ကချင်လူမျိုး
ကချင်လူမျိုးများသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရှိ တိုင်းရင်းသားများထဲမှ တိဗက်-ဗမာ ဘာသာစကားပြောအုပ်စုဝင်လူမျိုးနွယ်ဖြစ်သည်။ ![]() ကချင် အုပ်စုကွဲများဂျင်းဖော (ဂျိန်းဖော/ဂျိန်ဖော့/ဂျိမ်းဖော) ဆိုသော စကားမှာ ယေဘုယျအားဖြင့် ကချင်များကို ခေါ်ဝေါ်သော်လည်း ဒေသအလိုက်ဆိုလျှင် တောင်ဘက် အောက်ဘက်တွင် နေထိုင်ကြသော ကချင်များကို ခနာမ်(Hkap Nam)ဟု ခေါ်၍ အထက်ဘက် (မြစ်ဖျားဘက်) တွင် နေထိုင်သော ကချင်များကို “ ခခူး(Hkap Hku) ” ဟု ခေါ်ကြသည်။ ခခူး ဟူသော ကချင်စကားမှာ မြစ်ဖျားဟု အဓိပ္ပာယ် ရလေသည်။ ကချင်လူမျိုးတို့၏ အစဉ်အလာအားဖြင့် သူတို့သည် “ ဝချက်ဝ ” ဆိုသော ရှေးဦး ဖခင်ကြီးမှ ဆင်းသက် ပေါက်ဖွားလာကြသည်ဟု ယုံကြည်ကြသည်။ ဖခင်ကြီး ဝချက်ဝမှာ သားငါးဦးရှိရာ ထိုသားငါးဦးမှ ကြီးစဉ်ငယ်လိုက် ထင်ရှားသော လူမျိုး အုပ်စုကြီး (၅) ခု ဖြစ်ပေါ်လာသည်ဟု အဆိုရှိသည်။ ထိုသူတို့မှာ
ကချင်တို့၏ မူလဇစ်မြစ်ကချင်လူမျိုးတို့မှာ တိဗက်အနွယ်ဝင်များ ဖြစ်ကြသည်။ သူတို့၏ မူရင်းဒေသမှာ မဂျွိုင်းရှင်ရာဘွန်( Majoi Shingra Bum) ဖြစ်သည်ဟု မိရိုးဖလာ မှတ်သားထားကြသည်။ ထိုစကား၏ အဓိပ္ပာယ်မှာ သဘာဝအားဖြင့် ပြန့်ပြူးနေသော တောင်ထိပ်ဖြစ်သည်။ ဤပြန့်ပြူးနေသော တောင်ထိပ်မှာ တိဗက်ပြည် အရှေ့ဘက်နှင့် စီချွန်နယ် အကြားရှိ ကုန်းမြင့်ဒေသပင် ဖြစ်ဟန်တူပေသည်။ ရွှေ့ပြောင်းနေထိုင်လာပုံကချင်မျိုးနွယ်တို့သည် တိဗက်-ဗမာ အနွယ်ဝင်များအနက် မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းသို့ နောက်အကျဆုံး ဝင်ရောက်လာသည့် လူမျိုးစုဖြစ်သည်ဟုခန့်မှန်းရသည်။ ထိုသို့ဝင်ရောက်ရာတွင် မြန်မာ(ဗမာ)အများစုကဲ့သို့ အရှေ့ဘက် ရှမ်းပြည်နယ် မြောက်ပိုင်း နှင့် အနောက်ဘက် စစ်ကိုင်းတိုင်း အနောက်ဘက် ဒေသများမှ ဝင်ရောက်လာခြင်းမျိုး မဟုတ်ပဲ မြောက်ဘက်စူစူးမှ ဝင်ရောက်လာသည်ဟုဆိုကြသည်။ ထိုဒေသမှာ တောတောင်ထူထပ်သည့်အတွက် အုပ်စုများအကြား အချင်းချင်း ဆက်သွယ်မှု နည်းပါးခဲ့ကြသည့်အတွက် လူမျိုးစုများ၊ ဘာသာအယူအဆများ နှင့် ယဉ်ကျေးမှုဆိုင်ရာများ ပါ အနည်းနှင့်အများ ဆိုသလိုကွဲပြားခဲ့ကြရသည်။ ကချင်မျိုးနွယ်စုများအတွင်း လူဦးရေအများဆုံးမှာ ဂျိန်ဖော် ဖြစ်သည်။ တောင်ဘက် ဒေသများသို့ ရွှေ့ပြောင်းလာကြရာတွင် ကချင်တို့သည် တရုတ်၊ မြန်မာ၊ တိဗက်နှင့် အာသံပြည်တို့၏ နယ်စပ်များ ဆုံရာ တောတောင် ထူထပ်လှသော ဒေသတဝိုက်သို့ ရောက်ရှိလာပြီးနောက် ထိုဒေသမှ အခွင့်သာလျှင်သာသည့်အလျှောက်တောင်ဘက် မြန်မာနိုင်ငံအတွင်းသို့ တဖြည်းဖြည်း ရွှေ့ပြောင်းလာခဲ့ကြဟန်တူသည်။ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ခဲ့ပြီးနောက် တြိဂံနယ်မြေ (မေခနှင့် မေလိခ မြစ်နှစ်သွယ် စပ်ကြားရှိ သုံးထောင့်ဒေသ) သို့ ရောက်သောအခါတွင် ရှေ့သို့ ဆက်လက် ရွှေ့ပြောင်းခြင်း မပြုပဲ ကာလအတန်ကြာ အခြေစိုက်ခဲ့ကြဟန်တူသည်။ မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိပြီးနောက် တောင်တန်းများတလျှောက် တောင်ဘက် ဆွမ်ပရာဘွမ်သို့၊ ဆွမ်ပရာဘွမ်မှသည် တောင်ဘက် တောင်ရိုးအတိုင်း၎င်း၊ အနောက်တောင်ဘက် ဒရုချက်သို့၎င်း၊ ထပ်မံခွဲသွားသည့် လမ်းတစ်သွယ်၊ တြိဂံနယ်အတွင်းရှိ တောင်တန်းအတိုင်း ဆက်လာ၍ မေခမြစ်ရိုးတစ်လျှောက် တောင်ဘက်သို့ ဆင်းလာသည့် လမ်းတစ်သွယ် ဤသို့ လမ်းနှစ်သွယ် ကွဲပြားကာ ရွှေ့ပြောင်း ပျံ့နှံ့ခဲ့ကြသည်ဟု ယူဆကြလေသည်။ အမည်ကချင်ဟူသော ဝေါဟာရမှာ အမှန်စင်စစ် မြန်မာတို့ခေါ်သော ဝေါဟာရသာ ဖြစ်သည်။ ကချင်လူမျိုးတို့၏ ဝေါဟာရ မဟုတ်ချေ။ ကချင်လူမျိုးများသည် မိမိတို့ကိုယ် မိမိ “ ဂျိန်းဖောလူမျိုး ” ဟုသာ ခေါ်ဝေါ်ကြသည်။ တရုတ်တို့ကမူ ကချင်တို့ကို “ ဂျင်ဖော့ဆူ ” ဟု ခေါ်ကြသည်။ အဓိပ္ပာယ်မှာ “ ဂျိန်းဖော့လူမျိူး” ဟု ရရှိသည်။ တောင်ထိပ်သား ဟု အဓိပ္ပာယ်ရသည်။ အလွန်ရှေးကျသော မြန်မာ ကျောက်စာများတွင် ကချင် ဆိုသောစကား သုံးနှုန်းထားသည်ကို မတွေ့ရပေ။ သက္ကရာဇ် (၈၀၄) ခုတွင် ရေးထိုးသော ညောင်ဦး ရွှေစည်းခုံ ဥညံနဝ ကျောက်စာတွင် “ကခြင်” ဟု ရေးထိုးထားသည်ကို ပထမဦးဆုံး တွေ့ရှိရသည်။သို့သော် မြန်မာဘုရင် အမရပူရ ပထမနန်းတည်မင်းလက်ထက် အိမ်ရှေ့မင်းကြီး ျောက်စာ တွင် ပြည်မြန်မာ ရှိ တိုင်းငယ် ပြည်ငယ် တို့ ကို မှတ်တန်းတင်ခဲ့ရာ ယနေ့ ကချင်ပြည် ကို ကိခိရဌတိုင်း ဟုခေါ်ဆိုခဲ့ပြီး ကချင် လူမျိူး တို့ကို လည်း "သိန်းပါ" "Theinbaw" ဟူ၍ ေါ်ဆိုခဲ့ကြသည်။ စစ်သူကြီး မဟာဗန်ဒူလ အာသံသို့ စစ်ချီတတ်သာအခါ မိုးကောင်းအထက်မှ ောင်စား ော်ဘွား ဒူဝါကြီး များကို ဒူဝါ ဒိုင်ဖာ့ဂမ် ဆိုသူ က ဦဆောင်းပြီး အာသံဘုရင် ကို နိမ့်နင်ရာ၍ ပါဝင်ခဲ့သည်။ဟူးကောင်းပြည် အပိုင်စား ဒူဝါ ဒိုင်ဖာ့ဂမ် ဆိုသူမှာ မြန်မာသမိုင်း တွင် ော်ပြခံရသော ဗိုလ် ေမျိုးသိန်းပရာဇာဖြစ်သည်။ ရိုးရာဓလေ့နှင့်ယဉ်ကျေးမှုရိုးရာဓလေ့နှင့်ယဉ်ကျေးမှု
မနောပွဲမနောပွဲတော်ကို မြန်မာပြည်တွင် မှီတင်းနေထိုင်သည့် လူမျိုးများစွာမှ လူမျိုးတစ်မျိုးဖြစ်သာ ကချင်လူမျိုးများ နှင့် ယှဉ်တွဲသိရှိကြသည်။ အဆိုပါ မနောပွဲသည် ထင်ရှားသော ပွဲတော်တစ်ခုဖြစ်သည်။ ပွဲတော်ကို နှစ်စဉ် ကချင်ပြည်နယ်တစ်ခုလုံးကျင်းပလေ့ရှိသည်။ ပွဲတော်ကျင်းပရခြင်းရည်ရွယ်ချက် (၃) ခုရှိသည်။ နှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် ကျင်းပခြင်း၊ တိုက်ပွဲများကိုအောင်နိုင်ခြင်းနှင့် လူမျိုးစုပြန်လည် စည်းလုံးညီညွတ်ရေးအတွက် ကျင်းပခြင်းဟူ၍ ဖြစ်သည်။ မနောပွဲတော်ကို ကျယ်ဝန်းသော ကွင်းပြင်အလယ်တွင် မနောတိုင်ထောင်ထား၍ကျင်းပသည်။ အဆိုပါ မနောတိုင်ထောင်ထားရာကွင်းလယ်သို့ ရိုးရာဝတ်စုံများ ဝတ်ဆင်ထားသော ကချင်အမျိုးသားအမျိုးသမီးတို့သည် သံစဉ်အလိုက် စီးမျေားလှည့်ပတ်ကခုန်ကြသည့် ပျော်ရွှင်ဖွယ်ရာ ပွဲတော်တစ်ခုဖြစ်ပေသည်။ အဆိုအကနှင့် တူရိယာများကချင်လူမျိုးများသည် ကခုန်ခြင်း(ကချင် အကကို... ကိုယ်ရည်သွေးအကဟုလည်း ခေါ်ဆိုနိုင်ပေသည်။ ပြည်အက။ ၁၃၇။)၊ သီဆိုခြင်းများတွင် အထူး ဝါသနာထုံသော လူမျိုးများ ဖြစ်ကြသည်။ မင်္ဂလာပွဲများတွင်၎င်း၊ အသုဘကြုံသည့်အခါတွင်၎င်း၊ အခြားနတ်ပွဲများတွင်၎င်း အစုလိုက် အပြုံလိုက် သီဆိုကခုန်လေ့ ရှိကြသည်။ တစ်ယောက်တည်း ကခုန်ခြင်းကား နည်းပါးလှသည်။ ယောက်ျားနှင့်မိန်းမ တွဲဖက်၍ ကကြသော်လည်း တစ်ဦးကိုတစ်ဦး ကိုင်တွယ်ခြင်း မရှိကြချေ။ တစ်ဦးကိုတစ်ဦး သားမွေးယပ်တောင်များဖြင့်သာ ဆက်သွယ်လေ့ ရှိကြသည်။ ကချင်ပြည်နယ်တွင် ထင်ရှားကျော်ကြားလှသော ပွဲတော်ကြီးတစ်ခုမှာ မနောပွဲ(Manau)ခေါ် နတ်ပူဇော်ပွဲကြီးပင် ဖြစ်သည်။ ကချင်လူမျိုးတို့သည် မိရိုးဖလာအားဖြင့် မောင်း(Bau)၊ လင်းကွင်း(Shuksheng)၊ ဗုံရှည်(Htawng)နှင့် ပလွေ[ထူရန်(Htu Ren),ပေါင်(Pau),ဒွန်ဘာ(Dumba),ပီးလန်(Pilang)တို့ကို တီးမှုတ်လေ့ရှိသည်။ ကချင်အမျိုးသားတို့၏ ယဉ်ကျေးမှုတွင် ကချင်ဓါးနှင့်မောင်းသည် အလွန်အရေးပါသော အိမ်ထောင်ပစ္စည်းတစ်ခု ဖြစ်သည်။ ကချင်မနောပွဲတွင် မောင်းသည် ကချင်အမျိုးသားတို့၏ ခြေလှမ်းညီအောင် စိတ်ထားတူအောင် ညီညွတ်ရေး စည်းကမ်းသင်ကြားပေးသကဲ့သို့ ကချင်အမျိုးသမီး၊ အမျိုးသားတို့ ထိမ်းမြားမင်္ဂလာ လက်ထပ်ရာတွင်လည်း မောင်းသည် လက်ဆောင်လက်ဖွဲ့ကောင်း တစ်ခုအဖြစ် ပါဝင်သည်။ [၅] ဘာသာအယူဝါဒနှင့် စာပေဘာသာကချင်မျိုးနွယ်စုအသီးသီးတွင် ယခင်က(လွန်ခဲ့သော နှစ် ၁၀ဝကျော်) ဘာသာစကားတို့သာရှိခဲ့ပြီး စာပေမှာမူမရှိခဲ့ပေ။ ကိုးကွယ်မှုဆိုင်ရာ အနေဖြင့် ခရစ်ယာန်သာဿနာပြုများမရောက်မှီအချိန်အထိ နတ်ကိုးခြင်းသည်သာ အဓိက ကိုးကွယ်မှုဖြစ်ခဲ့ကြသည်။ ထို့ကြောင့် ခရစ်ယာန်ဘာသာဝင်များ ဖြစ်လာကြသည့်တိုင် မနောတိုင်မှာ ထင်ရှားသည့် ရိုးရာအမှတ်အသားအဖြစ် ကျန်ရှိနေဆဲဖြစ်သည်။ အယူဝါဒကချင်လူမျိုးများ သေလျှင် သူတို့ သင်္ချိုင်း ပတ်ပတ်လည်တွင် ကျုံးသဖွယ် မြောင်းများ တူးထားပြီးလျှင် သင်္ချိုင်းပေါ်တွင် ခိုင်ခန့်သော တင်းကုတ်များ ဆောက်လုပ်ကာ အမိုးမိုး၍ ထားတတ်ကြသည်။ သူတို့သေပြီးနောက် ဝိညာဉ်များမှာ ရှေးအဘိုးအဘွားများ၏ ဝိညာဉ်များ ရှိရာသို့ သွားရောက် ပူးပေါင်းကြသည်ဟု အယူရှိကြသည်။ ကချင်တစ်ဦးသေလျှင် သူနေ့စဉ် သုံးလေ့သုံးထရှိသော ဓား၊ လှံ၊ သေနတ်နှင့် အဝတ်အစားများကို သူနှင့်အတူ မြှုပ်နှံလေ့ရှိသည်။ စာပေကချင်စာပေသည်လည်း အချို့သော တိုင်းရင်းသားစာပေတို့နည်းတူပင် (ဥပမာ ချင်းစာပေ) သာသနာပြုရောက်ရှိလာသော ဆရာကြီးများက ရိုးရာအသံထွက်စနစ်ကိုရေးသားနိုင်ရန် လက်တင်အက္ခရာများ(Latin Alphabets)အသုံးပြုပြီး တီထွင်ဖော်ထုတ်ပေးခဲ့ခြင်းဖြစ်သည်။(Latin-based script)လက်တင်စာအခြေခံသော စာပေအမျိုးအစားဖြစ်သည်။ ကချင်စာပေ နှစ်ရာပြည့်ပွဲကို မကြာမြင့်မီက မန္တလေးမြို့တွင်စုရုံး၍ ကချင်ရိုးရာ မနောအက ထောင်ကာအကများပါဝင်ပြီး ကြီးကျယ်စွာကျင်းပခဲ့သည်။ မြစ်ကြီးနားမြို့တွင် ဒေါက်တာ အိုလာဟန်ဆင်း အားဂုဏ်ပြုမှည့်ခေါ်ထားသော ဟန်ဆင်းပရက်စ် အမည်ဖြင့်ပုံနှိပ်တိုက်လည်းတည်ရှိသည်။ ထင်ရှားသော ကချင်လူမျိုးများ
"ရှင်ဗွေဂမ် မာရသွန် အရှေ့တောင်အာရှချန်ပီယံ အားဖူ မာရသွန် မြန်မာ့ ချန်ပီယံ။
ကိုးကား
|
Portal di Ensiklopedia Dunia