လွယ်ဂျယ်မြို့
လွယ်ဂျယ်မြို့ သည် မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်ရှိ မြို့တစ်မြို့ ဖြစ်ပြီး တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ လုံးချွန်းကောင်တီနှင့် နယ်နမိတ် ထိစပ်လျက်ရှိသည်။ စစ်အစိုးရလက်ထက် ၂၀၀၂ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သော အိမ်နီးချင်းလေးနိုင်ငံနှင့် ကုန်သွယ်ဂိတ် ၁၀ ခုတွင် တစ်ခုအပါအဝင် ဖြစ်သည်။[၂] လမ်းပန်းဆက်သွယ်ရေး၂၀၀၆ ဒီဇင်ဘာလတွင် ပြီးစီးခဲ့သော တရုတ်အကူအညီဖြင့် ခင်းသော မိုးမောက်မြို့နှင့် ဆက်သွယ်ထားသည့် ၇၆ ကီလိုမီတာရှိ ကျောက်ခင်းလမ်းကြောင့် နယ်စပ်ကုန်သွယ်မှုများ သုံးဆခန့် တိုးတက်လာခဲ့သည်။ ထိုလမ်းကြောင့် ဧရာဝတီမြစ်ကမ်းရှိ ဗန်းမော်မြို့မှ တရုတ်နယ်စပ်သို့ ၁၀ နာရီကြာ ခရီးအား ၃ နာရီအထိ လျော့ချနိုင်ခဲ့သည်။[၃] စီးပွားရေးတရုတ်နိုင်ငံသို့ သစ်သီးများ၊ ပဲ၊ ဆန်နှင့် ကြက်သွန်နီများ တင်သွင်းကာ လျှပ်စစ်ပစ္စည်းများ၊ အထည်အလိပ်များနှင့် စားသောက်ကုန်များကို ပြန်လည် တင်သွင်းသည်။ သို့သော်လည်း ရှမ်းပြည်နယ်၊ မူဆယ်မြို့ ကုန်သွယ်မှုနှင့် စာလျှင် အနည်းငယ်မျှသာ ဖြစ်သည်။[၃] စစ်အစိုးရနှင့် ဝပြည် သွေးစည်းရေး တပ်မတော်၊ ကချင်ပြည်ဒီမိုကရေစီသစ် တပ်မတော်တို့နှင့် အပစ်အခတ်ရပ်စဲရေးကို ၁၉၈၉ ခုနှစ်တွင် လည်းကောင်း၊ ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အို)နှင့် ၁၉၉၄ တွင် လည်းကောင်း လက်မှတ်ရေးထိုးခဲ့ပြီးနောက်တွင် တရုတ်နိုင်ငံသို့ သစ်ကုန်သွယ်မှုများ ရုတ်ခြည်းတိုးတက်လာခဲ့သည်။ အစောပိုင်းတွင် သစ်ထုတ်လုပ်ခွင့်ရရှိထားသော ထိုင်းကုမ္ပဏီများအား စည်းကမ်းချိုးဖောက်ကာ သစ်ပိုမိုထုတ်လုပ်မှုကြောင့် ဂေဟစနစ်များ ဆုံးရှုံးပျက်စီးခဲ့သည့်အတွက် ၁၉၉၃ ခုနှစ်တွင် ယင်းကုမ္ပဏီများအား သစ်ထုတ်လုပ်ခွင့် ရုပ်သိမ်းခဲ့သည်။[၄] လွယ်ဂျယ်ဒေသတွင် ကျောက်မီးသွေးတွင်းများ ရှိနိုင်သည်ဟုလည်း ဆိုသည်။[၅] ကိုးကား
ပြင်ပလင့်ခ်များ
|
Portal di Ensiklopedia Dunia