသောအခါမှစ၍ ရွာနိဂုံးမင်းနေပြည်၌ နေကုန်သောသူတို့သည်လည်း ရဟန်းပြုကြကုန်၏၊ အခြံအရံလည်း အလွန်များ၏၊ ရသောလာဘ်ပူဇော်သက္ကာရလည်း များလှ၏၊ ဘုရားပွင့်သောအခါကဲ့သို့ ဖြစ်လေ၏။ လာဘ်မမြှော်လင့် ထီးတည်းကျင့်အကိတ္တိရသေ့သည် အခြံအရံလာဘ်ပူဇော်သက္ကာရကိုအလိုမရှိ၊ တစ်ယောက်ထီးတည်း ချမ်းသာစွာနေမည်ဟု ကြံစည်လျက် အခါမဲ့၌ အယုတ်သဖြင့်နှမငယ်မျှကိုပင်မသိစေဘဲ တစ်ယောက်ထီးတည်းထွက်ခဲ့ရာ ဒမိဠတိုင်းသို့ရောက်၍ ကာဝိရမည်သော သင်္ဘောဆိပ်အနီးဖြစ်သော ဥယျာဉ်၌နေလျက် ဈာန်အဘိညာဉ်ကို ဖြစ်စေ၏။ များစွာသောပူဇော်သက္ကာရသည် ဖြစ်ပြန်၏။ တစ်ဖန်ပူဇော်သက္ကာရကို စက်ဆုပ်ကာ ကောင်းကင်ခရီးဖြင့်သွားပြန်ရာ နာဂဒီပကျွန်း၏အနီးဖြစ်သော ကာရဒီပကျွန်း (အဟိဒီပ)၌ သက်ဆင်း၍ ကံပြင်းပင်ကြီးကို အမှီပြုလျက် ကျောင်းဆောက်၍နေ၏။ ထိုအရပ်၌ အကိတ္တိရသေ့နေသည်ကို တစ်စုံတစ်ယောက်သောသူမျှ မသိလေ။ နှမဖြစ်သော ယသဝတီလည်း မောင်ကြီးကို မမြင်လျှင် ရှာဖွေလျက်သွားရာ ဒမိဠတိုင်းသို့ရောက်၏။ မောင်ကြီးကိုမတွေ့လျှင် မောင်ကြီးနေရာအရပ်မှာပင်နေလေ၏။ ဈာန်အဘိညာဉ်ကိုဖြစ်စေခြင်းငှါမတတ်နိုင်။ ခြိုးခြံကျင့်ဆောင် သိကြားပူလောင်အကိတ္တိရသေ့လည်း အလိုနည်းသည်ဖြစ်၍ အရပ်တစ်ပါးသို့မသွားဘဲ ကံပြင်းပင်ကြီးသီးသောအခါ အသီးကိုစား၏၊ အသီးမရှိသောအခါ အရွက်ကို ပြုတ်ဖြော၍စား၏ ဆားလည်းမပါ၊ ထိုအခါ အကိတ္တိရသေ့၏သီလတန်ခိုးကြောင့် သိကြားမင်း၏ ပဏ္ဍုကမ္ဗလာကျောက်နေရာသည် ပူသောအခြင်းအရာကိုပြလေ၏။ သိကြားမင်းလည်း ကြည့်ရှုဆင်ခြင်လတ်သော် အကိတ္တိရသေ့ကိုမြင်၍ “ဤရသေ့ကား အဘယ်အကျိုးငှါ သီလကိုစောင့်သနည်း၊ သိကြားမင်းအဖြစ်ကိုတောင့်တသလော၊ သို့တည်းမဟုတ် တစ်ပါးကိုတောင့်တသလော၊ ငြိုငြင်စွာ အသက်မွေးဘိ၏၊ ကံပြင်းရွက်ကို ပြုတ်ဖြော၍စားဘိ၏၊ သိကြားအဖြစ်ကို အကယ်၍တောင့်တအံ့၊ ကံပြင်းရွက်ပြုတ်ကို ငါ့အား လှူလတံ့၊ အကယ်၍မတောင့်တအံ့၊ မလှူလတံ့၊ ငါသိရအောင်စုံစမ်းမည်”ဟု ကြံစည်ကာ ပုဏ္ဏားအသွင်ဖြင့် အကိတ္တိရသေ့ထံသွားလေ၏။ သဗ္ဗညုတဉာဏ် အခြေခံထိုအခါ ရသေ့သည် ကံပြင်းရွက်ပြုတ်တို့ကို စားမည်ဟု ကျောင်းတံခါး၌နေစဉ် သိကြားမင်းကိုမြင်လျှင် “အလှူခံပုဂ္ဂိုလ်ကို ယနေ့မှ မြင်ရပေတော့သည်။ အရတော်ပေစွ”ဟု ဝမ်းမြောက်ဝမ်းသာ ကံပြင်းရွက်ပြုတ်ကို တစ်အိုးလုံးယူကာ “ဤအလှူသည် သဗ္ဗညုတဉာဏ်၏အကြောင်းဖြစ်စေသတည်း”ဟု ဆုတောင်းလျက် မိမိအဖို့မကြွင်းကျန်စေဘဲ အကုန်လှူဒါန်းလေ၏။ သိကြားမင်းလည်း ကံပြင်းရွက်ကိုယူပြီးလျှင် အတန်ငယ်သွား၍ ပျောက်ကွယ်လေ၏။ ရသေ့လည်း တစ်ဖန်ကံပြင်းရွက်ကို ပြုတ်၍မစားတော့ဘဲ ဝမ်းမြောက်ခြင်း ပီတိချမ်းသာဖြင့်သာ နေလေ၏။ ဤသို့လျှင် သုံးရက်မြောက်အောင် လှူ၍ အစာမစားဘဲ ပီတိချမ်းသာဖြင့်သာနေ၏။ ဉာဏ်ကိုရှေးရှု လှူဒါန်းမှုသိကြားမင်းသည် သုံးရက်မြောက်သောအခါ “ဤရသေ့ကား အစာမစားရသော်လည်း အလှူဝတ်ကို မပျက်စေဘဲလှူဒါန်းကာနေ၏၊ ငါကား မည်သည့်အရာကို တောင့်တ၍ လှူဒါန်းသည်ကိုမသိ၊ ငါသိအောင် သွား၍မေးမည်”ဟု မွန်းလွဲလတ်သော် ကြီးစွာသောအသရေဖြင့် ကောင်းကင်၌ရပ်လျက်– “အို-ရသေ့... အဘယ်အရာကို တောင့်တ၍ တစ်ယောက်ထီးတည်း လေနေပူတို့ဖြင့် နှိပ်စက်သောအရပ်၌ ငြိမ်သက်စွာနေဘိသနည်း”— “သိကြားမင်း...တစ်ဖန်ဘဝ၌ ဖြစ်ရခြင်းသည် ဆင်းရဲလှ၏၊ ကိုယ်ခန္ဓာသေဆုံးပျက်စီးရခြင်းသည် ဆင်းရဲလှ၏၊ တွေဝေလျက် သေဆုံးရခြင်းသည် ဆင်းရဲလှ၏၊ သို့အတွက် ငါသည် ငြိမ်သက်စွာနေ၏”— လောဘနိုင်ငံ လက်မခံ
ထိုစကားကို ကြားလျှင် သိကြားမင်းသည် အလွန်ကြည်ညိုသည်ဖြစ်၍ ဆုပေးမည်ဟု ကြံစည်လျက်– ဟု ဖိတ်မန်လေ၏။ ထိုအခါ ရသေ့သည်- “သိကြားမင်း... အကယ်၍ ငါ့အားဆုပေးလိုသည်ဖြစ်အံ့၊ သတ္တဝါတို့သည် သား၊ သမီးမယား၊ ဥစ္စာ၊ စပါး၊ တစ်ပါးဖြစ်သောအလိုရှိရာဥစ္စာတို့ကို ရကုန်သော်လည်း မရောင့်ရဲနိုင်ကုန်၊ ထို့ကြောင့် ထိုလောဘတရားသည် ငါ၌မဖြစ်စေလို”— သူမိုက်ရှောင်ရှား ဆုလိုလားသိကြားမင်းသည် ထိုစကားကို ကြားပြန်လျှင် အဘိုင်းထက်အလွန်ကြည်ညိုသည်ဖြစ်၍ အလိုရှိရာဆုကိုတောင်းပါဟု ဖိတ်မန်ပြန်၏။ ထိုအခါ ရသေ့သည်– “သိကြားမင်း... ငါ့အားအကယ်၍ ဆုပေးလိုသည်ဖြစ်အံ့၊ ဒေါသတရားဖြစ်သည်ရှိသော် လယ်၊ ယာ၊ ငွေ၊ နွား၊ မြင်း၊ ကျွန်အမှုလုပ်တို့ကို ကုန်ခန်းပျက်စီးစေ၏၊ ထိုဒေါသတရားသည် ငါ၌မဖြစ်စေလို– “သိကြားမင်း... အကယ်၍ ငါ့အား ဆုပေးလိုသည်ဖြစ်အံ့၊ သူမိုက်ကိုမမြင်ရလို၊ သူမိုက်ကိုမကြားရလို၊ သူမိုက်နှင့်မပေါင်းဘော်ရလို၊ သူမိုက်နှင့်စကားပြောဟောခြင်းမပြုရလို၊ သူမိုက်ကိုမနှစ်သက်ရလို”— သူမိုက်ကျင့်စင် ကျိုးမမြင်
ထိုအခါ သိကြားမင်းသည် ရသေ့တောင်းသောဆုကို အကျိုးအကြောင်း မေးလို၍– ဟု မေးပြန်၏။ အကိတ္တိရသေ့သည်– “သိကြားမင်း သူမိုက်ကား ပျက်စီးခြင်းကိုဆောင်၏၊ အကျိုးစီးပွားမရှိရာ၌ အမြဲယှဉ်၏၊ မွန်မြတ်သောအားဖြင့် သိနိုင်ခဲ၏၊ ကောင်းစွာပြောဆိုသော်လည်း အမျက်ထွက်၏၊ အာစာရဝိနည်းကိုမသိ၊ ထို့ကြောင့် သူမိုက်ကိုမမြင်ရခြင်းသည် ကောင်း၏”— ပညာရှိတွေ့မြင် တူနေချင်
ထို့နောက်တစ်ဖန် အကိတ္တိရသေ့သည် ပညာရှိတို့နှင့် တွေ့မြင်ပေါင်းဖေါ်လိုသောဆုကို တောင်းလို၍– ဟု ဆုတောင်းပြန်၏။ ထိုအခါသိကြားမင်းသည်- “ရှင်ရသေ့... ပညာရှိသည် ရှင်ရသေ့အား အသို့ပြုသနည်း၊ အဘယ့်ကြောင့် ပညာရှိကိုမြင်လိုသနည်း၊ ကြားလိုသနည်း၊ ပေါင်းဘော်လိုသနည်း၊ စကားပြောလိုသနည်း၊ နှစ်သက်လိုသနည်း”ဟု မေးပြန်၏။ ကောင်းဆိုးညွှန်ရာ ပညာရှိသာ
ထိုအခါ အကိတ္တိရသေ့သည် ပညာရှိနှင့် တွေ့မြင်ပေါင်းဘော်လိုသောဆန္ဒကို ပြောဆိုလိုသဖြင့်– ဟု ပညာရှိ၏အကျိုးစီးပွားများကြောင်းကိုပြောကြားလေ၏။ ထို့နောက် အကိတ္တိရသေ့သည်– “သိကြားမင်း အကယ်၍ငါ့အား ဆုကိုပေးလိုသည်ဖြစ်အံ့၊ ထိုအခါမှ နံနက်နေထွက်သည်ရှိသော် နတ်၌ဖြစ်သောအစာနှင့် အလှူခံပုဂ္ဂိုလ်တို့သည် ထင်ရှားဖြစ်စေလိုကုန်၏၊ ပေးလှူသောငါ့အား မကုန်ခန်းနိုင်စေလိုကုန်၊ ပေးလှူပြီး၍လည်း နောင်တမရှိရလို၊ ပေးလှူဆဲငါသည် စိတ်ကိုကြည်ညိုစေနိုင်ရလို၏”— ကျော်စောမှုလုပ် လွန်စက်ဆုပ်
ထို့နောက်တစ်ဖန် အကိတ္တိရသေ့သည် အခြံအရံလာဘ်ကို မလိုလားသဖြင့်– ဟု ဆုတောင်းပြန်၏။ ထိုအခါသိကြားမင်းသည်– “ရှင်ရသေ့ များစွာကုန်သော ယောက်ျားမိန်းမတို့သည် သင်ရသေ့၏ သီလကျင့်ဝတ်ကြောင့် ဖူးမြင်ခြင်းကို တောင့်တကြကုန်၏၊ သို့ပါလျက် အကျွန်ုပ်ဖူးမြင်ခြင်း၌ အဘယ်ကြောင့် ကြောက်သနည်း”— ဈာန်နှင့်ပျော်ပါး ဗြဟ္မာရွာလား
ထိုအခါ အကိတ္တိရသေ့သည် ခြိုးခြံမှ အန္တရာယ်ကို တားမြစ်ဘွယ်မြင်၍— ဟု သိကြားမင်းလာခြင်း၌ အပြစ်ကို ဖြေကြားပြောဆိုပြန်၏။ ထိုအခါသိကြားမင်းသည် “ရှင်ရသေ့... ကောင်းပြီ၊ ဤနေ့မှစ၍ အရှင်ဘုရားထံ မလာတော့ပါ”ဟု လျှောက်ထားဝန်ခံ၍ ရိုသေစွာရှိခိုးကန်တော့ပြီးလျှင် မိမိနေရာတာဝတိံသာသို့သွားလေ၏။ ရသေ့လည်း အသက်ထက်ဆုံး ထိုအရပ်၌နေ၍ ဗြဟ္မဝိဟာရတရားကိုပွားကာ သေလွန်သောအခါ ဗြဟ္မာပြည်သို့လားလေ၏။ --- ဇာတ်ပေါင်းဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သောဝတ္ထုတို့ကို အနုသန္ဓေဆက်စပ်တော်မူလျက်–
ဟု ဇာတ်ကိုပေါင်းတော်မူသတည်း။ --- ဆောင်ပုဒ်(၁) မရောင့်ရဲကြ၊ လိုတိုင်းရ၊ လောဘကင်းစေလို။ ကိုးကား
|
Portal di Ensiklopedia Dunia