ဝိုင်းမော်မြို့
ဝိုင်းမော်မြို့သည် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြစ်ကြီးနားခရိုင်ရှိ မြို့နယ်တစ်ခု ဖြစ်သည်။ မြစ်ကြီးနားမြို့၏ တစ်ဖက်ကမ်း ၆ မိုင်ခန့်အကွာ ဧရာဝတီမြစ်ကမ်းဘေးတွင် တည်ရှိသည်။ ရှမ်းလူမျိုးများ နေထိုင်ခဲ့သော်လည်း ယခုမူ မရူး (လော်ဝေါ်) လူမျိုးအများစုနေထိုင်ကြသည်။ မူလရှမ်းအမည်မှာ ဝိန်းမော်ဖြစ်သည်။ ဝိန်းသည် အကာအရံတံတိုင်း၊ မော်သည် အသစ်၊ ထို့ကြောင့် တံတိုင်း ကာရံထားသောမြို့သစ် ဟုအဓိပ္ပာယ် ရသည်။ မရူး (လော်ဝေါ်) အမည်မှာ နိန်မောဝ် ဖြစ်သည်။ ၂၀၁၄ ခုနှစ်စာရင်းအရ ၎င်းတွင် လူဦးရေ ၂၁,၉၆၉ ဦးရှိသည်။[၂] သမိုင်းကြောင်းမြန်မာဘုရင်များခေတ်က ဝိုင်းမော်မြို့သည် မိုးကောင်းစော်ဘွားနယ်နှင့် တရုတ်ပြည် ကုန်သွယ်ရာဆိပ်ကမ်းဖြစ်ပြီး ဖွံဖြိုးစည်ကားခဲ့သည်။ ၁၇၆၉တွင် ဝိုင်းမော်မှနေ၍ မြစ်ကိုကူးရန် ကျောက်တုံးတံတား ထိုးနေသော မန်ချူးတပ်များကို အမြောက်ဝန် နေမျိုးသီဟဦးဆောင်သော တပ်များက ကျွန်းပင်သာ(မြစ်ကြီးနား)မှ တိုက်ခိုက်တားဆီး နိုင်ခဲ့သည်။ ၁၈၁၀ တွင် ဝိုင်းမော်မြို့စားနှင့် ရှမ်းများ စုပေါင်းပုန်ကန်ကြသဖြင့် ဗန်းမော်ဝန်သည် အလုံးအရင်းဖြင့် နှိမ်နှင်းခဲ့ရာ ဝိုင်းမော်မြို့ပျက်စီးခဲ့သည်။ လမ်းပန်းဆက်သွယ်ရေးမြစ်ကြီးနား-ထိန်ချုံးလေးလမ်းသွားလမ်းမကြီးသည် ဝိုင်းမော်မြို့ကို ဖြတ်သွားသည်။ မြစ်ကြီးနားမှ ဆဒုံး၊ ချီဖွေ၊ လောခေါင်စသည်များသို့ သွားလိုလျှင်လည်း ဝိုင်းမော်မြို့ကို ဖြတ်ရသည်။ မြစ်ကြီးနား-လိုင်ဇာ - ဗန်းမော်-နမ့်ခမ်း ကားလမ်းသည်လည်း ဝိုင်းမော်မြို့ကိုဖြတ်သွားသည်။ ကိုးကား
|
Portal di Ensiklopedia Dunia