အင်ဂျန်းယန်မြို့
အင်ဂျန်းယန်မြို့ သည် မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ အင်ဂျန်းယန်မြို့နယ်တွင် တည်ရှိသည်။ စတည် ဖြစ်ပေါ်လာပုံအင်ဂျန်းယန် မှာ ရှမ်းဘာသာဖြင့် အင်ဂျန်း = အင်ဂျန်းဒူးဝါ၊ ယန် = မြေပြန့် ဟု အဓိပ္ပာယ်ရ၍ အင်ဂျန်းဒူးဝါး တည်ခဲ့သည့်မြေပြန့် ဟု ဆိုနိုင်သည်။ [၂] အင်္ဂလိပ်မအုပ်ချုပ်မီက ဒူးဝါးများက နယ်မြေပိုင်းခြား အုပ်ချုပ်ခဲ့သည့် ဒေသဖြစ်သည်။ ၁၉၂၀ ပြည့်နှစ်တွင် အင်္ဂလိပ်တို့ တောင်တြိဂံနယ်မြေ (ဒေသအခေါ် မလိအင်မိုင်ဝလောင်၊ ယခု အင်ဂျန်းယန်) သို့ ဝင်ရောက်လာကာ ဆွမ်ပရာဘွမ်ဆောင် တောင်တန်းဝန်ထောက်၏ လက်အောက်တွင် အင်ရော်ကောင် တောင်အုပ်နှင့် အင်ဂျန်းယန် တောင်အုပ် ဟူ၍ တောင်အုပ်နှစ်ဦးခန့်ကာ အုပ်ချုပ်ခဲ့သည်။ ထိုစဉ်က ရွာငယ် (၃၉၄) ရွာ၊ ကျေးရွာအုပ်စု (၁၀၀) ရှိခဲ့ကြောင်း သိရသည်။ တော်လှန်ရေးကောင်စီလက်ထက် ၁၉၆၅ ခုနှစ်၊ အောက်တိုဘာ (၁) ရက်တွင် မြို့နယ်အဆင့် သတ်မှတ်ခဲ့သည်။ ရုံးများကို ယခင် တောင်အုပ်ရုံးစိုက်ရာ အင်ဂျန်းယန်ရွာတွင် ဖွင့်ပြီး အင်ဂျန်းယန်မြို့ဟု ခေါ်စေသည်။ ထင်ရှားသည့် နေရာများငေါ့ဘွမ် တောင်မြို့မြောက်ဘက်တွင်ရှိပြီး အမြင့် (၄၅၀၀) ရှိ ကျောက်တောင်ဖြစ်သည်။ အခြားတောင်များနှင့် မတူဘဲ တောင်နှစ်လုံးပိုင်းလျက် ရှိသည်။ ဘွမ်ဘာ့ဘွမ် တောင်မြို့အရှေ့ဘက်တွင်ရှိပြီး အမြင့်ပေ (၂၈၉၆) ရှိသည်။ ထောင့်မှန်တြိဂံ ထောင်ထားသကဲ့သို့ တစ်ဖက်တွင် အလွန်မတ်စောက်သော်လည်း ကျန်တစ်ဖက်မှာမူ အခြေမှ တောင်ထိပ်အထိ အလွယ်တက်နိုင်သည်။ ဘွမ်လန်ဘွမ် တောင်အမြင့်ပေ (၅၄၀၅) ရှိပြီး တောင်စခန်းပြုလုပ်ရန် သင့်တော်သည်။ တောင်ခြေမှ တောင်ထိပ်အထိ တည်ရှိပုံပြေပြစ်ပြီး ထင်ရှူးပင်များ ပေါက်ရောက်နေသည်။ စိုင်၊ သမင်၊ ဒရယ် စသည့် တိရစ္ဆာန်များ ကျက်စားသည်။ ကိုးကား
ပြင်ပလင့်ခ်များ
|
Portal di Ensiklopedia Dunia